Helicopter Parenting

မိဘရယ်လို့ ဖြစ်လာတဲ့အခါ ကိုယ့်သားသမီးလေးတွေကို ဘေးမသိရန်မခဖို့, သူတို့လေးတွေကို အကောင်းဆုံး ပံ့ပိုးပေးချင်တယ် …ဆိုတဲ့စိတ်နဲ့ အစွမ်းကုန်ကြိုးစားချင်တာ မိဘတိုင်းလိုလိုပါ .. အထူးသဖြင့် ဒီလိုခေတ်ထဲမှာ ကိုယ့်သားသမီးတွေအတွက် အမြဲလိုလို စိုးရိမ်ပူပန်မိနေတယ်ဆိုတာလည်း သဘာဝကျပါတယ်။

မိဘရယ်လို့ ဖြစ်လာတဲ့အခါ ကိုယ့်သားသမီးလေးတွေကို ဘေးမသိရန်မခဖို့, သူတို့လေးတွေကို အကောင်းဆုံး ပံ့ပိုးပေးချင်တယ် …ဆိုတဲ့စိတ်နဲ့ အစွမ်းကုန်ကြိုးစားချင်တာ မိဘတိုင်းလိုလိုပါ ..✨

အထူးသဖြင့် ဒီလိုခေတ်ထဲမှာ ကိုယ့်သားသမီးတွေအတွက် အမြဲလိုလို စိုးရိမ်ပူပန်မိနေတယ်ဆိုတာလည်း သဘာဝကျပါတယ်။

ဒါပေမယ့်လည်း တစ်ခါတစ်လေ မိဘအနေနှင့် လိုအပ်တာထက်ပိုပြီး စိုးရိမ်လွန်ပြီး ကိုယ်တိုင်သတိမပြုမိတဲ့အခါ ကိုယ်က သားသမီးနဲ့ပတ်သတ်လာရင် အထိမခံနိုင်, အချို့ဆို ကိုယ့်သားသမီးက ကလေးလေး မဟုတ်တော့ပေမယ့် အမြဲတကောက်ကောက်လိုက် မျက်ခြေမပျက်စောင့်ကြည့်နေပြီး သူတို့ဘဝကို သူတို့ကိုယ်ပိုင်လွတ်လပ်ခွင့်နဲ့ မရှင်သန်စေ‌တော့ဘဲ ကိုယ့်ရဲ့အရိပ်နဲ့လွှမ်းမိုးမိသွားတာမျိုးဖြစ်လာနိုင်ပါတယ်။ ဒါ ဟာ “ Helicopter parenting ” လို့ခေါ်ပါတယ် 💢

ဒီလို ” Helicopter Parenting ” စောင့်ရှောက်မှုက ကိုယ့်အမြင်မှာတော့ သားသမီးလေးတွေကို အားသွန်ခွန်စိုက် အချိန်ပြည့်ကာကွယ်ဂရုစိုက်ပေးနေတယ်လို့ ထင်နိုင်ပေမယ့် သားသမီးရဲ့စိတ်ထဲမှာ –

💔“ မိဘ,အုပ်ထိန်းသူမပါဘဲ ကိုယ့်ဘာသာရပ်တည်နိုင်ဖို့မဖြစ်နိုင်ဘူး”

💔“ မိဘအုပ်ထိန်းသူမှ မရှိရင် အရာရာဟာ ကြောက်စရာတွေချည်းပဲ ”

💔“ အမှားလုပ်မိတာက လုံးဝမကောင်းတဲ့အရာဖြစ်တယ် ” စသဖြင့် တွေးမိလာစေတတ်ပါတယ်။

ဒါဆိုရင် သားသမီးလေးတွေကို သူတို့ရဲ့ အမြင်,အတွေးအခေါ်လေးတွေကို အားပေးလက်ခံကြည့်မယ်။ နားလည်စာနာမှုနှင့် ပြောဆိုဆက်ဆံကြည့်မယ်, လေးစားတန်ဖိုးထားမှုပေးပြီး လမ်းညွှန်ဆုံးမမှုပေးတဲ့ ပြုစုစောင့်ရှောက်မှု လုပ်လို့ရပါတယ်။ ဒါကိုတော့ Gentle parenting လို့ခေါ်ပါတယ်။

Gentle parenting လို့ဆိုလို့ အမြဲအလိုလိုက်ပြီး သားသမီးတွေ နေချင်သလိုနေ, ကလေးဘာပဲလုပ်လုပ် အကောင်းပဲဆိုပြီး သတ်မှတ်ထားဖို့တော့မဟုတ်ပါဘူး။ Gentle parenting မှာ –

✨ ကလေးတွေနဲ့အတူတူရှိနေပေးတယ်, စိတ်ပိုင်းဆိုင်ရာ ရင်းနှီးနွေးထွေးမှုတည်ဆောက်တယ်။

✨ စိတ်ခံစားချက်အပေါ်မမူတည်ဘဲ တသမတ်တည်းဆက်ဆံဂရုစိုက်ပေးတယ်။

✨ ထိန်းချုပ်မှုမလုပ်ဘဲ ကိုယ့်ကလေးနဲ့အတူတူ ဆောင်ရွက်ဖြေရှင်းတယ်။

✨ အချစ်ခံရတယ်, လေးစားတန်ဖိုးထားခံရပြီး သူတို့ကိုယ်ပိုင်ဖြစ်တည်မှုနှင့် ကိုယ်ပိုင်ဆုံးဖြတ်ချက်ချနိုင်ခွင့်ရှိတဲ့ လူသားလေးတွေအဖြစ် ခံစားရစေတာမျိုးဖြစ်ပါတယ်။

🌱 Gentle parenting ကို ဒီနည်းလမ်းတွေနဲ့ စတင်ကြည့်နိုင်ပါတယ်။

🧘‍♀️ Pause before reacting: ကလေးက အမှားတစ်ခုလုပ်တဲ့အခါမှာ ချက်ချင်းတုံ့ပြန်အော်ဟစ်တာထက်, အသက်ခဏရှုပြီး သူတို့အပေါ်ကို “ ဘာလို့ဒီအပြုမူလုပ်တာလဲ… ဆိုတဲ့ သိလိုစိတ်နှင့် တုံ့ပြန်ကြည့်ပါ။

👂 Validate their feelings: ကိုယ့်ကလေးက ဝမ်းနည်းလို့ ငိုတဲ့အခါမျိုးမှာ မငိုနဲ့လို့တားမြစ်မယ့်အစား “ဝမ်းနည်းတာကို အသိမှတ်ပြုကြောင်းပြုမူပေးပါ။

💬 Offer choices, not commands: ဒါလုပ်, ဒီလိုနေဆိုပြီး အမိန့်ပေးခိုင်းစေတာထက်, ရွေးချယ်မှုပေးပါ။ ဥပမာ – အခုချက်ချင်း ဖိနပ်စီးလို့ပြောမယ့်အစား ဖိနပ်အနီလေးစီးမလား..အပြာလေးစီးမလား.. ဘယ်ဖိနပ်လေးစီးမလဲ ဆိုပြီး ဦးဆောင်နိုင်ပါတယ်။

🤝 Involve them in problem-solving: ဒီအရာကိုဖြေရှင်းဖို့ ဘာတွေတူတူလုပ်ကြမလဲဆိုပြီး ပါဝင်,အကြံတောင်းခြင်းလုပ်နိုင်ပါတယ်။

💛 Reconnect after conflict: ကလေးအပေါ် ဆူမိ,စိတ်ဆိုးမိတဲ့အခါမှာလည်း “ လုပ်ရပ်ကို စိတ်ဆိုးတယ်။ ဒါပေမယ့် ကလေးကို ချစ်တယ်, ဂရုစိုက်တယ် တန်ဖိုးထားတယ် “ စသဖြင့် နှစ်သိမ့်ကြင်နာမှုပြပါ။

အရေးကြီးတာက ကလေးကိုပြုစုပျိုးထောင်တဲ့အခါ မိဘတွေအနေနဲ့ Perfect Parent ဖြစ်နေစရာမလိုပါဘူး။ ကိုယ့်သားသမီးတွေကို ဂရုစိုက်နားထောင်ပေးပြီး, သားသမီးရဲ့ ကိုယ်ပိုင်ဘဝဖြတ်သန်းပုံကို ယုံယုံကြည်ကြည်နှင့် ‌ဘေးကနေဖေးမမှုပေးခြင်းကနေ သားသမီးနဲ့ ကိုယ့်ကြားမှာ ပိုပြီးအပြုသဘောဆောင်တဲ့ ချိတ်ဆက်ရင်းနှီးမှုရစေနိုင်မှာပါ။

ကိုယ့်မိဘက အပြစ်တင်မှာ, ဆူပူမှာကိုပဲ အမြဲစိုးရိမ်ကြောက်တတ်တဲ့ကလေးထက်, မိဘဆီက ချစ်ခြင်း,စိတ်ချလုံခြုံမှုအပြည့်ဝရတဲ့ကလေးလေးတွေဖြစ်ဖို့ ပျိုးထောင်ကြရအောင် …

Let’s grow with them. 🌿

Book a Consultation

It’s easy and free!

mental@admin

mental@admin

Related Posts

“ The Growth Playground Vol 14 : “ Growing Together : Supporting Children through Change ”  

မလွှဲရှောင်နိုင်တဲ့ အပြောင်းအလဲတွေဆိုတာ လူကြီးတွေရဲ့ဘဝမှာသာမက ကလေးငယ်တွေရဲ့ဘဝမှာလည်း မကြာခဏ ကြုံတွေ့ရတတ်ပါတယ်။ 👶 မိသားစုတွင်းအခြေအနေပြောင်းလဲသွားတဲ့အခါ… 🌱 အသက်အရွယ်အရ ခန္ဓာကိုယ်နဲ့ စိတ်ပိုင်းဆိုင်ရာ အပြောင်းအလဲတွေကို ကြုံတွေ့ရတဲ့အခါ… 🏫 ကျောင်းစတက်ချိန် ( သို့ ) ကျောင်းပြောင်းရတဲ့အခါ…🏠 ရင်းနှီးတဲ့ပတ်ဝန်းကျင်၊ မိသားစု၊ သူငယ်ချင်းတွေဆီကနေ အခြားနေရာတစ်ခုကို ပြောင်းရွှေ့ရတဲ့အခါ…  ကလေးတွေအနေနဲ့ ဖွင့်ပြောမပြတတ်တဲ့ ဝမ်းနည်းမှု၊ စိုးရိမ်မှု စတဲ့ ခံစားချက်တွေ ပြင်းထန်လာတာမျိုးတွေ ဖြစ်တတ်ပါတယ်။  ဒါ့ကြောင့် - 💛 ကလေးတွေရဲ့ စိတ်ပိုင်းဆိုင်ရာလိုအပ်ချက်တွေကို ဘယ်လိုသတိထားပြီး ဖြည့်စည်းပေးနိုင်မလဲ ? 💛 အပြောင်းအလဲတွေကို ဖြတ်သန်းတဲ့အချိန်မှာ ကလေးတွေအတွက် လုံခြုံပြီး နွေးထွေးတဲ့ပတ်ဝန်းကျင်တစ်ခုကို ဘယ်လို ဖန်တီးပေးနိုင်မလဲ?  ဆိုတာကို ယခု Online webinar လေးမှာ “ …

Scholarships Available for Internal Family System ( IFS ) Practical for All – Online Class !!

( Deadline : 5th September 2026 ) ယခု Scholarship Program ကတော့ Internal Family System ( IFS ) method အကြောင်း စိတ်အားထက်သန်စွာလေ့လာချင်သူ, IFS model ကို အသုံးပြုပြီး မိမိကိုယ်တိုင်အတွက် ( သို့ ) ကိုယ့်ရဲ့ community အတွက် meaningful Impact ဖန်တီးချင်သူများအတွက် အခွင့်အရေးတစ်ခုဖြစ်ပါတယ်။  လျှောက်ထားသူရဲ့ strong motivation / financial need အပေါ်မူတည်ပြီး ( 20 - 100 % ) Partial or Full Scholarship ပေးအပ်သွားဖို့ ရှိပါတယ်… Who …

Internal Family System ( IFS ) Practical for All – Online Class 

Why IFS?  နေ့စဉ်ဘဝမှာ လူတိုင်းက “ ကိုယ်ခန္ဓာ, လိုအင်ဆန္ဒ, စိတ်ခံစားချက် နှင့် အတွေး ” တွေကတဆင့် ကိုယ့်ကိုကိုယ် နှင့် အပြန်အလှန် ချိတ်ဆက်သွယ်မှုတွေ ရှိနေပါတယ်။              တစ်ခါတလေမှာတော့ ကိုယ့်ကိုကိုယ် သတိမပြုမိပဲ ကိုယ်ရဲ့ အတွင်းထဲမှာ ဘာတွေဖြစ်ပျက်,ခံစားနေရလဲ ? ဘာကြောင့် ကိုယ် ဒီလို အပြုအမူ, တုံ့ပြန်မှုတွေ  လုပ်တတ်တာလဲ ? စတဲ့ ကိုယ့်ကိုကိုယ်အကြောင်း နက်နက်နဲနဲ သိနားလည်နိုင်ဖို့ ခက်ခဲတတ်ကြပါတယ်။  Internal Family System ( IFS )  approach ကတော့ လူတစ်ဦးတစ်ယောက်ချင်းစီအနေနဲ့ ကိုယ့်ရဲ့ inner world ကို “ curiosity ”, “ compassion’’, “ …