ကိုယ့်စိတ်ကလေးက ကိုယ့်ရဲ့အပိုင်ဆိုပေမယ့် ပြင်ပပတ်ဝန်းကျင်မှာ ဖြစ်ပျက်နေတဲ့အရာတွေ၊ ကြားနေရတဲ့အသံတွေ၊တစ်စုံတစ်ယောက်ရဲ့ အပြုအမူတစ်ခု၊ စကားတစ်ခွန်းလို ရိုက်ခတ်မှုသေးသေးလေးတွေက ကိုယ့်စိတ်အေးချမ်းမှုကို အနည်းနဲ့အများ သက်ရောက်မှုရှိသွားတာကို လူအများစု ကြုံဖူးကြမှာပါ။ ဘာကြောင့် ပြင်ပအရာတွေက ကိုယ့်စိတ်ကို အလိုအလျောက် သက်ရောက်မှုဖြစ်စေတတ်တာလဲ? ကိုယ့်ဦးနှောက်ဟာ အသက်ရှင်နိုင်ဖို့အတွက် Survival Mode နဲ့ အမြဲတမ်း အသင့်ရှိနေတတ်ပါတယ်။ ဦးနှောက်ရဲ့ emotional center ဖြစ်တဲ့ amygdala က ကျိုးကြောင်းဆင်ခြင်သုံးသပ်တဲ့ prefrontal cortex ထက်ပိုမြန်ဆန်စွာ ပြင်ပလှုံ့ဆော်မှုတွေကို မီလီစက္ကန့်အတွင်းမှာတင် ချက်ချင်း process လုပ်ပြီးခံစားချက်တွေကို အလိုအလျောက် ဖြစ်ပေါ်လာစေပါတယ်။ ဒါ့အပြင် ဦးနှောက်ဟာ လက်ရှိအရှိတရားထက် အတိတ်မှာ ကြုံတွေ့ခဲ့ဖူးတဲ့ experience တွေ၊ ယုံကြည်ချက်တွေ၊past patterns တွေနဲ့ နှိုင်းယှဉ်ပြီး predictive processing …
Blog
Coaching or Counseling ဘာကိုရွေးချယ်မလဲ တစ်ခါတလေမှာ ကိုယ့်ရဲ့ စိတ်ခံစားချက်ပိုင်းအတွက်သာမက လူမှုရေး နှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ ရည်မှန်းချက်တွေအတွက် ဦးတည်အဖြေရှာကြတဲ့အခါ Counseling ယူရမလား, Coaching လိုအပ်တာလား စသဖြင့် စဉ်းစားဝေခွဲရတာမျိုးလည်း ရှိတတ်ပါတယ်။ ဒါကြောင့် အခုမျှဝေပေးသွားမယ့် Coaching နှင့် Counseling နည်းလမ်း နှစ်ခုရဲ့ ကွာခြားချက်လေးတွေကို ဖတ်ရှုကြည့်တဲ့အခါ ကိုယ့်မျှော်မှန်းတဲ့ ရည်ရွယ်ချက်အတွက် ဘယ်နည်းလမ်းက ပိုပြီးသင့်တော်မလဲဆိုတာကို အဖြေရှာနိုင်ဖို့ ရည်ရွယ်ထားပါတယ်။ Coaching Session တွေ များသောအားဖြင့် ** အနာဂတ်ကို ဦးတည်ပြီး တိကျတဲ့ action plans တွေ ချမှတ်နိုင်ဖို့ Performance - Oriented ဖြစ်တဲ့ Specific Goals တွေကို ရယူအောင်မြင်နိုင်ဖို့ ၊ …
“ ကပ်သီးလေး လွဲသွားတာကွာ… နောက်တစ်ခါ ကျိန်းသေ ငါနိုင်မှာ...” ဆိုတဲ့ စိတ် နဲ့ အရုပ်ကောက်စက်, ဂိမ်းစက်တွေရှေ့မှာ အချိန်တော်တော်များများ ကုန်ဆုံးခဲ့ဖူးကြလား? ဟုတ်ပါတယ်…. ကိုယ်လိုချင်တဲ့ အရုပ်လေးက ကောက်လို့ရခါနီးမှာ ပြန်ပြုတ်ကျသွားတာမျိုး၊ ဂိမ်းကစားရင်း အနိုင်ရခါနီးမှ ကပ်ရှုံးသွားတာမျိုး၊ ဒါမှမဟုတ် အခုခေတ်မှာ ခေတ်စားနေတဲ့ Blind Box ဖောက်ရင်း ကိုယ်လိုချင်တဲ့ အရုပ်မရလိုက်တဲ့အခါမျိုးတွေမှာ ရပ်တန့်မယ့်အစား “တစ်ခါပဲ ထပ်ကြိုးစားလိုက်မယ်” ဆိုတဲ့ စိတ်နဲ့ နောက်ထပ် တစ်ခါပြီး တစ်ခါ ထပ်ခါထပ်ခါ ကြိုးစားနေမိတတ်ပါတယ် ... ဘာကြောင့် ဒီလို ဖြစ်တာလဲ ဒီလို ကပ်လွဲသွားတဲ့ အခြေအနေ ကို Psychology အရ 𝐍𝐞𝐚𝐫-𝐌𝐢𝐬𝐬 𝐏𝐡𝐞𝐧𝐨𝐦𝐞𝐧𝐨𝐧 လို့ခေါ်ပြီး တကယ်တမ်း အနိုင်မရခဲ့သော်လည်း ကိုယ့်ရဲ့ …
Self-discovery Journeyကို ရှာဖွေတဲ့အခါ လူတိုင်း တစ်သတ်မတ်တည်းဖြစ်ရမယ်ဆိုတာမျိုးမဟုတ်ဘဲ ကိုယ်နှင့်သင့်တော်တဲ့ နည်းလမ်း,ပုံစံတွေနဲ့ စတင်နိုင်ပါတယ်။ တစ်ခါတလေမှာ ဘယ်နေရာကနေစရလဲလို့ ဝေဝါးတတ်ပေမယ့် အခုပြောပြမယ့် ရိုးရှင်းတဲ့ နည်းလမ်းတွေကနေ ကိုယ့်ကိုကိုယ်ပိုပြီးသိနားလည်ဖို့ ကြိုးစားကြည့်နိုင်မှာပါ။
မိဘရယ်လို့ ဖြစ်လာတဲ့အခါ ကိုယ့်သားသမီးလေးတွေကို ဘေးမသိရန်မခဖို့, သူတို့လေးတွေကို အကောင်းဆုံး ပံ့ပိုးပေးချင်တယ် …ဆိုတဲ့စိတ်နဲ့ အစွမ်းကုန်ကြိုးစားချင်တာ မိဘတိုင်းလိုလိုပါ .. အထူးသဖြင့် ဒီလိုခေတ်ထဲမှာ ကိုယ့်သားသမီးတွေအတွက် အမြဲလိုလို စိုးရိမ်ပူပန်မိနေတယ်ဆိုတာလည်း သဘာဝကျပါတယ်။
ကိုယ်ရော, စိတ်ပါ အင်မတန်ပင်ပန်းနွမ်းနယ်လွန်းတဲ့ အခြေအနေတစ်ခုဖြစ်ပါတယ်။ အထူးသဖြင့် Burn Out ဖြစ်တာက ရုတ်တရက်ဖြစ်ပေါ်တဲ့အရာမဟုတ်ဘဲ အလုပ်ကြောင့် သို့မဟုတ် အခြားသောအာရုံစိုက်ရများတဲ့ လုပ်ငန်းဆောင်တာတွေကနေ ဖြစ်လာတဲ့ စိတ်ဖိစီးမှုတွေ တစ်စတစ်စ ကာလရှည်ကြာစွာ စုပုံလာရာကနေ နောက်ဆုံးမှာ Burn Out ဖြစ်သွားတတ်ပါတယ်
Internal Family System ( IFS ) အကြောင်းပြောတဲ့အခါ ကိုယ်စစ်ကိုယ်မှန် Self က အရေးပါတဲ့ အခန်းဂဏ္ဍတစ်ခုအဖြစ်ပါဝင်ပါတယ်။ လူတိုင်းမှာ Self လို့ခေါ်တဲ့ ကိုယ့်စစ်ကိုယ်မှန် တည်ရှိနေပြီး သားဖြစ်သလို Self ရဲ့ အရည်အသွေးတွေက ကိုယ်ကြုံတွေ့ခဲ့ရဖူးတဲ့ အဖြစ်ပျက်တွေ, ပြင်ပက သက်ရောက်တဲ့ အရာတွေပေါ် မမူတည်ဘဲ ပင်ကိုယ်သဘာဝအတိုင်းတည်ရှိနေပြီးသားဖြစ်လို့ ကိုယ့်ရဲ့ Self ကို ပိုပြီး သိမြင်နားလည်နိုင်အောင်, ချိတ်ဆက်မိနိုင်အောင် ကြိုးစားကြည်လို့ရပါတယ်








