မလိုလားအပ်တဲ့ အတွေးတွေနဲ့ ထပ်ခါထပ်ခါ လုပ်ဆောင်နေရမှုတွေကြားကObsessive-Compulsive Disorder ( OCD )အကြောင်း

Obsessive-Compulsive Disorder (OCD) မှာ အဓိကအားဖြင့် ဥပမာအားဖြင့် တံခါးပိတ်ပြီးပြီလို့ သိပေမယ့် မသေချာတဲ့အတွေး ထပ်ခါထပ်ခါ ဝင်လာခြင်း (Obsessions) နဲ့ စိတ်သက်သာဖို့အတွက် တံခါးကို အကြိမ်ကြိမ် ပြန်စစ်ခြင်း (Compulsions) တို့ ဖြစ်ပါတယ်။ OCD အမျိုးအစား နှင့် လက္ခဏာများ - OCD မှာ အမျိုးအစားများစွာရှိပြီး လူတစ်ယောက်နဲ့တစ်ယောက်မှာ  ကြုံတွေ့ရမှုလက္ခဏာတွေ မတူညီနိုင်ပါဘူး။ ယေဘုယျ အမျိုးအစားတွေကတော့ ဒါ့အပြင် Relationship OCD ( ROCD ) လို့ခေါ်တဲ့ ကိုယ့်ချစ်သူက ကိုယ့်ကို တကယ်ချစ်ရဲ့လား၊ ကိုယ်က သူ့ကို တကယ်ချစ်ရဲ့လား၊ ဒီဆက်ဆံရေးက ကိုယ့်အတွက် သင့်တော်ရဲ့လားဆိုတာကို ထပ်ခါထပ်ခါ သံသယဝင်ပြီး စိုးရိမ်နေခြင်း။ ဆက်ဆံရေးမှာ ထင်ရှားတဲ့ ပြဿနာမရှိတဲ့အချိန်မှာတောင် …

Obsessive-Compulsive Disorder (OCD) မှာ အဓိကအားဖြင့်

  • Obsessions — မလိုလားအပ်ဘဲ စိတ်ထဲကို ထပ်ခါထပ်ခါ ဝင်လာတဲ့ အတွေးတွေနဲ့ စိုးရိမ်မှုတွေ။
  • Compulsions — အဲဒီစိတ်ပူပန်မှုတွေကို သက်သာစေဖို့ ထပ်ခါထပ်ခါ လုပ်ဆောင်တဲ့ အပြုအမူတွေ၊ စိတ်ထဲက လုပ်ဆောင်မှုတွေ ပါဝင်ပါတယ်။

ဥပမာအားဖြင့် တံခါးပိတ်ပြီးပြီလို့ သိပေမယ့် မသေချာတဲ့အတွေး ထပ်ခါထပ်ခါ ဝင်လာခြင်း (Obsessions) နဲ့ စိတ်သက်သာဖို့အတွက် တံခါးကို အကြိမ်ကြိမ် ပြန်စစ်ခြင်း (Compulsions) တို့ ဖြစ်ပါတယ်။

OCD မှာ အမျိုးအစားများစွာရှိပြီး လူတစ်ယောက်နဲ့တစ်ယောက်မှာ  ကြုံတွေ့ရမှုလက္ခဏာတွေ မတူညီနိုင်ပါဘူး။ ယေဘုယျ အမျိုးအစားတွေကတော့

  • Cleaning and Contenmination — ပိုးမွှား၊ ရောဂါပိုး၊ ဖုန်မှုန့်နဲ့ ညစ်ပတ်မှုတွေကို ထိတွေ့မိမှာ အလွန်အမင်း စိုးရိမ်ခြင်း၊ လက်ဆေး၊ သန့်ရှင်းရေးလုပ်ပြီးတာတောင် မသန့်ရှင်းသေးဘူးလို့ ခံစားရပြီး ထပ်ခါထပ်ခါ ဆေးကြောသန့်ရှင်းခြင်း။
  • Checking —  တံခါးတွေကို သော့ခတ်ထားရဲ့ လား၊ မီးဖိုတကယ်ရော ပိတ်ထားရဲ့လား စသဖြင့် မကောင်းတာတစ်ခုခု ဖြစ်သွားမှာ၊ ဒါမှမဟုတ် ကိုယ်တစ်ခုခု ကျန်ခဲ့သွားမှာစတဲ့ စိုးရိမ်စိတ်တွေ လွန်ကဲပြီး  စိတ်သက်သာမှုရအောင် အကြိမ်ကြိမ် ပြန်စစ်ဆေးခြင်း။
  • Symmetry and Ordering — ပစ္စည်းတွေကို ညီညာအချိုးကျစွာ စီထားဖို့၊ အရာအားလုံးကို ကိုယ်သတ်မှတ်ထားတဲ့ ပုံစံအတိုင်း ဖြစ်နေမှရမယ်ဆိုပြီး ခံစားရခြင်း။ မိမိလိုချင်တဲ့ပုံစံအတိုင်း မရှိတဲ့အခါ စိတ်မသက်မသာဖြစ်ပြီး ထပ်ခါထပ်ခါ ပြင်ဆင်စီစဉ်ခြင်း။
  • Intrusive Thoughts — မိမိမလိုလားတဲ့ လိင်ပိုင်းဆိုင်ရာ၊ ဘာသာရေးဆိုင်ရာ သို့မဟုတ် အကြမ်းဖက်မှုဆန်တဲ့ အတွေးတွေ ထပ်ခါထပ်ခါ ဝင်လာခြင်းကြောင့် စိတ်ပင်ပန်းခြင်း၊ စိုးရိမ်ခြင်းနဲ့ ကိုယ့်ကိုယ်ကို အပြစ်တင်မိခြင်းတို့ ဖြစ်နိုင်ပါတယ်။ ( သို့သော် ဒီလိုအတွေးတွေ ဝင်လာတာဟာ အဲဒီအရာတွေကို တကယ်လုပ်ချင်တယ်လို့ မဆိုလို နိုင်ပါဘူး။ )

ဒါ့အပြင် Relationship OCD ( ROCD ) လို့ခေါ်တဲ့ ကိုယ့်ချစ်သူက ကိုယ့်ကို တကယ်ချစ်ရဲ့လား၊ ကိုယ်က သူ့ကို တကယ်ချစ်ရဲ့လား၊ ဒီဆက်ဆံရေးက ကိုယ့်အတွက် သင့်တော်ရဲ့လားဆိုတာကို ထပ်ခါထပ်ခါ သံသယဝင်ပြီး စိုးရိမ်နေခြင်း။ ဆက်ဆံရေးမှာ ထင်ရှားတဲ့ ပြဿနာမရှိတဲ့အချိန်မှာတောင် ကိုယ့်ခံစားချက်နဲ့ ဆက်ဆံရေးအခြေအနေကို အမြဲဆန်းစစ်နေမိခြင်း၊ သေချာမှုရဖို့ အကြိမ်ကြိမ် အတည်ပြုချက်ရှာဖွေခြင်းတို့ ပါဝင်နိုင်ပါတယ်။

“အသန့်ကြိုက်ရင် OCD ရှိတာပဲ ” ဆိုတာ မမှန်ပါဘူး။

သန့်ရှင်းရေးကြိုက်ခြင်း၊ ပစ္စည်းတွေကို စီစီရီရီထားခြင်းတို့ကြောင့် OCD ရှိတယ်လို့ တထစ်ချ မဆိုနိုင်ပါဘူး။ အချို့ OCD ရှိသူတွေမှာ ဒီလို စိုးရိမ်စိတ်နဲ့ ထပ်တလဲလဲ ပြုလုပ်မိတဲ့ အပြုအမူတွေကြောင့် နေ့စဉ်ဘဝကို ထိခိုက်လာတဲ့အထိ၊ အလုပ်ချိန်/ကျောင်းချိန်တွေ အမြဲလိုလိုနောက်ကျရတဲ့အထိ၊ လူမှုဆက်ဆံရေးတွေ ပျက်ပြားလာတဲ့အထိ ပြင်းထန်လေ့ ရှိပါတယ်

“ ဒါဆို ဒီလို အပြုအမူ, အတွေးတွေ မလုပ်မိအောင် ထိန်းလေ ” ဆိုပြီး အပြစ်တင်ဝေဖန်တာမျိုးလည်း ရှောင်ရှားသင့်ပါတယ်။

OCD ခံစားနေရသူတွေဟာ သူတို့ကိုယ်သူတို့ ထိန်းချုပ်ဖို့  ကြိုးစားကြပေမဲ့ ကြိုးစားလေလေ စိတ်ဖိစီးမှု ပိုမိုပြင်းထန်လာလေလေဖြစ်ပြီး၊ အဲ့ဒီ စိုးရိမ်စိတ်ကို သက်သာစေဖို့ အပြုအမူတွေကို ထပ်တလဲလဲ ပြန်လုပ်မိရင်း သံသရာလည်ကာ ရပ်တန့်ရခက်ခဲနေကြရတာပါ။ ဒါကြောင့် အပြစ်တင်တာထက် နားလည်ပေးဖို့ အရေးကြီးပါတယ်။

  • ဝေဖန်တာ, စနောက်တာမျိုးမလုပ်ဘဲ သူတို့ရဲ့ ခံစားချက်ကို အသိအမှတ်ပြုပေးပါ။ဖေးမနားလည်မှုနှင့် ရှိနေပေးပါ။
  • အလုပ်၊ ပညာရေးနဲ့ နေ့စဉ်ဘဝ ထိခိုက်လာတဲ့အခြေအနေမျိုးမှာ လိုအပ်ရင် လိုအပ်သလို Professional help ယူဖို့ အားပေးနိုင်ပါတယ်။
  • ကိုယ်တိုင်ကလည်း OCD နှင့်ပတ်သတ်ပြီး လေ့လာပြီး ကူညီပေးနိုင်မယ့် နည်းလမ်းများကို ရှာဖွေပေးလို့ရပါတယ်။

အရေးကြီးတဲ့အချက်အနေနဲ့ OCD ဟာ ကုသမှုနဲ့ စီမံကိုင်တွယ်နိုင်တဲ့ အခြေအနေတစ်ခုဖြစ်ပြီး အကူအညီရယူဖို့ ဝန်မလေးဖို့လိုပါတယ်။ OCD ရှိနိုင်တယ်လို့ သံသယရှိရင် ကိုယ့်ဘာသာ ရောဂါသတ်မှတ်တာမျိုး မလုပ်ဘဲ OCD နဲ့ပတ်သက်တဲ့ အတွေ့အကြုံရှိတဲ့ စိတ်ကျန်းမာရေးပညာရှင်တွေနဲ့ တိုင်ပင်ဆွေးနွေးပြီး သင့်လျော်တဲ့ အကူအညီကို ရယူနိုင်ပါတယ်။

OCD အတွက် Cognitive Behavioural Therapy (CBT) နဲ့ Exposure and Response Prevention (ERP) လို စိတ်ကုထုံးတွေကို အသုံးပြုကြပြီး လိုအပ်ရင် လိုအပ်သလို စိတ်ကျန်းမာရေးဆရာဝန်အနေနဲ့ ဆေးဝါးကုသမှုကိုလည်း အကြံပြုနိုင်ပါတယ်။

ဒါကြောင့် လူတစ်ယောက်ကို ရောဂါလက္ခဏာတွေနဲ့ပဲ မသတ်မှတ်ဘဲ သူကြုံတွေ့နေရတဲ့ အခက်အခဲနဲ့ ခံစားချက်တွေကိုပါ နားလည်ပေးနိုင်ဖို့ အတူတူ လေ့လာကြရအောင်… 💛

Disclaimer: This content is for general mental health education and awareness only, not for diagnosis or treatment. Everyone’s experiences are different, and similar symptoms may have different causes. If you or someone you know is experiencing ongoing emotional distress or difficulties with daily life, consider seeking support from an appropriate mental health professional.

Book a Consultation

It’s easy and free!

MPG editor

MPG editor

Related Posts

အိမ်အပြင်ထွက်ဖို့က ခက်ခဲတဲ့စွန့်စားခန်းတစ်ခုလိုပါပဲ “ Agoraphobia ”

တစ်ခါတလေ အပြင်ထွက်ဖို့၊ ဈေးဝယ်ဖို့၊ ဘတ်စ်ကားစီးဖို့ ဒါမှမဟုတ် လူများတဲ့နေရာတစ်ခုကို သွားဖို့ စဉ်းစားလိုက်တာနဲ့ စိုးရိမ်ပူပန်မှုတွေ စတင်ဖြစ်ပေါ်လာတာမျိုး ကြုံဖူးလား…  “ အပြင်ရောက်သွားတဲ့အခါ အရေးပေါ် အန္တရာယ်တစ်ခုခုများကြုံမလား…အထိတ်တလန့်အခြေအနေတွေကြုံပြီး Panic Attack လိုမျိုး ဖြစ်သွားမလား…အရေးပေါ်အခြေအနေတစ်ခုခု ဖြစ်လာရင် ကိုယ်ထွက်ပြေးလွတ်မြောက်ဖို့ ခက်ခဲသွားမလားဆိုတဲ့ အတွေးတွေနဲ့ စိုးရိမ်ကြောက်ရွံ့မှုတွေလွန်ကဲလာပြီး ကိုယ့်အိမ်ကနေတောင် ထွက်ဖို့ အချိန်များစွာယူရတယ်, အဆိုးဆုံးအခြေအနေတွေမှာ အိမ်ထဲကနေတောင် မထွက်နိုင်တော့ဘူး။ အချို့နေရာတွေဆို သွားချင်စိတ်ရှိ‌ရင်တောင် ရှောင်ရှားလိုက်ရတယ်..  Agoraphobia ဆိုတာ ဘာလဲ။ Agoraphobia ဆိုတာ အထိတ်တလန့်ဖြစ်လာတဲ့အခါ ထွက်ပြေးလွတ်မြောက်ဖို့ (သို့) အကူအညီရဖို့ ခက်ခဲမယ်လို့ ခံစားရနိုင်တဲ့ နေရာတွေနဲ့ အခြေအနေတွေကို အလွန်အမင်း ကြောက်ရွံ့ပြီး ရှောင်ရှားတတ်တဲ့ စိတ်ကျန်းမာရေးဆိုင်ရာ အခြေအနေတစ်ခုဖြစ်ပါတယ်။ ကြောက်ရွံ့မှုတွေကြောင့် အဲဒီနေရာတွေကို ရှောင်ရှားလာတာ၊ အပြင်ထွက်တဲ့အခါ …

Bipolar Disorder: Beyond the Mood Swings

Understanding the signs, challenging misconceptions, and learning how to support someone living with bipolar disorder. ကိုယ်တိုင် ( သို့ ) ကိုယ့်ရဲ့ နီးစပ်ရာ အသိမိတ်ဆွေ, မိသားစုဝင်တစ်ဦးဦးက အချို့နေ့တွေမှာ အပြင်တွေသွား လန်းဆန်းတက်ကြွပြီး, စိတ်ဓာတ်တွေအလွန်အမင်းတက်ကြွနေတယ်၊ အချို့နေ့တွေကျတော့ တစ်ခြားတစ်ယောက်ဖြစ်သွားသလို လုံးဝကို စိတ်ဓာတ်ကျနေပြီး အခန်းထဲကနေမထွက်ချင်လောက်အောင် ဖြစ်နေတယ်, ဘာဆိုဘာမှလည်း မလုပ်နိုင်တော့သလို ဖြစ်နေတယ်… What Is Bipolar Disorder? Bipolar Disorder ဆိုတာ စိတ်ခံစားချက် (mood)၊ အားအင် (energy) နဲ့ လှုပ်ရှားလုပ်ဆောင်မှု (activity levels), အိပ်စက်မှုတွေမှာ သိသာထင်ရှားတဲ့ ပြောင်းလဲမှုတွေ ဖြစ်ပေါ်စေနိုင်တဲ့ …

2026 World Mental Health Online Event : 3 Webinars / 3 Experts / 2 Hours

ကိုယ်နှစ်သက်ရာ ခေါင်းစဉ် ရွေးချယ်ပြီး ဘယ်နေရာကနေမဆို ပါဝင်တက်ရောက်နိုင်မယ့် 2026 World Mental Health Online Event ကို Wellington Pharmacy Myanmar ကနေ Exclusive Partner အဖြစ် ပါဝင်အားဖြည့်ပေးထားပါတယ် Awareness • Connection • Change ဆိုတဲ့ theme နဲ့ ဖန်တီးထားပြီး Awareness ရှိခြင်းမှသည် ပတ်ဝန်းကျင်,society နှင့် အပြုသဘော‌ဆောင်တဲ့ ဆက်ဆံရေး Connections တွေကို တည်ဆောက်ပြီး ကောင်းမွန်သောပြောင်းလဲခြင်းများဆီသို့ ဦးတည်နိုင်ဖို့အတွက် ယခု Online Event လေးကို ရည်ရွယ်ဖန်တီးထားတာဖြစ်ပါတယ်။  မတူညီတဲ့ topic တွေနဲ့ Online Webinars 3 ခုကို တစ်နေရာထဲ တစ်ပြိုင်တည်း ပြုလုပ်သွားမှာဖြစ်ပါတယ်.. …