ကိုယ့်စိတ်ကလေးက ကိုယ့်ရဲ့အပိုင်ဆိုပေမယ့် ပြင်ပပတ်ဝန်းကျင်မှာ ဖြစ်ပျက်နေတဲ့အရာတွေ၊ ကြားနေရတဲ့အသံတွေ၊တစ်စုံတစ်ယောက်ရဲ့ အပြုအမူတစ်ခု၊ စကားတစ်ခွန်းလို ရိုက်ခတ်မှုသေးသေးလေးတွေက ကိုယ့်စိတ်အေးချမ်းမှုကို အနည်းနဲ့အများ သက်ရောက်မှုရှိသွားတာကို လူအများစု ကြုံဖူးကြမှာပါ။ ဘာကြောင့် ပြင်ပအရာတွေက ကိုယ့်စိတ်ကို အလိုအလျောက် သက်ရောက်မှုဖြစ်စေတတ်တာလဲ? ကိုယ့်ဦးနှောက်ဟာ အသက်ရှင်နိုင်ဖို့အတွက် Survival Mode နဲ့ အမြဲတမ်း အသင့်ရှိနေတတ်ပါတယ်။ ဦးနှောက်ရဲ့ emotional center ဖြစ်တဲ့ amygdala က ကျိုးကြောင်းဆင်ခြင်သုံးသပ်တဲ့ prefrontal cortex ထက်ပိုမြန်ဆန်စွာ ပြင်ပလှုံ့ဆော်မှုတွေကို မီလီစက္ကန့်အတွင်းမှာတင် ချက်ချင်း process လုပ်ပြီးခံစားချက်တွေကို အလိုအလျောက် ဖြစ်ပေါ်လာစေပါတယ်။ ဒါ့အပြင် ဦးနှောက်ဟာ လက်ရှိအရှိတရားထက် အတိတ်မှာ ကြုံတွေ့ခဲ့ဖူးတဲ့ experience တွေ၊ ယုံကြည်ချက်တွေ၊past patterns တွေနဲ့ နှိုင်းယှဉ်ပြီး predictive processing …
ကိုယ့်စိတ်ကလေးက ကိုယ့်ရဲ့အပိုင်ဆိုပေမယ့် ပြင်ပပတ်ဝန်းကျင်မှာ ဖြစ်ပျက်နေတဲ့အရာတွေ၊ ကြားနေရတဲ့အသံတွေ၊
တစ်စုံတစ်ယောက်ရဲ့ အပြုအမူတစ်ခု၊ စကားတစ်ခွန်းလို ရိုက်ခတ်မှုသေးသေးလေးတွေက ကိုယ့်စိတ်အေးချမ်းမှုကို အနည်းနဲ့အများ သက်ရောက်မှုရှိသွားတာကို လူအများစု ကြုံဖူးကြမှာပါ။
ဘာကြောင့် ပြင်ပအရာတွေက ကိုယ့်စိတ်ကို အလိုအလျောက် သက်ရောက်မှုဖြစ်စေတတ်တာလဲ?
ကိုယ့်ဦးနှောက်ဟာ အသက်ရှင်နိုင်ဖို့အတွက် Survival Mode နဲ့ အမြဲတမ်း အသင့်ရှိနေတတ်ပါတယ်။ ဦးနှောက်ရဲ့ emotional center ဖြစ်တဲ့ amygdala က ကျိုးကြောင်းဆင်ခြင်သုံးသပ်တဲ့ prefrontal cortex ထက်
ပိုမြန်ဆန်စွာ ပြင်ပလှုံ့ဆော်မှုတွေကို မီလီစက္ကန့်အတွင်းမှာတင် ချက်ချင်း process လုပ်ပြီး
ခံစားချက်တွေကို အလိုအလျောက် ဖြစ်ပေါ်လာစေပါတယ်။
ဒါ့အပြင် ဦးနှောက်ဟာ လက်ရှိအရှိတရားထက် အတိတ်မှာ ကြုံတွေ့ခဲ့ဖူးတဲ့ experience တွေ၊ ယုံကြည်ချက်တွေ၊
past patterns တွေနဲ့ နှိုင်းယှဉ်ပြီး predictive processing လုပ်တတ်ပါတယ်။
ဥပမာအနေနဲ့ — တစ်ယောက်ယောက် မျက်နှာမသာမယာဖြစ်နေတဲ့အခါ သူက ကိုယ့်အပေါ် စိတ်မကြည်ဘူးလို့ ခံယူသတ်မှတ်လိုက်တာမျိုးပါ။
ဒါကြောင့်…ကိုယ်တုံ့ပြန်နေတာဟာ တကယ့် Reality ကိုလား…ဒါမှမဟုတ် ကိုယ့်ဦးနှောက်ရဲ့ Prediction ကိုလား ဆိုတာ
သတိပြုမိဖို့ အရေးကြီးပါတယ်။
🌿 How to stay unfazed
ကိုယ့်ဆီရောက်လာတဲ့ ရိုက်ခတ်မှုတွေ ချက်ချင်း React လုပ်မယ့်အစား ပိုပြီး အသိ,သတိရှိစိတ်နှင့် ယှဉ်တွဲပြီး Respond လုပ်နိုင်ဖို့ ကြိုးစားကြည့်ပါ။ နည်းလမ်းတွေအနေနဲ့ –
Take a Pause : စက္ကန့်အနည်းငယ် ရပ်ပြီး “ကိုယ် အခု ဘာခံစားနေရလဲ?” လို့ ကိုယ့်ကိုယ်ကို သတိပြုကြည့်ပါ။
Name the Emotion ဒေါသလား… စိုးရိမ်လား… စိတ်လှုပ်ရှားမှုလားဆိုပြီး ခံစားချက်ကို နာမည်တပ်ပေးလိုက်ပါ။
ဒီလိုလုပ်တဲ့အခါ လှုပ်ခတ်နေတဲ့ ကိုယ့်စိတ်ခံစားချက်လေးကို အနည်းငယ်လျော့ချပေးသလို ဖြစ်မှာပါ။
Protect your mental space ကြုံလာသမျှကို အမြဲတုံ့ပြန်ဖို့ မလိုပါဘူး။ တစ်ခါတလေ မတုံ့ပြန်ပဲ တိတ်ဆိတ်ငြိမ်သက်ခြင်းအားဖြင့် ကိုယ့်ရဲ့ Boundary ကို ဖော်ပြလို့ရပါတယ်။
📵 Limit overstimulation Social media scrolling မရပ်မနားလုပ်နေခြင်းက ဦးနှောက်ကို overload ဖြစ်စေပါတယ်။
ကိုယ့်အတွက် တိတ်ဆိတ်အေးချမ်းတဲ့ space တစ်ခု ဖန်တီးစီးမျောကြည့်ပါ။
🫁 Control your breath, control your state 4 စက္ကန့်ရှု – 4 စက္ကန့်နား – 6 စက္ကန့်ရှုထုတ် ဆိုတဲ့ breathing pattern လေးတွေက nervous system ကို တည်ငြိမ်စေပါတယ်။
ဒီနေ့မှာလည်း ကိုယ့်ရဲ့ စိတ်အေးချမ်းမှုလေးကို ကိုယ်တိုင်ကနေ အစပြုလို့ ဂရုစိုက်ပေးကြရအောင်…. Let’s find peace in being unfazed






