Bipolar Disorder: Beyond the Mood Swings

Understanding the signs, challenging misconceptions, and learning how to support someone living with bipolar disorder. ကိုယ်တိုင် ( သို့ ) ကိုယ့်ရဲ့ နီးစပ်ရာ အသိမိတ်ဆွေ, မိသားစုဝင်တစ်ဦးဦးက အချို့နေ့တွေမှာ အပြင်တွေသွား လန်းဆန်းတက်ကြွပြီး, စိတ်ဓာတ်တွေအလွန်အမင်းတက်ကြွနေတယ်၊ အချို့နေ့တွေကျတော့ တစ်ခြားတစ်ယောက်ဖြစ်သွားသလို လုံးဝကို စိတ်ဓာတ်ကျနေပြီး အခန်းထဲကနေမထွက်ချင်လောက်အောင် ဖြစ်နေတယ်, ဘာဆိုဘာမှလည်း မလုပ်နိုင်တော့သလို ဖြစ်နေတယ်… What Is Bipolar Disorder? Bipolar Disorder ဆိုတာ စိတ်ခံစားချက် (mood)၊ အားအင် (energy) နဲ့ လှုပ်ရှားလုပ်ဆောင်မှု (activity levels), အိပ်စက်မှုတွေမှာ သိသာထင်ရှားတဲ့ ပြောင်းလဲမှုတွေ ဖြစ်ပေါ်စေနိုင်တဲ့ …

Understanding the signs, challenging misconceptions, and learning how to support someone living with bipolar disorder.

ကိုယ်တိုင် ( သို့ ) ကိုယ့်ရဲ့ နီးစပ်ရာ အသိမိတ်ဆွေ, မိသားစုဝင်တစ်ဦးဦးက အချို့နေ့တွေမှာ အပြင်တွေသွား လန်းဆန်းတက်ကြွပြီး, စိတ်ဓာတ်တွေအလွန်အမင်းတက်ကြွနေတယ်၊ အချို့နေ့တွေကျတော့ တစ်ခြားတစ်ယောက်ဖြစ်သွားသလို လုံးဝကို စိတ်ဓာတ်ကျနေပြီး အခန်းထဲကနေမထွက်ချင်လောက်အောင် ဖြစ်နေတယ်, ဘာဆိုဘာမှလည်း မလုပ်နိုင်တော့သလို ဖြစ်နေတယ်…

Bipolar Disorder ဆိုတာ စိတ်ခံစားချက် (mood)၊ အားအင် (energy) နဲ့ လှုပ်ရှားလုပ်ဆောင်မှု (activity levels), အိပ်စက်မှုတွေမှာ သိသာထင်ရှားတဲ့ ပြောင်းလဲမှုတွေ ဖြစ်ပေါ်စေနိုင်တဲ့ စိတ်ကျန်းမာရေးအခြေအနေတစ်ခု ဖြစ်ပါတယ်။

စိတ်တက်ကြွမှုနဲ့ အားအင်မြင့်တက်လာတဲ့ ကာလတွေ (mania သို့မဟုတ် hypomania) နဲ့ စိတ်ဓာတ်ကျဆင်းလာတဲ့ ကာလတွေ (depression) ကို ကြုံတွေ့ရနိုင်ပြီး, ပြင်းထန်လွန်းတဲ့အခါ ဒီပြောင်းလဲမှုတွေက အလုပ်၊ ပညာရေး၊ ဆက်ဆံရေးနဲ့ နေ့စဉ်ဘဝကို ထိခိုက်စေနိုင်ပါတယ်…

Manic or Hypomanic Episodes — စိတ်တက်ကြွမှုနဲ့ အားအင်မြင့်တက်လာခြင်း

  • တစ်နေ့ကို အိပ်ချိန် 3,4 နာရီလောက်ပဲရှိရင်တောင် ပင်ပန်းမှုမရှိသလို ခံစားရခြင်း။
  • ပုံမှန်ထက် စကားကို မနားတမ်းပြောခြင်း, အမြန်ပြောခြင်း။ ပြောတဲ့အခါမှာလည်း အကြောင်းအရာ တစ်မျိုးကနေ နောက်တစ်မျိုးကို ခဏခဏ ပြောင်းပြောခြင်း။
  • ပုံမှန်ထက် ကိုယ့်ကိုကိုယ် ယုံကြည်မှုပိုများလာခြင်း။ 
  • အန္တရာယ်များ / စွန့်စားရတဲ့ အရာတွေကိုလည်း လုပ်ကိုင်လိုခြင်း ( ဥပမာ – ပိုက်ဆံအလွန်အကျွံသုံးစွဲပစ်တာ, လိင်မှုရေးရာ, အသောက်အစား, စီးပွားရေး စတာတွေမှာ အန္တရာယ်များတဲ့ အပြုအမူတွေ လုပ်မိခြင်း။)
  • အာရုံစူးစိုက်ဖို့ ခက်ပြီး အလွယ်တကူ အနှောက်အယှက်ဖြစ်လွယ်ခြင်း။ စိတ်တိုလွယ်ခြင်း၊ စိတ်မရှည်ခြင်း။
  • ထူးဆန်းသော အသံ, ပုံရိပ်များ ကြားမြင်ကာ ထင်ယောင်ထင်မှား ဖြစ်ခြင်း။
  • ဝမ်းနည်းခြင်း၊ မျှော်လင့်ချက်ကင်းမဲ့သလို ခံစားရခြင်း။
  • အရင်က စိတ်ဝင်စားခဲ့တဲ့အရာတွေကို စိတ်မဝင်စားတော့ခြင်း။
  • ပင်ပန်းနွမ်းနယ်ခြင်း၊ အာရုံစူးစိုက်ဖို့ ခက်ခဲခြင်း။
  • အိပ်စက်မှုပုံစံနဲ့ အစာစားချင်စိတ် ပြောင်းလဲလာခြင်း။
  • ကိုယ့်ကိုယ်ကို တန်ဖိုးမရှိသလို ခံစားရခြင်း။

သတိပြုရန် — ဒီလို ပုံစံ,အခြေအနေ တစ်ခုခုရှိနေတာကို သတိထားမိတာနဲ့ ကိုယ့်မှာ Bipolar Disorder ရှိတယ်လို့ မသတ်မှတ်နိုင်ပါဘူး။ အခြေအနေ, လက္ခဏာတွေရဲ့ ကြာချိန်၊ ပြင်းထန်မှု နဲ့ နေ့စဉ်ဘဝအပေါ် သက်ရောက်မှုတွေကို သေချာစောင့်ကြည့်ပြီး စိတ်ကျန်းမာရေး ပညာရှင်များနှင့် ပြသဆွေးနွေးပြီး အတည်ပြုသင့်ပါတယ်။ 

Bipolar Disorder နဲ့ Mood swing ဖြစ်တာက မတူညီပါဘူး။ Mood Swing က မိနစ်, နာရီပိုင်းဝန်းကျင်, တစ်ခါတရံမှာ ရက်ပိုင်းသာကြာတတ်ပြီး စိတ်ဖိစီးမှု, ဟော်မုန်း, လူမှုစီးပွားရေး,အလုပ်အကိုင်, မိသားစု အခြေအနေ,အခက်အခဲတွေကြောင့် ဖြစ်တတ်ပါတယ်။ Mood swing ဖြစ်လို့ ပုံမှန်ထက်ပိုပြီး စိတ်အနှောက်အယှက်ဖြစ်ရရင်တောင် လုပ်ငန်း‌ဆောင်တာတွေကို ဂရုတစိုက်ဆောင်ရွက်နိုင်ပါတယ်။

Bipolar ကတော့ Pattern အလိုက် ဖြစ်တတ်ပြီး စိတ်တက်ကြွတဲ့ mania / hypomania episode တွေမှာ အနည်းဆုံး ၄ ရက်ကနေ တစ်ပတ်ဝန်းကျင်, စိတ်ကျတဲ့ depression episode တွေမှာ အနည်းဆုံး ၂ ပတ်ကျော် ခံစားရတတ်ပါတယ်။ Mood swing ထက် ပိုပြင်းထန်ပြီး နေ့စဉ်လုပ်ငန်းဆောင်ရွက်မှုတွေအပေါ် သက်ရောက်နိုင်တာလည်း များပါတယ်။ 

Bipolar Disorder က လူတစ်ယောက်ရဲ့ အပြုအမူ,ခံစားချက်ကို အပြောင်းအလဲဖြစ်စေတယ်ဆိုပေမယ့် အဲ့ဒီလူရဲ့ ဖြစ်တည်မှုတစ်ခုလုံးကို ပြောင်းလဲသွားစေတာမဟုတ်လို့  Bipolar ရှိသူတိုင်းကို အန္တရာယ်ရှိသူလို့ သတ်မှတ်လို့မရပါဘူး။ 

Bipolar Disorder ဖြစ်ရခြင်းက မျိုးရိုးဗီဇ အပါအဝင် ဘဝမှာ ကြုံတွေ့ရတဲ့ ကြီးမားပြင်းထန်တဲ့ ဆုံးရှုံးမှု, စိတ်ပိုင်းဆိုင်ရာ, လူမှုရေးပြဿနာများ, အရက်နှင့်မူးယစ်ဆေးဝါးအလွန်အကျွံသုံးစွဲမှု စတဲ့ အကြောင်းအရင်းများစွာကြောင့်ဖြစ်နိုင်ပါတယ်။ သို့သော် ကိုယ့်ရဲ့ မိသားစုဝင်တစ်ဦးဦးက Bipolar ရှိလို့ ကိုယ်လည်း ကျိန်းသေ Bipolar ဖြစ်မယ်လို့ ယူဆလို့တော့မရပါဘူး။

Bipolar က အသက်အရွယ်,ကျားမမရွေး ဖြစ်တတ်ပါတယ်။ များသောအားဖြင့် ဆယ်ကျော်သက်နှောင်းပိုင်း နှင့် လူငယ်အရွယ်အစ ( 18 – 25 နှစ် ဝန်းကျင်မှာ ) ဖြစ်ပေါ်တတ်ပါတယ်။ အချို့ကလေးငယ်အရွယ်တွေမှာလည်း ဖြစ်တတ်ပြီး လူကြီးတွေမှာပြတဲ့ လက္ခဏာတွေနဲ့ ကွာခြားမှုတွေလည်း ရှိပါတယ်။ အချို့ အသက် 40-50 ဝန်းကျင်မှ Bipolar ဖြစ်တာလည်းရှိတတ်ပါတယ်။

Bipolar ကို သင့်တော်မှန်ကန်တဲ့ နည်းလမ်းများနှင့် ကိုယ်တွယ်လို့ရပါတယ်။ မိသားစုဝင်တွေအနေနဲ့ –

  • အပြစ်တင်ဝေဖန်တာမျိုး မလုပ်ဘဲ နွေးထွေးစာနာမှု နဲ့ အတူရှိပေးလို့ရပါတယ်။
  • သက်ဆိုင်ရာ စိတ်ကျန်းမာရေးပညာရေးရှင်များနှင့် ပုံမှန် ဆွေးနွေး ပြသဖို့ ကူညီပေးနိုင်ပါတယ်။ 
  • နေ့စဉ် အစားအသောက်,အနေအထိုင် ပုံမှန်ဖြစ်ဖို့ကို ဘေးကနေ ကူညီအားပေးလို့ရပါတယ်။
  • ဆူညံမှု, အနှောက်အယှက်ကင်းပြီး တည်ငြိမ်အေးချမ်းတဲ့ ပတ်ဝန်းကျင်ဖြစ်အောင် ထိန်းသိမ်းပေးပါ။

ဒါ့အပြင် ကိုယ်တိုင် Bipolar ရှိတဲ့အခါ –

  • ကိုယ့်ရဲ့ လက္ခဏာအခြေအနေတွေကို ကိုယ်တိုင် သတိပြုမှတ်သားစောင့်ကြည့်ပါ။ 
  • ပုံမှန် ဆွေးနွေးကုသမှုခံယူခြင်းရှိဖို့လိုအပ်ပါတယ်။ ဆရာဝန်ညွှန်ကြားချက်အတိုင်း လိုအပ်တဲ့ ဆေးဝါးသောက်သုံးခြင်းများ ပြုလုပ်ပါ။ 
  • နေ့စဉ် အိပ်ချိန်၊ စားချိန်ကို မှန်ကန်အောင် လုပ်ပါ (အထူးသဖြင့် အိပ်ရေးဝဝ အိပ်ပါ)။
  • အရက်၊ မူးယစ်ဆေးနှင့် ကဖိန်းဓာတ် လွန်ကဲစွာ သုံးစွဲခြင်းကို ရှောင်ပါ။

Bipolar Disorder ဖြစ်ခြင်းက စိန်ခေါ်မှုတွေရှိနိုင်ပေမဲ့, ကိုယ်တိုင် ဒီအခြေအနေကို ဖြတ်သန်းနေရသူဖြစ်စေ၊ ကိုယ်ချစ်ခင်ရသူတစ်ယောက်ကို ပံ့ပိုးပေးနေသူဖြစ်စေ နားလည်မှု၊ သင့်လျော်တဲ့ကုသမှုနဲ့ အားပေးကူညီမှုတွေက အရေးကြီးပါတယ်… 💚

စိတ်ပိုင်းဆိုင်ရာ အခြေအနေများကို ဆွေးနွေးတိုင်ပင်မှု လိုအပ်ပါက Mental Playground မှာရှိတဲ့ Psychiatrist / Counselors / Therapist များနှင့် Online မှတစ်ဆင့် ဆွေးနွေးနိုင်ပါတယ်။ 

Book a Consultation

It’s easy and free!

MPG editor

MPG editor

Related Posts

အိမ်အပြင်ထွက်ဖို့က ခက်ခဲတဲ့စွန့်စားခန်းတစ်ခုလိုပါပဲ “ Agoraphobia ”

တစ်ခါတလေ အပြင်ထွက်ဖို့၊ ဈေးဝယ်ဖို့၊ ဘတ်စ်ကားစီးဖို့ ဒါမှမဟုတ် လူများတဲ့နေရာတစ်ခုကို သွားဖို့ စဉ်းစားလိုက်တာနဲ့ စိုးရိမ်ပူပန်မှုတွေ စတင်ဖြစ်ပေါ်လာတာမျိုး ကြုံဖူးလား…  “ အပြင်ရောက်သွားတဲ့အခါ အရေးပေါ် အန္တရာယ်တစ်ခုခုများကြုံမလား…အထိတ်တလန့်အခြေအနေတွေကြုံပြီး Panic Attack လိုမျိုး ဖြစ်သွားမလား…အရေးပေါ်အခြေအနေတစ်ခုခု ဖြစ်လာရင် ကိုယ်ထွက်ပြေးလွတ်မြောက်ဖို့ ခက်ခဲသွားမလားဆိုတဲ့ အတွေးတွေနဲ့ စိုးရိမ်ကြောက်ရွံ့မှုတွေလွန်ကဲလာပြီး ကိုယ့်အိမ်ကနေတောင် ထွက်ဖို့ အချိန်များစွာယူရတယ်, အဆိုးဆုံးအခြေအနေတွေမှာ အိမ်ထဲကနေတောင် မထွက်နိုင်တော့ဘူး။ အချို့နေရာတွေဆို သွားချင်စိတ်ရှိ‌ရင်တောင် ရှောင်ရှားလိုက်ရတယ်..  Agoraphobia ဆိုတာ ဘာလဲ။ Agoraphobia ဆိုတာ အထိတ်တလန့်ဖြစ်လာတဲ့အခါ ထွက်ပြေးလွတ်မြောက်ဖို့ (သို့) အကူအညီရဖို့ ခက်ခဲမယ်လို့ ခံစားရနိုင်တဲ့ နေရာတွေနဲ့ အခြေအနေတွေကို အလွန်အမင်း ကြောက်ရွံ့ပြီး ရှောင်ရှားတတ်တဲ့ စိတ်ကျန်းမာရေးဆိုင်ရာ အခြေအနေတစ်ခုဖြစ်ပါတယ်။ ကြောက်ရွံ့မှုတွေကြောင့် အဲဒီနေရာတွေကို ရှောင်ရှားလာတာ၊ အပြင်ထွက်တဲ့အခါ …

မလိုလားအပ်တဲ့ အတွေးတွေနဲ့ ထပ်ခါထပ်ခါ လုပ်ဆောင်နေရမှုတွေကြားကObsessive-Compulsive Disorder ( OCD )အကြောင်း

Obsessive-Compulsive Disorder (OCD) မှာ အဓိကအားဖြင့် ဥပမာအားဖြင့် တံခါးပိတ်ပြီးပြီလို့ သိပေမယ့် မသေချာတဲ့အတွေး ထပ်ခါထပ်ခါ ဝင်လာခြင်း (Obsessions) နဲ့ စိတ်သက်သာဖို့အတွက် တံခါးကို အကြိမ်ကြိမ် ပြန်စစ်ခြင်း (Compulsions) တို့ ဖြစ်ပါတယ်။ OCD အမျိုးအစား နှင့် လက္ခဏာများ - OCD မှာ အမျိုးအစားများစွာရှိပြီး လူတစ်ယောက်နဲ့တစ်ယောက်မှာ  ကြုံတွေ့ရမှုလက္ခဏာတွေ မတူညီနိုင်ပါဘူး။ ယေဘုယျ အမျိုးအစားတွေကတော့ ဒါ့အပြင် Relationship OCD ( ROCD ) လို့ခေါ်တဲ့ ကိုယ့်ချစ်သူက ကိုယ့်ကို တကယ်ချစ်ရဲ့လား၊ ကိုယ်က သူ့ကို တကယ်ချစ်ရဲ့လား၊ ဒီဆက်ဆံရေးက ကိုယ့်အတွက် သင့်တော်ရဲ့လားဆိုတာကို ထပ်ခါထပ်ခါ သံသယဝင်ပြီး စိုးရိမ်နေခြင်း။ ဆက်ဆံရေးမှာ ထင်ရှားတဲ့ ပြဿနာမရှိတဲ့အချိန်မှာတောင် …

2026 World Mental Health Online Event : 3 Webinars / 3 Experts / 2 Hours

ကိုယ်နှစ်သက်ရာ ခေါင်းစဉ် ရွေးချယ်ပြီး ဘယ်နေရာကနေမဆို ပါဝင်တက်ရောက်နိုင်မယ့် 2026 World Mental Health Online Event ကို Wellington Pharmacy Myanmar ကနေ Exclusive Partner အဖြစ် ပါဝင်အားဖြည့်ပေးထားပါတယ် Awareness • Connection • Change ဆိုတဲ့ theme နဲ့ ဖန်တီးထားပြီး Awareness ရှိခြင်းမှသည် ပတ်ဝန်းကျင်,society နှင့် အပြုသဘော‌ဆောင်တဲ့ ဆက်ဆံရေး Connections တွေကို တည်ဆောက်ပြီး ကောင်းမွန်သောပြောင်းလဲခြင်းများဆီသို့ ဦးတည်နိုင်ဖို့အတွက် ယခု Online Event လေးကို ရည်ရွယ်ဖန်တီးထားတာဖြစ်ပါတယ်။  မတူညီတဲ့ topic တွေနဲ့ Online Webinars 3 ခုကို တစ်နေရာထဲ တစ်ပြိုင်တည်း ပြုလုပ်သွားမှာဖြစ်ပါတယ်.. …