8 signs that your’re living in your true self

Internal Family System ( IFS ) အကြောင်းပြောတဲ့အခါ ကိုယ်စစ်ကိုယ်မှန် Self က အရေးပါတဲ့ အခန်းဂဏ္ဍတစ်ခုအဖြစ်ပါဝင်ပါတယ်။ လူတိုင်းမှာ Self လို့ခေါ်တဲ့ ကိုယ့်စစ်ကိုယ်မှန် တည်ရှိနေပြီး သားဖြစ်သလို Self ရဲ့ အရည်အသွေးတွေက ကိုယ်ကြုံတွေ့ခဲ့ရဖူးတဲ့ အဖြစ်ပျက်တွေ, ပြင်ပက သက်ရောက်တဲ့ အရာတွေပေါ် မမူတည်ဘဲ ပင်ကိုယ်သဘာဝအတိုင်းတည်ရှိနေပြီးသားဖြစ်လို့ ကိုယ့်ရဲ့ Self ကို ပိုပြီး သိမြင်နားလည်နိုင်အောင်, ချိတ်ဆက်မိနိုင်အောင် ကြိုးစားကြည်လို့ရပါတယ်

Internal Family System ( IFS ) အကြောင်းပြောတဲ့အခါ ကိုယ်စစ်ကိုယ်မှန် Self က အရေးပါတဲ့ အခန်းဂဏ္ဍတစ်ခုအဖြစ်ပါဝင်ပါတယ်။

လူတိုင်းမှာ Self လို့ခေါ်တဲ့ ကိုယ့်စစ်ကိုယ်မှန် တည်ရှိနေပြီး သားဖြစ်သလို Self ရဲ့ အရည်အသွေးတွေက ကိုယ်ကြုံတွေ့ခဲ့ရဖူးတဲ့ အဖြစ်ပျက်တွေ, ပြင်ပက သက်ရောက်တဲ့ အရာတွေပေါ် မမူတည်ဘဲ ပင်ကိုယ်သဘာဝအတိုင်းတည်ရှိနေပြီးသားဖြစ်လို့ ကိုယ့်ရဲ့ Self ကို ပိုပြီး သိမြင်နားလည်နိုင်အောင်, ချိတ်ဆက်မိနိုင်အောင် ကြိုးစားကြည်လို့ရပါတယ် ✨

Self ( ကိုယ်စစ်ကိုယ်မှန် ) မှာ အရည်အသွေး ၈ ခုရှိပါတယ်။

🌱 Calmness – ဒီ အရည်အသွေးကတော့ တည်ငြိမ်မှု ရှိခြင်းဖြစ်ပါတယ်။ ကိုယ့်ဆီမှာ အပိုင်းတွေဖြစ်ပေါ်လာတဲ့အခါမှာ ကိုယ်က အပိုင်းတွေနောက်လိုက်ပြီး လှုပ်ခတ်မသွားဘဲ, တည်ငြိမ်မှုရှိရှိ အရှိတိုင်း ရင်ဆိုင်လက်ခံကြည့်နိုင်စေမှာပါ။

🌱 Curiosity – ကိုယ့်ဆီမှာ ခံစားချက်တွေ ဘယ်လိုရှိနေလဲ, ဘယ်လိုအပိုင်းတွေ ဖြစ်နေတာလဲ, အပိုင်းတွေက ဘာကြောင့်ပေါ်လာရတာလဲ ? ဘာလိုအပ်နေတာလဲ စသဖြင့် ဝေဖန်ပိုင်းဖြတ်လိုစိတ်မရှိဘဲ စစ်မှန်တဲ့ သိလိုစိတ်ရှိတဲ့အခါ ကိုယ့်ကိုကိုယ် ပိုသိနားလည်စေဖို့ အထောက်အကူဖြစ်စေနိုင်ပါတယ်။

🌱 Clarity – Clarity လို့ခေါ်တဲ့ ရှင်းလင်းမှု ကလည်း ကိုယ့်ဆီပေါ်လာတဲ့အပိုင်းတွေရဲ့ လိုအပ်ချက်, ဖြစ်ပေါ်လာရတဲ့ အကြောင်းရင်းခံတွေကို ရှင်းလင်းပြတ်သားစွာ သိခြင်းဖြင့် ကိုယ့်ရဲ့ ကိုယ်စစ်ကိုယ်မှန်ကို နားလည်သိမြင်နိုင်ဖို့ အထောက်အကူဖြစ်စေပါတယ်။

🌱 Compassion – ကြင်နာဂရုဏာထားခြင်းဟာ ကိုယ့်ဆီမှာ ဖြစ်ပေါ်နေတဲ့ အပိုင်း, အခြေအနေ, ခံစားချက်တွေကို ဝေဖန်မှုမရှိဘဲ အရှိတိုင်း နားလည်လက်ခံပေးပြီး အတူတကွ ရှိနေပေးခြင်းဖြစ်ပါတယ်။ ဒီလို ကြင်နာဂရုဏာထားခြင်း အရည်အသွေးနှင့်အတူ ကိုယ့်ရဲ့ ကိုယ်စစ်ကိုယ်မှန်ကို ချိတ်ဆက်ကြည့်နိုင်ပါတယ်။

🌱 Confidence – ကိုယ့်အနေနဲ့ ဘယ်လိုအခြေအနေ, ခံစားရမှုတွေလာလာ လှုပ်ခတ်မှုမရှိ ရင်ဆိုင်နိုင်တယ်, ကိုယ့်အတွင်းထဲမှာရှိနေတဲ့ အရည်အသွေး,အစွမ်းအစတွေအပေါ် သံသယမထားဘဲ ယုံကြည်မှုရှိခြင်းဖြစ်ပါတယ်။

🌱 Connectedness – ကိုယ့်ရဲ့ အတွင်းမှာရှိနေတဲ့ အပိုင်း, ခံစားမှုတွေရဲ့ ချိတ်ဆက်မှု, ဆက်သွယ်နေမှုတွေကို သတိပြုနားလည်သဘောပေါက်ခြင်းဖြင့် ကိုယ့်ရဲ့ ကိုယ်စစ်ကိုယ်မှန်ကို သိမြင်ခံစားနိုင်ပါတယ်။

🌱 Courage – ဖြစ်ပေါ်လာတဲ့အပိုင်းတွေကို ရင်ဆိုင်ကျော်ဖြတ်နိုင်ဖို့, ကြုံတွေ့နေတဲ့ အခက်ခဲ, နာကျင်မှု အခြေအနေတွေကို လက်ခံရင်ဆိုင်နိုင်ဖို့အတွက် သတ္တိ အရည်အသွေးလိုအပ်ပါတယ်။ ကိုယ့်အတွက်ခက်ခဲပင်ပန်းမှုရှိနေသည့်တိုင်အောင် ရှောင်ဖယ်မပြေးဘဲ သတ္တိရှိရှိ လက်တွေ့ရင်ဆိုင်ခြင်းက ကိုယ့်ကိုကိုယ်ပိုသိနားလည်နိုင်ဖို့ ဖြစ်စေမှာပါ။

🌱 Creativity – တီထွင်ဖန်တီးမှုရှိတယ်, မတူညီဆန်းသစ်တဲ့အတွေးမြင်ပုံစံတွေကို လက်ခံတယ်၊ ဘောင်ခတ်မထားဘဲ လွတ်လပ်စီးမျောမှုနှင့်အတူ ကိုယ့်ရဲ့ကိုယ်စွမ်း, ဥာဏ်စွမ်းတွေကို အသုံးချပြီး အခက်ခဲ,အခြေနေတွေ, အကြောင်းအရာတွေအပေါ် သိမြင်ခံစားခြင်းက ကိုယ့်ရဲ့ ကိုယ်စစ်ကိုယ်မှန်အရည်အသွေးတစ်ခုဖြစ်ပါတယ်။

ဒါကြောင့် ကိုယ့်ဆီမှာ ရှိနေပြီးသားဖြစ်တဲ့ Self အရည်အသွေးတွေကို ပိုပြီးတိုးတက်ကောင်းမွန်စေဖို့လည်း မတူကွဲပြားတဲ့ နည်းလမ်း, Approach တွေ ကျင့်သုံးပြီး ဖြေးဖြေးချင်း ပျိုးထောင်မြှင့်တင်ကြည့်နိုင်ပါတယ်။ ကိုယ့်ကိုကိုယ် ဂရုစိုက်နားထောင်ရင်း Self ရဲ့ စွမ်းအားနှင့်အတူ ကိုယ့်ကိုကိုယ်ပိုသိမြင်နိုင်ဖို့, သမမျှတတည်ငြိမ်မှုနှင့် အတွင်းစိတ်တည်ငြိမ်အေးချမ်းမှုရဖို့ ကြိုးစားကြည့်ရအောင် 🌀

နောက်ပိုင်းမှာလည်း IFS နှင့်ပတ်သတ်တဲ့အကြောင်းရာတွေကို ထပ်ပြီး မျှဝေသွားဖို့ရှိပါတယ်။ Internal Family System နှင့်ပတ်သတ်ပြီး ပိုပြီးသိနားလည်ချင်ရင်တေ့ အောက်ပါလင့်များမှာ ဖတ်ရှုကြည့်ပါ 📑

Meet the part through IFS Model – https://www.facebook.com/share/p/1BAY1GMvaQ/

လိုအပ်တာထက်ပိုပြီးရှင်းပြတတ်တယ်ဆိုတာ – https://www.facebook.com/share/p/1Fno8b4qHp/

ချိုသာခြင်းနှင့် အမြဲယှဉ်တွဲစရာမလိုတဲ့ ကြင်နာခြင်းဆိုတာ –

Book a Consultation

It’s easy and free!

mental@admin

mental@admin

Related Posts

အိမ်အပြင်ထွက်ဖို့က ခက်ခဲတဲ့စွန့်စားခန်းတစ်ခုလိုပါပဲ “ Agoraphobia ”

တစ်ခါတလေ အပြင်ထွက်ဖို့၊ ဈေးဝယ်ဖို့၊ ဘတ်စ်ကားစီးဖို့ ဒါမှမဟုတ် လူများတဲ့နေရာတစ်ခုကို သွားဖို့ စဉ်းစားလိုက်တာနဲ့ စိုးရိမ်ပူပန်မှုတွေ စတင်ဖြစ်ပေါ်လာတာမျိုး ကြုံဖူးလား…  “ အပြင်ရောက်သွားတဲ့အခါ အရေးပေါ် အန္တရာယ်တစ်ခုခုများကြုံမလား…အထိတ်တလန့်အခြေအနေတွေကြုံပြီး Panic Attack လိုမျိုး ဖြစ်သွားမလား…အရေးပေါ်အခြေအနေတစ်ခုခု ဖြစ်လာရင် ကိုယ်ထွက်ပြေးလွတ်မြောက်ဖို့ ခက်ခဲသွားမလားဆိုတဲ့ အတွေးတွေနဲ့ စိုးရိမ်ကြောက်ရွံ့မှုတွေလွန်ကဲလာပြီး ကိုယ့်အိမ်ကနေတောင် ထွက်ဖို့ အချိန်များစွာယူရတယ်, အဆိုးဆုံးအခြေအနေတွေမှာ အိမ်ထဲကနေတောင် မထွက်နိုင်တော့ဘူး။ အချို့နေရာတွေဆို သွားချင်စိတ်ရှိ‌ရင်တောင် ရှောင်ရှားလိုက်ရတယ်..  Agoraphobia ဆိုတာ ဘာလဲ။ Agoraphobia ဆိုတာ အထိတ်တလန့်ဖြစ်လာတဲ့အခါ ထွက်ပြေးလွတ်မြောက်ဖို့ (သို့) အကူအညီရဖို့ ခက်ခဲမယ်လို့ ခံစားရနိုင်တဲ့ နေရာတွေနဲ့ အခြေအနေတွေကို အလွန်အမင်း ကြောက်ရွံ့ပြီး ရှောင်ရှားတတ်တဲ့ စိတ်ကျန်းမာရေးဆိုင်ရာ အခြေအနေတစ်ခုဖြစ်ပါတယ်။ ကြောက်ရွံ့မှုတွေကြောင့် အဲဒီနေရာတွေကို ရှောင်ရှားလာတာ၊ အပြင်ထွက်တဲ့အခါ …

Bipolar Disorder: Beyond the Mood Swings

Understanding the signs, challenging misconceptions, and learning how to support someone living with bipolar disorder. ကိုယ်တိုင် ( သို့ ) ကိုယ့်ရဲ့ နီးစပ်ရာ အသိမိတ်ဆွေ, မိသားစုဝင်တစ်ဦးဦးက အချို့နေ့တွေမှာ အပြင်တွေသွား လန်းဆန်းတက်ကြွပြီး, စိတ်ဓာတ်တွေအလွန်အမင်းတက်ကြွနေတယ်၊ အချို့နေ့တွေကျတော့ တစ်ခြားတစ်ယောက်ဖြစ်သွားသလို လုံးဝကို စိတ်ဓာတ်ကျနေပြီး အခန်းထဲကနေမထွက်ချင်လောက်အောင် ဖြစ်နေတယ်, ဘာဆိုဘာမှလည်း မလုပ်နိုင်တော့သလို ဖြစ်နေတယ်… What Is Bipolar Disorder? Bipolar Disorder ဆိုတာ စိတ်ခံစားချက် (mood)၊ အားအင် (energy) နဲ့ လှုပ်ရှားလုပ်ဆောင်မှု (activity levels), အိပ်စက်မှုတွေမှာ သိသာထင်ရှားတဲ့ ပြောင်းလဲမှုတွေ ဖြစ်ပေါ်စေနိုင်တဲ့ …

မလိုလားအပ်တဲ့ အတွေးတွေနဲ့ ထပ်ခါထပ်ခါ လုပ်ဆောင်နေရမှုတွေကြားကObsessive-Compulsive Disorder ( OCD )အကြောင်း

Obsessive-Compulsive Disorder (OCD) မှာ အဓိကအားဖြင့် ဥပမာအားဖြင့် တံခါးပိတ်ပြီးပြီလို့ သိပေမယ့် မသေချာတဲ့အတွေး ထပ်ခါထပ်ခါ ဝင်လာခြင်း (Obsessions) နဲ့ စိတ်သက်သာဖို့အတွက် တံခါးကို အကြိမ်ကြိမ် ပြန်စစ်ခြင်း (Compulsions) တို့ ဖြစ်ပါတယ်။ OCD အမျိုးအစား နှင့် လက္ခဏာများ - OCD မှာ အမျိုးအစားများစွာရှိပြီး လူတစ်ယောက်နဲ့တစ်ယောက်မှာ  ကြုံတွေ့ရမှုလက္ခဏာတွေ မတူညီနိုင်ပါဘူး။ ယေဘုယျ အမျိုးအစားတွေကတော့ ဒါ့အပြင် Relationship OCD ( ROCD ) လို့ခေါ်တဲ့ ကိုယ့်ချစ်သူက ကိုယ့်ကို တကယ်ချစ်ရဲ့လား၊ ကိုယ်က သူ့ကို တကယ်ချစ်ရဲ့လား၊ ဒီဆက်ဆံရေးက ကိုယ့်အတွက် သင့်တော်ရဲ့လားဆိုတာကို ထပ်ခါထပ်ခါ သံသယဝင်ပြီး စိုးရိမ်နေခြင်း။ ဆက်ဆံရေးမှာ ထင်ရှားတဲ့ ပြဿနာမရှိတဲ့အချိန်မှာတောင် …