Finding Peace in Being Unfazed

ကိုယ့်စိတ်ကလေးက ကိုယ့်ရဲ့အပိုင်ဆိုပေမယ့် ပြင်ပပတ်ဝန်းကျင်မှာ ဖြစ်ပျက်နေတဲ့အရာတွေ၊ ကြားနေရတဲ့အသံတွေ၊တစ်စုံတစ်ယောက်ရဲ့ အပြုအမူတစ်ခု၊ စကားတစ်ခွန်းလို ရိုက်ခတ်မှုသေးသေးလေးတွေက ကိုယ့်စိတ်အေးချမ်းမှုကို အနည်းနဲ့အများ သက်ရောက်မှုရှိသွားတာကို လူအများစု ကြုံဖူးကြမှာပါ။ ဘာကြောင့် ပြင်ပအရာတွေက ကိုယ့်စိတ်ကို အလိုအလျောက် သက်ရောက်မှုဖြစ်စေတတ်တာလဲ? ကိုယ့်ဦးနှောက်ဟာ အသက်ရှင်နိုင်ဖို့အတွက် Survival Mode နဲ့ အမြဲတမ်း အသင့်ရှိနေတတ်ပါတယ်။ ဦးနှောက်ရဲ့ emotional center ဖြစ်တဲ့ amygdala က ကျိုးကြောင်းဆင်ခြင်သုံးသပ်တဲ့ prefrontal cortex ထက်ပိုမြန်ဆန်စွာ ပြင်ပလှုံ့ဆော်မှုတွေကို မီလီစက္ကန့်အတွင်းမှာတင် ချက်ချင်း process လုပ်ပြီးခံစားချက်တွေကို အလိုအလျောက် ဖြစ်ပေါ်လာစေပါတယ်။ ဒါ့အပြင် ဦးနှောက်ဟာ လက်ရှိအရှိတရားထက် အတိတ်မှာ ကြုံတွေ့ခဲ့ဖူးတဲ့ experience တွေ၊ ယုံကြည်ချက်တွေ၊past patterns တွေနဲ့ နှိုင်းယှဉ်ပြီး predictive processing …

ကိုယ့်စိတ်ကလေးက ကိုယ့်ရဲ့အပိုင်ဆိုပေမယ့် ပြင်ပပတ်ဝန်းကျင်မှာ ဖြစ်ပျက်နေတဲ့အရာတွေ၊ ကြားနေရတဲ့အသံတွေ၊
တစ်စုံတစ်ယောက်ရဲ့ အပြုအမူတစ်ခု၊ စကားတစ်ခွန်းလို ရိုက်ခတ်မှုသေးသေးလေးတွေက ကိုယ့်စိတ်အေးချမ်းမှုကို အနည်းနဲ့အများ သက်ရောက်မှုရှိသွားတာကို လူအများစု ကြုံဖူးကြမှာပါ။

ဘာကြောင့် ပြင်ပအရာတွေက ကိုယ့်စိတ်ကို အလိုအလျောက် သက်ရောက်မှုဖြစ်စေတတ်တာလဲ?

ကိုယ့်ဦးနှောက်ဟာ အသက်ရှင်နိုင်ဖို့အတွက် Survival Mode နဲ့ အမြဲတမ်း အသင့်ရှိနေတတ်ပါတယ်။ ဦးနှောက်ရဲ့ emotional center ဖြစ်တဲ့ amygdala က ကျိုးကြောင်းဆင်ခြင်သုံးသပ်တဲ့ prefrontal cortex ထက်
ပိုမြန်ဆန်စွာ ပြင်ပလှုံ့ဆော်မှုတွေကို မီလီစက္ကန့်အတွင်းမှာတင် ချက်ချင်း process လုပ်ပြီး
ခံစားချက်တွေကို အလိုအလျောက် ဖြစ်ပေါ်လာစေပါတယ်။

ဒါ့အပြင် ဦးနှောက်ဟာ လက်ရှိအရှိတရားထက် အတိတ်မှာ ကြုံတွေ့ခဲ့ဖူးတဲ့ experience တွေ၊ ယုံကြည်ချက်တွေ၊
past patterns တွေနဲ့ နှိုင်းယှဉ်ပြီး predictive processing လုပ်တတ်ပါတယ်။

ဥပမာအနေနဲ့ — တစ်ယောက်ယောက် မျက်နှာမသာမယာဖြစ်နေတဲ့အခါ သူက ကိုယ့်အပေါ် စိတ်မကြည်ဘူးလို့ ခံယူသတ်မှတ်လိုက်တာမျိုးပါ။

ဒါကြောင့်…ကိုယ်တုံ့ပြန်နေတာဟာ တကယ့် Reality ကိုလား…ဒါမှမဟုတ် ကိုယ့်ဦးနှောက်ရဲ့ Prediction ကိုလား ဆိုတာ
သတိပြုမိဖို့ အရေးကြီးပါတယ်။


🌿 How to stay unfazed 
ကိုယ့်ဆီရောက်လာတဲ့ ရိုက်ခတ်မှုတွေ ချက်ချင်း React လုပ်မယ့်အစား ပိုပြီး အသိ,သတိရှိစိတ်နှင့် ယှဉ်တွဲပြီး Respond လုပ်နိုင်ဖို့ ကြိုးစားကြည့်ပါ။ နည်းလမ်းတွေအနေနဲ့ – 

Take a Pause : စက္ကန့်အနည်းငယ် ရပ်ပြီး “ကိုယ် အခု ဘာခံစားနေရလဲ?” လို့ ကိုယ့်ကိုယ်ကို သတိပြုကြည့်ပါ။

Name the Emotion  ဒေါသလား… စိုးရိမ်လား… စိတ်လှုပ်ရှားမှုလားဆိုပြီး ခံစားချက်ကို နာမည်တပ်ပေးလိုက်ပါ။
ဒီလိုလုပ်တဲ့အခါ လှုပ်ခတ်နေတဲ့ ကိုယ့်စိတ်ခံစားချက်လေးကို အနည်းငယ်လျော့ချပေးသလို ဖြစ်မှာပါ။ 

Protect your mental space ကြုံလာသမျှကို အမြဲတုံ့ပြန်ဖို့ မလိုပါဘူး။ တစ်ခါတလေ မတုံ့ပြန်ပဲ တိတ်ဆိတ်ငြိမ်သက်ခြင်းအားဖြင့် ကိုယ့်ရဲ့ Boundary ကို ဖော်ပြလို့ရပါတယ်။

📵 Limit overstimulation Social media scrolling မရပ်မနားလုပ်နေခြင်းက ဦးနှောက်ကို overload ဖြစ်စေပါတယ်။
ကိုယ့်အတွက် တိတ်ဆိတ်အေးချမ်းတဲ့ space တစ်ခု ဖန်တီးစီးမျောကြည့်ပါ။ 

🫁 Control your breath, control your state  4 စက္ကန့်ရှု – 4 စက္ကန့်နား – 6 စက္ကန့်ရှုထုတ် ဆိုတဲ့ breathing pattern လေးတွေက nervous system ကို တည်ငြိမ်စေပါတယ်။

        ဒီနေ့မှာလည်း ကိုယ့်ရဲ့ စိတ်အေးချမ်းမှုလေးကို ကိုယ်တိုင်ကနေ အစပြုလို့ ဂရုစိုက်ပေးကြရအောင်…. Let’s find peace in being unfazed

Book a Consultation

It’s easy and free!

MPG editor

MPG editor

Related Posts

အိမ်အပြင်ထွက်ဖို့က ခက်ခဲတဲ့စွန့်စားခန်းတစ်ခုလိုပါပဲ “ Agoraphobia ”

တစ်ခါတလေ အပြင်ထွက်ဖို့၊ ဈေးဝယ်ဖို့၊ ဘတ်စ်ကားစီးဖို့ ဒါမှမဟုတ် လူများတဲ့နေရာတစ်ခုကို သွားဖို့ စဉ်းစားလိုက်တာနဲ့ စိုးရိမ်ပူပန်မှုတွေ စတင်ဖြစ်ပေါ်လာတာမျိုး ကြုံဖူးလား…  “ အပြင်ရောက်သွားတဲ့အခါ အရေးပေါ် အန္တရာယ်တစ်ခုခုများကြုံမလား…အထိတ်တလန့်အခြေအနေတွေကြုံပြီး Panic Attack လိုမျိုး ဖြစ်သွားမလား…အရေးပေါ်အခြေအနေတစ်ခုခု ဖြစ်လာရင် ကိုယ်ထွက်ပြေးလွတ်မြောက်ဖို့ ခက်ခဲသွားမလားဆိုတဲ့ အတွေးတွေနဲ့ စိုးရိမ်ကြောက်ရွံ့မှုတွေလွန်ကဲလာပြီး ကိုယ့်အိမ်ကနေတောင် ထွက်ဖို့ အချိန်များစွာယူရတယ်, အဆိုးဆုံးအခြေအနေတွေမှာ အိမ်ထဲကနေတောင် မထွက်နိုင်တော့ဘူး။ အချို့နေရာတွေဆို သွားချင်စိတ်ရှိ‌ရင်တောင် ရှောင်ရှားလိုက်ရတယ်..  Agoraphobia ဆိုတာ ဘာလဲ။ Agoraphobia ဆိုတာ အထိတ်တလန့်ဖြစ်လာတဲ့အခါ ထွက်ပြေးလွတ်မြောက်ဖို့ (သို့) အကူအညီရဖို့ ခက်ခဲမယ်လို့ ခံစားရနိုင်တဲ့ နေရာတွေနဲ့ အခြေအနေတွေကို အလွန်အမင်း ကြောက်ရွံ့ပြီး ရှောင်ရှားတတ်တဲ့ စိတ်ကျန်းမာရေးဆိုင်ရာ အခြေအနေတစ်ခုဖြစ်ပါတယ်။ ကြောက်ရွံ့မှုတွေကြောင့် အဲဒီနေရာတွေကို ရှောင်ရှားလာတာ၊ အပြင်ထွက်တဲ့အခါ …

Bipolar Disorder: Beyond the Mood Swings

Understanding the signs, challenging misconceptions, and learning how to support someone living with bipolar disorder. ကိုယ်တိုင် ( သို့ ) ကိုယ့်ရဲ့ နီးစပ်ရာ အသိမိတ်ဆွေ, မိသားစုဝင်တစ်ဦးဦးက အချို့နေ့တွေမှာ အပြင်တွေသွား လန်းဆန်းတက်ကြွပြီး, စိတ်ဓာတ်တွေအလွန်အမင်းတက်ကြွနေတယ်၊ အချို့နေ့တွေကျတော့ တစ်ခြားတစ်ယောက်ဖြစ်သွားသလို လုံးဝကို စိတ်ဓာတ်ကျနေပြီး အခန်းထဲကနေမထွက်ချင်လောက်အောင် ဖြစ်နေတယ်, ဘာဆိုဘာမှလည်း မလုပ်နိုင်တော့သလို ဖြစ်နေတယ်… What Is Bipolar Disorder? Bipolar Disorder ဆိုတာ စိတ်ခံစားချက် (mood)၊ အားအင် (energy) နဲ့ လှုပ်ရှားလုပ်ဆောင်မှု (activity levels), အိပ်စက်မှုတွေမှာ သိသာထင်ရှားတဲ့ ပြောင်းလဲမှုတွေ ဖြစ်ပေါ်စေနိုင်တဲ့ …

မလိုလားအပ်တဲ့ အတွေးတွေနဲ့ ထပ်ခါထပ်ခါ လုပ်ဆောင်နေရမှုတွေကြားကObsessive-Compulsive Disorder ( OCD )အကြောင်း

Obsessive-Compulsive Disorder (OCD) မှာ အဓိကအားဖြင့် ဥပမာအားဖြင့် တံခါးပိတ်ပြီးပြီလို့ သိပေမယ့် မသေချာတဲ့အတွေး ထပ်ခါထပ်ခါ ဝင်လာခြင်း (Obsessions) နဲ့ စိတ်သက်သာဖို့အတွက် တံခါးကို အကြိမ်ကြိမ် ပြန်စစ်ခြင်း (Compulsions) တို့ ဖြစ်ပါတယ်။ OCD အမျိုးအစား နှင့် လက္ခဏာများ - OCD မှာ အမျိုးအစားများစွာရှိပြီး လူတစ်ယောက်နဲ့တစ်ယောက်မှာ  ကြုံတွေ့ရမှုလက္ခဏာတွေ မတူညီနိုင်ပါဘူး။ ယေဘုယျ အမျိုးအစားတွေကတော့ ဒါ့အပြင် Relationship OCD ( ROCD ) လို့ခေါ်တဲ့ ကိုယ့်ချစ်သူက ကိုယ့်ကို တကယ်ချစ်ရဲ့လား၊ ကိုယ်က သူ့ကို တကယ်ချစ်ရဲ့လား၊ ဒီဆက်ဆံရေးက ကိုယ့်အတွက် သင့်တော်ရဲ့လားဆိုတာကို ထပ်ခါထပ်ခါ သံသယဝင်ပြီး စိုးရိမ်နေခြင်း။ ဆက်ဆံရေးမှာ ထင်ရှားတဲ့ ပြဿနာမရှိတဲ့အချိန်မှာတောင် …