The Dopamine Crane : The Psychology of the ” Near-Miss “

“ ကပ်သီးလေး လွဲသွားတာကွာ… နောက်တစ်ခါ ကျိန်းသေ ငါနိုင်မှာ...” ဆိုတဲ့ စိတ် နဲ့ အရုပ်ကောက်စက်, ဂိမ်းစက်တွေရှေ့မှာ အချိန်တော်တော်များများ ကုန်ဆုံးခဲ့ဖူးကြလား? ဟုတ်ပါတယ်…. ကိုယ်လိုချင်တဲ့ အရုပ်လေးက ကောက်လို့ရခါနီးမှာ ပြန်ပြုတ်ကျသွားတာမျိုး၊ ဂိမ်းကစားရင်း အနိုင်ရခါနီးမှ ကပ်ရှုံးသွားတာမျိုး၊ ဒါမှမဟုတ် အခုခေတ်မှာ ခေတ်စားနေတဲ့ Blind Box ဖောက်ရင်း ကိုယ်လိုချင်တဲ့ အရုပ်မရလိုက်တဲ့အခါမျိုးတွေမှာ ရပ်တန့်မယ့်အစား “တစ်ခါပဲ ထပ်ကြိုးစားလိုက်မယ်” ဆိုတဲ့ စိတ်နဲ့ နောက်ထပ် တစ်ခါပြီး တစ်ခါ ထပ်ခါထပ်ခါ ကြိုးစားနေမိတတ်ပါတယ် ... ဘာကြောင့် ဒီလို ဖြစ်တာလဲ ဒီလို ကပ်လွဲသွားတဲ့ အခြေအနေ ကို Psychology အရ 𝐍𝐞𝐚𝐫-𝐌𝐢𝐬𝐬 𝐏𝐡𝐞𝐧𝐨𝐦𝐞𝐧𝐨𝐧 လို့ခေါ်ပြီး တကယ်တမ်း အနိုင်မရခဲ့သော်လည်း ကိုယ့်ရဲ့ …

“ ကပ်သီးလေး လွဲသွားတာကွာ… နောက်တစ်ခါ ကျိန်းသေ ငါနိုင်မှာ…” ဆိုတဲ့ စိတ် နဲ့ အရုပ်ကောက်စက်, ဂိမ်းစက်တွေရှေ့မှာ အချိန်တော်တော်များများ ကုန်ဆုံးခဲ့ဖူးကြလား?

ဟုတ်ပါတယ်…. ကိုယ်လိုချင်တဲ့ အရုပ်လေးက ကောက်လို့ရခါနီးမှာ ပြန်ပြုတ်ကျသွားတာမျိုး၊ ဂိမ်းကစားရင်း အနိုင်ရခါနီးမှ ကပ်ရှုံးသွားတာမျိုး၊ ဒါမှမဟုတ် အခုခေတ်မှာ ခေတ်စားနေတဲ့ Blind Box ဖောက်ရင်း ကိုယ်လိုချင်တဲ့ အရုပ်မရလိုက်တဲ့အခါမျိုးတွေမှာ ရပ်တန့်မယ့်အစား “တစ်ခါပဲ ထပ်ကြိုးစားလိုက်မယ်” ဆိုတဲ့ စိတ်နဲ့ နောက်ထပ် တစ်ခါပြီး တစ်ခါ ထပ်ခါထပ်ခါ ကြိုးစားနေမိတတ်ပါတယ် …

ဘာကြောင့် ဒီလို ဖြစ်တာလဲ

ဒီလို ကပ်လွဲသွားတဲ့ အခြေအနေ ကို Psychology အရ 𝐍𝐞𝐚𝐫-𝐌𝐢𝐬𝐬 𝐏𝐡𝐞𝐧𝐨𝐦𝐞𝐧𝐨𝐧 လို့ခေါ်ပြီး တကယ်တမ်း အနိုင်မရခဲ့သော်လည်း ကိုယ့်ရဲ့ ဦးနှောက်က ဒီအခြေအနေကို အောင်မြင်မှုနီးပါး, အောင်မြင်မှုနဲ့ဆင်တူတဲ့ အတွေ့အကြုံတစ်ခုလို သတ်မှတ်လိုက်ပါတယ်။

ဒါကြောင့်ပဲ “အနိုင်ရဖို့ နီးနေပြီ… နောက်တစ်ခါ ထပ်ကြိုးစားလိုက်ရင် ရနိုင်တယ်” ဆိုတဲ့ တွန်းအားပေး လှုံ့ဆော်မှုမျိုးတွေ ဖြစ်ပေါ်လာတတ်ပါတယ်။
ဒါ့အပြင် Neurological impact တစ်ခုအနေနဲ့ Near-Miss အခြေအနေတွေမှာ ဦးနှောက်ရဲ့ reward centers တွေ လှုံ့ဆော်ခံရပြီး ပျော်ရွှင်စိတ်လှုပ်ရှားမှု၊ အားတက်မှု၊ reward ကို မျှော်လင့်ရင်ခုန်မှုတွေနဲ့ ဆက်စပ်တဲ့ Dopamine တွေ ထွက်လာတတ်ပါတယ်။ ဒီ Dopamine response ကြောင့်လည်း တစ်ခါပြီးတစ်ခါ ထပ်ကြိုးစားချင်တဲ့ အပြုအမူ ဖြစ်ပေါ်လာတတ်ပါတယ်။
ဒီလို Near Miss အခြေအနေတွေဟာ အရုပ်ကောက်စက်တွေမှမကပဲ ဆိုရှယ်မီဒီယာကို ဆက်တိုက် Scrolling လုပ်တာ , ဂိမ်းကစားတာ, gambling လုပ်တာ, slot machines တွေနှင့် စတော့ရှယ်ယာ ကစားခြင်း စတာတွေမှာလည်း ကြုံတွေ့နိုင်ပါတယ်

အလွန်အကျွံ မဖြစ်စေဖို့ ဘယ်လို သတိထားပြုမူနိုင်မလဲ ?

ဒါတွေက ကောင်းတယ်ဆိုးတယ်လို့ ဆိုလိုခြင်းထက် ကိုယ့်ရဲ့ အပြုမူက လိုတာထက်ပိုပြီး အလွန်အကျွံ မပြုမိစေဖို့ မိမိတို့ဆီမှာ ဖြစ်ပေါ်တဲ့ ခံစားချက်လေးကို ကိုယ်တိုင် သတိပြုပြီး Control လုပ်ကြည့်လို့ရပါတယ်။

  • ကိုယ့်ကိုကိုယ်ပြန်မေးကြည့်ပါ။

ဥပမာ – ဒီအရာကို ဆက်တိုက် လုပ်နေဖို့ တကယ်ရော ငါ့အတွက် လိုအပ်ရဲ့လား ? အနိုင်ရတယ်ဆိုတဲ့ ခံစားချက်လေးတစ်ခုကြောင့်ပဲ ဆက်သွားနေမိတာလား စသဖြင့် သုံးသပ်ကြည့်လို့ရပါတယ်။

  • Limit တစ်ခုသတ်မှတ်ပါ။

ဥပမာ – အရုပ်တစ်ခါကောက်ရင် ဘယ်လောက်ထိပဲ ကောက်မယ်, တစ်နေ့ကို Social Media အသုံးပြုချိန်ဘယ်လောက်ပဲထားမယ်, တစ်ပတ်မှာ ဂိမ်းကစားချိန် ဘယ်လောက်ထိပဲ ထားမယ် စသဖြင့် တဖြေးဖြေးနဲ့ ကိုယ့်ရဲ့ Dopamine Craving ကိုလျော့ချနိုင်ပါတယ်။

  • Healthy Dopamine တွေရဖို့ ကြိုးစားကြည့်ပါ။

လမ်းလျှောက်ခြင်း, Exercise လုပ်ခြင်း, စာဖတ်ခြင်း, Skill အသစ်လေ့လာခြင်း, ကိုယ်ချစ်ခင်ရသူတွေနှင့် meaningful conversation , Quality time ဖြတ်သန်းခြင်း စတဲ့ အရာလေးတွေ စမ်းကြည့်နိုင်ပါတယ်။

  • ရေရှည်အတွက် Mindful Practices လေးတွေ ပြုလုပ်ကြည့်ပါ။

Mindful ဖြစ်ခြင်းကနေ ကိုယ့်ကိုကိုယ်ပိုပြီး Awareness ရနိုင်ဖို့ နှင့် ကိုယ်ပြုမူနေတဲ့ Action တွေကို ပိုပြီး သတိမူနိုင်ဖို့ ဖြစ်စေမှာပါ။ ဥပမာ – Deep Breathing, Meditation, Journaling စတာလေးတွေကို လုပ်ဆောင်နိုင်ပါတယ်။

ကိုယ့်ကိုပျော်ရွှင်မှုအစစ်ဖြစ်စေတဲ့ အရာလေးတွေကို တဖြေးဖြေးချင်း ရှာဖွေသွားကြည့်ရအောင်….

Book a Consultation

It’s easy and free!

MPG editor

MPG editor

Related Posts

“ The Growth Playground Vol 14 : “ Growing Together : Supporting Children through Change ”  

မလွှဲရှောင်နိုင်တဲ့ အပြောင်းအလဲတွေဆိုတာ လူကြီးတွေရဲ့ဘဝမှာသာမက ကလေးငယ်တွေရဲ့ဘဝမှာလည်း မကြာခဏ ကြုံတွေ့ရတတ်ပါတယ်။ 👶 မိသားစုတွင်းအခြေအနေပြောင်းလဲသွားတဲ့အခါ… 🌱 အသက်အရွယ်အရ ခန္ဓာကိုယ်နဲ့ စိတ်ပိုင်းဆိုင်ရာ အပြောင်းအလဲတွေကို ကြုံတွေ့ရတဲ့အခါ… 🏫 ကျောင်းစတက်ချိန် ( သို့ ) ကျောင်းပြောင်းရတဲ့အခါ…🏠 ရင်းနှီးတဲ့ပတ်ဝန်းကျင်၊ မိသားစု၊ သူငယ်ချင်းတွေဆီကနေ အခြားနေရာတစ်ခုကို ပြောင်းရွှေ့ရတဲ့အခါ…  ကလေးတွေအနေနဲ့ ဖွင့်ပြောမပြတတ်တဲ့ ဝမ်းနည်းမှု၊ စိုးရိမ်မှု စတဲ့ ခံစားချက်တွေ ပြင်းထန်လာတာမျိုးတွေ ဖြစ်တတ်ပါတယ်။  ဒါ့ကြောင့် - 💛 ကလေးတွေရဲ့ စိတ်ပိုင်းဆိုင်ရာလိုအပ်ချက်တွေကို ဘယ်လိုသတိထားပြီး ဖြည့်စည်းပေးနိုင်မလဲ ? 💛 အပြောင်းအလဲတွေကို ဖြတ်သန်းတဲ့အချိန်မှာ ကလေးတွေအတွက် လုံခြုံပြီး နွေးထွေးတဲ့ပတ်ဝန်းကျင်တစ်ခုကို ဘယ်လို ဖန်တီးပေးနိုင်မလဲ?  ဆိုတာကို ယခု Online webinar လေးမှာ “ …

Scholarships Available for Internal Family System ( IFS ) Practical for All – Online Class !!

( Deadline : 5th September 2026 ) ယခု Scholarship Program ကတော့ Internal Family System ( IFS ) method အကြောင်း စိတ်အားထက်သန်စွာလေ့လာချင်သူ, IFS model ကို အသုံးပြုပြီး မိမိကိုယ်တိုင်အတွက် ( သို့ ) ကိုယ့်ရဲ့ community အတွက် meaningful Impact ဖန်တီးချင်သူများအတွက် အခွင့်အရေးတစ်ခုဖြစ်ပါတယ်။  လျှောက်ထားသူရဲ့ strong motivation / financial need အပေါ်မူတည်ပြီး ( 20 - 100 % ) Partial or Full Scholarship ပေးအပ်သွားဖို့ ရှိပါတယ်… Who …

Internal Family System ( IFS ) Practical for All – Online Class 

Why IFS?  နေ့စဉ်ဘဝမှာ လူတိုင်းက “ ကိုယ်ခန္ဓာ, လိုအင်ဆန္ဒ, စိတ်ခံစားချက် နှင့် အတွေး ” တွေကတဆင့် ကိုယ့်ကိုကိုယ် နှင့် အပြန်အလှန် ချိတ်ဆက်သွယ်မှုတွေ ရှိနေပါတယ်။              တစ်ခါတလေမှာတော့ ကိုယ့်ကိုကိုယ် သတိမပြုမိပဲ ကိုယ်ရဲ့ အတွင်းထဲမှာ ဘာတွေဖြစ်ပျက်,ခံစားနေရလဲ ? ဘာကြောင့် ကိုယ် ဒီလို အပြုအမူ, တုံ့ပြန်မှုတွေ  လုပ်တတ်တာလဲ ? စတဲ့ ကိုယ့်ကိုကိုယ်အကြောင်း နက်နက်နဲနဲ သိနားလည်နိုင်ဖို့ ခက်ခဲတတ်ကြပါတယ်။  Internal Family System ( IFS )  approach ကတော့ လူတစ်ဦးတစ်ယောက်ချင်းစီအနေနဲ့ ကိုယ့်ရဲ့ inner world ကို “ curiosity ”, “ compassion’’, “ …