Self-discovery Road Map

Self-discovery Journeyကို ရှာဖွေတဲ့အခါ လူတိုင်း တစ်သတ်မတ်တည်းဖြစ်ရမယ်ဆိုတာမျိုးမဟုတ်ဘဲ ကိုယ်နှင့်သင့်တော်တဲ့ နည်းလမ်း,ပုံစံတွေနဲ့ စတင်နိုင်ပါတယ်။ တစ်ခါတလေမှာ ဘယ်နေရာကနေစရလဲလို့ ဝေဝါးတတ်ပေမယ့် အခုပြောပြမယ့် ရိုးရှင်းတဲ့ နည်းလမ်းတွေကနေ ကိုယ့်ကိုကိုယ်ပိုပြီးသိနားလည်ဖို့ ကြိုးစားကြည့်နိုင်မှာပါ။

ကိုယ့်ရဲ့ Self-discovery Journey ကို စတင်နိုင်မယ့် နည်းလမ်းများ

Self-discovery Journeyကို ရှာဖွေတဲ့အခါ လူတိုင်း တစ်သတ်မတ်တည်းဖြစ်ရမယ်ဆိုတာမျိုးမဟုတ်ဘဲ ကိုယ်နှင့်သင့်တော်တဲ့ နည်းလမ်း,ပုံစံတွေနဲ့ စတင်နိုင်ပါတယ်။

တစ်ခါတလေမှာ ဘယ်နေရာကနေစရလဲလို့ ဝေဝါးတတ်ပေမယ့် အခုပြောပြမယ့် ရိုးရှင်းတဲ့ နည်းလမ်းတွေကနေ ကိုယ့်ကိုကိုယ်ပိုပြီးသိနားလည်ဖို့ ကြိုးစားကြည့်နိုင်မှာပါ။

1️⃣ Journaling Your Thoughts

စာအုပ်တစ်အုပ်မှာ အတွေးတွေ, ခံစားချက်တွေကို ပုံမှန်ရေးချခြင်းပြုလုပ်နိုင်ပါတယ်။

တစ်နေ့တာမှာ ဖြစ်ပေါ်တဲ့ အကြောင်းအရာတွေ၊ ခံစားချက်တွေနဲ့ ဘာကြောင့် ဒီလို ခံစားရတယ်ဆိုတာကို ရေးချကြည့်ပါ။

ဘယ်အရာ‌တွေက ကိုယ့်ကိုရှင်သန်‌စေလဲ ? အမြဲလုပ်ချင်ခဲ့ပေမယ့် ခုချိန်ထိ အကောင်အထည်မဖော်ရသေးတဲ့ အရာတွေရှိလားဆိုတာကို စာလုံးအမှားပါမှာတွေကို စိုးရိမ်မနေပဲ ကိုယ့်စိတ်ထဲရှိတဲ့အတိုင်း ဖွင့်ထုတ်ချရေးပါ။

2️⃣ Express Yourself with Art 🎨

Self- discovery ကိုသွားဖို့ ပန်းချီပယအနုပညာကို အသုံးပြုလို့လို့ရပါတယ်။ ဒီလိုလုပ်တဲ့အခါမှာ ကိုယ့်ပန်းချီပြည့်စုံလှပဖို့၊ ပန်းချီနည်းစနစ်‌တွေသိနေဖို့ မလိုပါဘူး။

ပုံဆွဲတာဖြစ်စေ၊ အရောင်ခြယ်တာဖြစ်စေ၊ လက်မှုလုပ်တာဖြစ်စေ ကိုယ့်ရဲ့ အတွင်းထဲမှာရှိနေတဲ့ ခံစားချက်ကိုဖြေလျော့ပြီး ရှင်းလင်းမှုဖြစ်ဖို့ကသာ အရေးကြီးတာဖြစ်ပါတယ်။

နောက်ဆုံးမှာ ဘယ်လိုပုံResult ထွက်လာမလဲဆိုတာကို စိုးရိမ်မနေပဲ ပန်းချီဆွဲနေတဲ့အချိန်၊ အရောင်တွေနဲ့ ထိတွေ့ချိန်၊ ပုံသဏ္ဍန်တွေပုံဖော်နေချိန် စတဲ့ ဖြစ်စဉ်တစ်လျှောက်ကိုပဲ အာရုံစူးစိုက်နိုင်ဖို့ ကြိုးစားကြည့်ပါ။

တစ်ခါတလေမှာ ပန်းချီအနုပညာလက်မှုတွေက ကိုယ့်ရဲ့အကြောင်းကို စကားလုံးတွေထက်ပိုပြီး ဖော်ပြနိုင်တာကို တွေ့လာရမှာပါ။

3️⃣ Join a Workshop 🍀

ကိုယ့်ကိုကိုယ်ရှာဖွေဖို့ Guidance တွေပေးနိုင်တဲ့ Workshop တွေကို Join တာကလည်း နည်းလမ်းတစ်ခုဖြစ်ပါတယ်။ Personal Growth Workshop ပဲဖြစ်ဖြစ်၊ Mindfulness Class တစ်ခုပဲဖြစ်ဖြစ်၊ Self- awareness Seminar ပဲဖြစ်ဖြစ်၊ အဲဒီ workshop ‌တွေမှာ လုပ်ဆောင်ရတဲ့ exercises တွေ insights တွေကနေ ကိုယ့်ကိုကိုယ်ပိုနားလည်ဖို့ ဖြစ်စေနိုင်ပါတယ်။.

4️⃣ Join a Support Group 🤝

တစ်ခါတရံမှာ အခြားသူတွေနှင့် ဆက်သွယ်ဆက်ဆံရင်းကနေ ကိုယ့်ကိုကိုယ်ပိုပြီး သိနားလည်လာတာမျိုးဖြစ်နိုင်ပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့အတွေ့အကြုံတွေကို လွတ်လွတ်လပ်လပ်မျှဝေနိုင်ပြီး အခြားသူတွေဆီက သင်ယူလေ့လာနိုင်ခွင့်ရှိတဲ့ Support Group တွေမှာ ပါဝင်ကြည့်ပါ။

ဒီလို Support Group တွေဆီပါဝင်တဲ့အခါမှာလည်း mental wellness ကို ဦးတည်တဲ့ အစုအဖွဲ့တွေမှ မဟုတ်ဘဲ ကိုယ့်ရဲ့ဝါသနာ၊ challenges တွေပေါ်မူတည်ပြီး ရွေးချယ်ပါဝင်နိုင်ပါတယ်

5️⃣Take Personality or Strengths Tests 🧪

Personality 16 မျိုးကို ခွဲပြနိုင်တဲ့ MBTI test လိုမျိုး Personality Test တွေကို စမ်းကြည့်ခြင်းက‌နေကိုယ့်ရဲ့ ကြိုက်နှစ်သက်မှု၊ သဘာဝစွမ်းရည် အမူအကျင့်တွေကို နားလည်လာနိုင်စေမှာပါ။

ဒီလို test တွေက ကိုယ့်ကိုကိုယ် reflection ဖြစ်စေသလို အခြားသူနှင့်ကိုယ့်ရဲ့ ဆက်သွယ်ဆက်ဆံရေးကို ထောက်ပြစေနိုင်မှာဖြစ်ပါတယ်။

6️⃣Consider a Personal Coaching or Counseling Session ❤️‍🩹

ကိုယ့်ကိုကိုယ်ပိုပြီး ရှင်းလင်းပြတ်သားမှုဖြစ်ဖို့ ဒါမှမဟုတ် အတိတ်မှ ကြုံခဲ့တဲ့ စိတ်ခံစားမှုအနာအကျင်တွေကို သက်သာဖို့အတွက် Personal Coach သို့ Counselor နှင့်ဆွေး‌နွေးခြင်းက သိသိသာသာ အထောက်အကူဖြစ်စေမှာပါ။

အတွေ့ကြုံရှိတဲ့ Professional တွေရဲ့ support ကိုရယူခြင်းကလည်း ကိုယ်တစ်ဦးတစ်ယောက်ထဲ ရင်ဆိုင်ရတာမျိုးမဖြစ်တော့ပဲ လိုလားတဲ့ Healing နှင့် Growth ဖြစ်ဖို့ လမ်းပြတစ်ခုဖြစ်စေနိုင်ပါတယ်။

💬 What activity will you try first 🧐?

ကိုယ့်ရဲ့ Self- discovery Journey ကို စတင်ကြည့်ဖို့ စိတ်ကူးရှိတယ်ဆိုရင် Mental Playground ကနေ ဖန်တီးပြုလုပ်တဲ့ Online / Offline program တွေ၊ Self-creation Workshop များနှင့် Counseling Session တွေကို စမ်းကြည့်ဖို့ဖိတ်ခေါ်ပါတယ်။

Book a Consultation

It’s easy and free!

mental@admin

mental@admin

Related Posts

“ The Growth Playground Vol 14 : “ Growing Together : Supporting Children through Change ”  

မလွှဲရှောင်နိုင်တဲ့ အပြောင်းအလဲတွေဆိုတာ လူကြီးတွေရဲ့ဘဝမှာသာမက ကလေးငယ်တွေရဲ့ဘဝမှာလည်း မကြာခဏ ကြုံတွေ့ရတတ်ပါတယ်။ 👶 မိသားစုတွင်းအခြေအနေပြောင်းလဲသွားတဲ့အခါ… 🌱 အသက်အရွယ်အရ ခန္ဓာကိုယ်နဲ့ စိတ်ပိုင်းဆိုင်ရာ အပြောင်းအလဲတွေကို ကြုံတွေ့ရတဲ့အခါ… 🏫 ကျောင်းစတက်ချိန် ( သို့ ) ကျောင်းပြောင်းရတဲ့အခါ…🏠 ရင်းနှီးတဲ့ပတ်ဝန်းကျင်၊ မိသားစု၊ သူငယ်ချင်းတွေဆီကနေ အခြားနေရာတစ်ခုကို ပြောင်းရွှေ့ရတဲ့အခါ…  ကလေးတွေအနေနဲ့ ဖွင့်ပြောမပြတတ်တဲ့ ဝမ်းနည်းမှု၊ စိုးရိမ်မှု စတဲ့ ခံစားချက်တွေ ပြင်းထန်လာတာမျိုးတွေ ဖြစ်တတ်ပါတယ်။  ဒါ့ကြောင့် - 💛 ကလေးတွေရဲ့ စိတ်ပိုင်းဆိုင်ရာလိုအပ်ချက်တွေကို ဘယ်လိုသတိထားပြီး ဖြည့်စည်းပေးနိုင်မလဲ ? 💛 အပြောင်းအလဲတွေကို ဖြတ်သန်းတဲ့အချိန်မှာ ကလေးတွေအတွက် လုံခြုံပြီး နွေးထွေးတဲ့ပတ်ဝန်းကျင်တစ်ခုကို ဘယ်လို ဖန်တီးပေးနိုင်မလဲ?  ဆိုတာကို ယခု Online webinar လေးမှာ “ …

Scholarships Available for Internal Family System ( IFS ) Practical for All – Online Class !!

( Deadline : 5th September 2026 ) ယခု Scholarship Program ကတော့ Internal Family System ( IFS ) method အကြောင်း စိတ်အားထက်သန်စွာလေ့လာချင်သူ, IFS model ကို အသုံးပြုပြီး မိမိကိုယ်တိုင်အတွက် ( သို့ ) ကိုယ့်ရဲ့ community အတွက် meaningful Impact ဖန်တီးချင်သူများအတွက် အခွင့်အရေးတစ်ခုဖြစ်ပါတယ်။  လျှောက်ထားသူရဲ့ strong motivation / financial need အပေါ်မူတည်ပြီး ( 20 - 100 % ) Partial or Full Scholarship ပေးအပ်သွားဖို့ ရှိပါတယ်… Who …

Internal Family System ( IFS ) Practical for All – Online Class 

Why IFS?  နေ့စဉ်ဘဝမှာ လူတိုင်းက “ ကိုယ်ခန္ဓာ, လိုအင်ဆန္ဒ, စိတ်ခံစားချက် နှင့် အတွေး ” တွေကတဆင့် ကိုယ့်ကိုကိုယ် နှင့် အပြန်အလှန် ချိတ်ဆက်သွယ်မှုတွေ ရှိနေပါတယ်။              တစ်ခါတလေမှာတော့ ကိုယ့်ကိုကိုယ် သတိမပြုမိပဲ ကိုယ်ရဲ့ အတွင်းထဲမှာ ဘာတွေဖြစ်ပျက်,ခံစားနေရလဲ ? ဘာကြောင့် ကိုယ် ဒီလို အပြုအမူ, တုံ့ပြန်မှုတွေ  လုပ်တတ်တာလဲ ? စတဲ့ ကိုယ့်ကိုကိုယ်အကြောင်း နက်နက်နဲနဲ သိနားလည်နိုင်ဖို့ ခက်ခဲတတ်ကြပါတယ်။  Internal Family System ( IFS )  approach ကတော့ လူတစ်ဦးတစ်ယောက်ချင်းစီအနေနဲ့ ကိုယ့်ရဲ့ inner world ကို “ curiosity ”, “ compassion’’, “ …