Coaching or Counseling ဘာကိုရွေးချယ်မလဲ တစ်ခါတလေမှာ ကိုယ့်ရဲ့ စိတ်ခံစားချက်ပိုင်းအတွက်သာမက လူမှုရေး နှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ ရည်မှန်းချက်တွေအတွက် ဦးတည်အဖြေရှာကြတဲ့အခါ Counseling ယူရမလား, Coaching လိုအပ်တာလား စသဖြင့် စဉ်းစားဝေခွဲရတာမျိုးလည်း ရှိတတ်ပါတယ်။ ဒါကြောင့် အခုမျှဝေပေးသွားမယ့် Coaching နှင့် Counseling နည်းလမ်း နှစ်ခုရဲ့ ကွာခြားချက်လေးတွေကို ဖတ်ရှုကြည့်တဲ့အခါ ကိုယ့်မျှော်မှန်းတဲ့ ရည်ရွယ်ချက်အတွက် ဘယ်နည်းလမ်းက ပိုပြီးသင့်တော်မလဲဆိုတာကို အဖြေရှာနိုင်ဖို့ ရည်ရွယ်ထားပါတယ်။ Coaching Session တွေ များသောအားဖြင့် ** အနာဂတ်ကို ဦးတည်ပြီး တိကျတဲ့ action plans တွေ ချမှတ်နိုင်ဖို့ Performance - Oriented ဖြစ်တဲ့ Specific Goals တွေကို ရယူအောင်မြင်နိုင်ဖို့ ၊ …
Coaching or Counseling ဘာကိုရွေးချယ်မလဲ![]()
တစ်ခါတလေမှာ ကိုယ့်ရဲ့ စိတ်ခံစားချက်ပိုင်းအတွက်သာမက လူမှုရေး နှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ ရည်မှန်းချက်တွေအတွက် ဦးတည်အဖြေရှာကြတဲ့အခါ Counseling ယူရမလား, Coaching လိုအပ်တာလား စသဖြင့် စဉ်းစားဝေခွဲရတာမျိုးလည်း ရှိတတ်ပါတယ်။
ဒါကြောင့် အခုမျှဝေပေးသွားမယ့် Coaching နှင့် Counseling နည်းလမ်း နှစ်ခုရဲ့ ကွာခြားချက်လေးတွေကို ဖတ်ရှုကြည့်တဲ့အခါ ကိုယ့်မျှော်မှန်းတဲ့ ရည်ရွယ်ချက်အတွက် ဘယ်နည်းလမ်းက ပိုပြီးသင့်တော်မလဲဆိုတာကို အဖြေရှာနိုင်ဖို့ ရည်ရွယ်ထားပါတယ်။
![]()
Coaching Session တွေ များသောအားဖြင့်
** အနာဂတ်ကို ဦးတည်ပြီး တိကျတဲ့ action plans တွေ ချမှတ်နိုင်ဖို့
Performance – Oriented ဖြစ်တဲ့ Specific Goals တွေကို ရယူအောင်မြင်နိုင်ဖို့ ၊
** ကိုယ့်မှာရှိတဲ့ ကိုယ့်ရဲ့ လုပ်နိုင်စွမ်း Potentials Skills တွေကို တည်ဆောက်နိုင်ဖို့အတွက် အတွေ့အကြုံရှိပြီးသား Coach အတူ လိုအပ်တဲ့ Support နှင့် Guidelines တွေ ဖန်တီးချင်လို့ စတဲ့
Personal & Professional Growth ကို နည်းစနစ်တကျဦးတည်သွားနိုင်ဖို့, အထူးသဖြင့် ကိုယ့်ကိုကိုယ် ပိုပြီးမြှင့်တင်ဖို့ ဘယ်လိုစတင်ရမလဲလို့ အဖြေရှာတဲ့အခါ Coaching Session တွေလုပ်လေ့ရှိပါတယ်။
![]()
Counseling Session တွေမှာတော့ အများအားဖြင့် Emotional Healing နှင့် Emotional Wellbeing အတွက် ဦးတည်ပြီး
* နေ့စဉ်ဘဝမှာ လက်ရှိ ခံစားရင်ဆိုင်နေရတဲ့ စိတ်ပိုင်း,လူမှုရေးဆိုင်ရာ နှင့် ပုဂ္ဂိုလ်ရေးရာ ခံစားချက်, စိတ်ဖိစီးမှုတွေကို ရင်ဆိုင်အဖြေရှာနိုင်ဖို့,
* အတိတ်ကာလမှာ ကြုံတွေ့ခဲ့ရပြီး အခုလက်ရှိအချိန်ထိ မပြေလည်နိုင်သေးတဲ့ ခံစားချက်တွေ, trauma ဖြစ်ရပ်အကြောင်းရင်းတွေကို အဖြေရှာ ကုစားချင်လို့ ,
* ကိုယ့်ရဲ့အတွင်းစိတ်မှာ ခံစားဖြစ်ပေါ်တဲ့အကြောင်းအရာတွေအတွက် လုံခြုံစိတ်ချရတဲ့ ရင်ဖွင့်ဖော်တစ်နေရာလိုအပ်လို့ စသဖြင့်
Therapeutic & Problem-Oriented ဦးတည်ချင်တဲ့အခါမျိုးမှာ အတွေ့အကြုံရှိပြီးသား Counselors တွေနှင့် တိုင်ပင်ဆွေးနွေးမှုရယူတဲ့ Counseling session တွေက အထောက်အကူဖြစ်စေပါတယ်။
ဒါကြောင့် Coaching နှင့် Counseling နှစ်မျိုးစလုံးမှာ ဘယ်တစ်ခုက ပိုကောင်းတယ်ဆိုတာမျိုးမဟုတ်ဘဲ ကိုယ့်လက်ရှိ အခြေအနေနှင့် ကိုယ်သွားလိုတဲ့ Goals အပေါ်မူတည်ပြီး ရွေးလို့ရပါတယ်။
Coaching နှင့် Counseling နှစ်မျိုးလုံးကို တစ်ပြိုင်နက်ထဲ ယူပြီး emotional wellbeing နှင့် Healing အပြင် growth နှင့် goal achievement ဖြစ်စေတဲ့ Holistic Wellbeing ကောင်းမွန်အောင် ဦးတည်သွားလို့ရပါတယ်။
ဒီလို နည်းလမ်း ၂ ခုစလုံးက မတူညီတဲ့ပုံစံ approach တွေနဲ့ ကိုယ့်ကိုကိုယ်ပိုပြီးသိလာဖို့ စိတ်ခွန်အားပိုဖြည့်နိုင်ဖို့ ဖြစ်စေမှာပါ။
ကိုယ့်ရဲ့ ပိုမိုကောင်းမွန်တဲ့ mental well-being journey ကိုသွားဖို့ စိတ်ဝင်စားသူတွေအတွက် Mental Playground မှာ Online Counseling Session များနှင့် Coaching Session များရယူလို့ရပါတယ် ![]()






