အိမ်အပြင်ထွက်ဖို့က ခက်ခဲတဲ့စွန့်စားခန်းတစ်ခုလိုပါပဲ “ Agoraphobia ”

တစ်ခါတလေ အပြင်ထွက်ဖို့၊ ဈေးဝယ်ဖို့၊ ဘတ်စ်ကားစီးဖို့ ဒါမှမဟုတ် လူများတဲ့နေရာတစ်ခုကို သွားဖို့ စဉ်းစားလိုက်တာနဲ့ စိုးရိမ်ပူပန်မှုတွေ စတင်ဖြစ်ပေါ်လာတာမျိုး ကြုံဖူးလား…  “ အပြင်ရောက်သွားတဲ့အခါ အရေးပေါ် အန္တရာယ်တစ်ခုခုများကြုံမလား…အထိတ်တလန့်အခြေအနေတွေကြုံပြီး Panic Attack လိုမျိုး ဖြစ်သွားမလား…အရေးပေါ်အခြေအနေတစ်ခုခု ဖြစ်လာရင် ကိုယ်ထွက်ပြေးလွတ်မြောက်ဖို့ ခက်ခဲသွားမလားဆိုတဲ့ အတွေးတွေနဲ့ စိုးရိမ်ကြောက်ရွံ့မှုတွေလွန်ကဲလာပြီး ကိုယ့်အိမ်ကနေတောင် ထွက်ဖို့ အချိန်များစွာယူရတယ်, အဆိုးဆုံးအခြေအနေတွေမှာ အိမ်ထဲကနေတောင် မထွက်နိုင်တော့ဘူး။ အချို့နေရာတွေဆို သွားချင်စိတ်ရှိ‌ရင်တောင် ရှောင်ရှားလိုက်ရတယ်..  Agoraphobia ဆိုတာ ဘာလဲ။ Agoraphobia ဆိုတာ အထိတ်တလန့်ဖြစ်လာတဲ့အခါ ထွက်ပြေးလွတ်မြောက်ဖို့ (သို့) အကူအညီရဖို့ ခက်ခဲမယ်လို့ ခံစားရနိုင်တဲ့ နေရာတွေနဲ့ အခြေအနေတွေကို အလွန်အမင်း ကြောက်ရွံ့ပြီး ရှောင်ရှားတတ်တဲ့ စိတ်ကျန်းမာရေးဆိုင်ရာ အခြေအနေတစ်ခုဖြစ်ပါတယ်။ ကြောက်ရွံ့မှုတွေကြောင့် အဲဒီနေရာတွေကို ရှောင်ရှားလာတာ၊ အပြင်ထွက်တဲ့အခါ …

တစ်ခါတလေ အပြင်ထွက်ဖို့၊ ဈေးဝယ်ဖို့၊ ဘတ်စ်ကားစီးဖို့ ဒါမှမဟုတ် လူများတဲ့နေရာတစ်ခုကို သွားဖို့ စဉ်းစားလိုက်တာနဲ့ စိုးရိမ်ပူပန်မှုတွေ စတင်ဖြစ်ပေါ်လာတာမျိုး ကြုံဖူးလား… 

“ အပြင်ရောက်သွားတဲ့အခါ အရေးပေါ် အန္တရာယ်တစ်ခုခုများကြုံမလား…အထိတ်တလန့်အခြေအနေတွေကြုံပြီး Panic Attack လိုမျိုး ဖြစ်သွားမလား…အရေးပေါ်အခြေအနေတစ်ခုခု ဖြစ်လာရင် ကိုယ်ထွက်ပြေးလွတ်မြောက်ဖို့ ခက်ခဲသွားမလားဆိုတဲ့ အတွေးတွေနဲ့ စိုးရိမ်ကြောက်ရွံ့မှုတွေလွန်ကဲလာပြီး ကိုယ့်အိမ်ကနေတောင် ထွက်ဖို့ အချိန်များစွာယူရတယ်, အဆိုးဆုံးအခြေအနေတွေမှာ အိမ်ထဲကနေတောင် မထွက်နိုင်တော့ဘူး။ အချို့နေရာတွေဆို သွားချင်စိတ်ရှိ‌ရင်တောင် ရှောင်ရှားလိုက်ရတယ်.. 

Agoraphobia ဆိုတာ အထိတ်တလန့်ဖြစ်လာတဲ့အခါ ထွက်ပြေးလွတ်မြောက်ဖို့ (သို့) အကူအညီရဖို့ ခက်ခဲမယ်လို့ ခံစားရနိုင်တဲ့ နေရာတွေနဲ့ အခြေအနေတွေကို အလွန်အမင်း ကြောက်ရွံ့ပြီး ရှောင်ရှားတတ်တဲ့ စိတ်ကျန်းမာရေးဆိုင်ရာ အခြေအနေတစ်ခုဖြစ်ပါတယ်။

ကြောက်ရွံ့မှုတွေကြောင့် အဲဒီနေရာတွေကို ရှောင်ရှားလာတာ၊ အပြင်ထွက်တဲ့အခါ အဖော်တစ်ယောက် အမြဲလိုအပ်လာတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ အချို့သူတွေမှာ အိမ်ကနေ အပြင်ထွက်ဖို့တောင် အလွန်ခက်ခဲလာနိုင်ပါတယ်။ 

လူတစ်ယောက်နဲ့တစ်ယောက် ကြုံတွေ့ရတဲ့ လက္ခဏာတွေ မတူညီနိုင်ပေမယ့် ယေဘုယျအားဖြင့် –

  • လူများတဲ့နေရာ၊ ဈေး၊ ကုန်တိုက်နဲ့ လူစုလူဝေးတွေကို ရှောင်ရှားခြင်း။
  • ဘတ်စ်ကား၊ ရထားလို အများပြည်သူသုံးယာဉ်တွေ စီးရမှာကို စိုးရိမ်ခြင်း။
  • ဟင်းလင်းပြင် နေရာတွေဖြစ်တဲ့ တံတားပေါ်, ကားပါကင်နေရာတွေ, 
  • အိမ်အပြင်ဘက်မှာ တစ်ယောက်တည်းရှိနေရမှာကို ကြောက်ရွံ့ခြင်း။
  • အရေးပေါ်အခြေအနေဖြစ်လာရင် ထွက်ပြေးဖို့ ဒါမှမဟုတ် အကူအညီရဖို့ ခက်ခဲမယ်လို့ စိုးရိမ်လွန်ကဲခြင်း။

ကြောက်ရွံ့မှုနဲ့ စိုးရိမ်ပူပန်မှုတွေ ပြင်းထန်လာတဲ့အခါ ရင်တုန်ခြင်း၊ ချွေးထွက်ခြင်း၊ အသက်ရှူရခက်သလို ခံစားရခြင်း၊ မူးဝေခြင်း၊ တုန်ယင်ခြင်း၊ ပျို့အန်ချင်ခြင်းတို့ ဖြစ်ပေါ်နိုင်ပါတယ်။ အချို့သူတွေမှာ Panic Attack လို့ခေါ်တဲ့ ရုတ်တရက် ပြင်းထန်တဲ့ ထိတ်လန့်မှုအခြေအနေကိုလည်း ကြုံတွေ့နိုင်ပါတယ်။

  • အလုပ်၊ ကျောင်း ဒါမှမဟုတ် လူမှုရေးအစီအစဉ်တွေကို မသွားဖြစ်တော့ခြင်း။
  • အပြင်သွားရမယ့်အလုပ်တွေကို အခြားသူတွေအပေါ် မှီခိုလာရခြင်း။
  • အပြင်မထွက်နိုင်မှာကို ကြိုတင်စိုးရိမ်ပြီး နေ့စဉ်လုပ်ငန်းတွေကို ရှောင်ရှားလာခြင်း။
  • အိမ်မှာနေရင် ပိုလုံခြုံတယ်လို့ ခံစားရပြီး အပြင်ထွက်ဖို့ ပိုမိုခက်ခဲလာခြင်း။

ဒီလက္ခဏာတွေရှိရုံနဲ့ Agoraphobia ဖြစ်တယ်လို့ ကိုယ်တိုင်ဆုံးဖြတ်လို့ မရပါဘူး။ လက္ခဏာတွေ ဘယ်လောက်ကြာပြီလဲ၊ ဘယ်လောက်ပြင်းထန်သလဲ၊ နေ့စဉ်ဘဝကို ဘယ်လောက်ထိခိုက်သလဲဆိုတာကို ကျွမ်းကျင်သူနဲ့ ဆွေးနွေးအကဲဖြတ်ဖို့ လိုအပ်ပါတယ်။

 “အိမ်ထဲမှာပဲ နေချင်တာက ပျင်းလို့၊ လူမပေါင်းချင်လို့ပဲ”

အချို့သူတွေအတွက် အိမ်နဲ့ မိနစ်ပိုင်းအကွာအဝေးမှာရှိတဲ့ စတိုးဆိုင်,နေရာတစ်ခုခုကို သွားဖို့တောင် နာရီနဲ့ချီ အားခဲပြီး ကြိုးစားအားထုတ်ရတာပါ။ သူတို့တွေအတွက် အိမ်မှာနေခြင်းဟာ ပျင်းရိခြင်းကြောင့်မဟုတ်ဘဲ ကြောက်ရွံ့မှုကို ရှောင်ရှားဖို့ ကြိုးစားခြင်း ဖြစ်နိုင်ပါတယ်။

“စိတ်ဓာတ်ခိုင်မာရင် ကျော်လွှားနိုင်တယ်”

Agoraphobia ဟာ စိတ်ဓာတ်အားနည်းခြင်းကြောင့် ဖြစ်တာမဟုတ်ပါဘူး။ ဒါ့ကြောင့် အပြစ်တင်ဝေဖန်ခြင်း ( သို့ ) အတင်းဖိအားပေး ရင်ဆိုင်ခိုင်းခြင်းတွေက အကူညီဖြစ်စေမှာမဟုတ်ဘဲ ပညာရှင်များရဲ့ သင့်လျော်တဲ့ အကူအညီနဲ့ ကုသမှုကို ရယူခြင်းဖြင့် ပိုမိုအထောက်အကူဖြစ်နိုင်ပါတယ်။

“လူများတဲ့နေရာကို ကြောက်ရင် Agoraphobia ပဲ”

လူများတဲ့နေရာကို မနှစ်သက်တာ၊ ရှက်တတ်တာ ဒါမှမဟုတ် လူမှုဆက်ဆံရေးအခြေအနေတွေကို ပါဝင်မှုနည်းပါးတာနဲ့ Agoraphobia ဟာ အမြဲတမ်း အတူတူမဟုတ်ပါဘူး။ Agoraphobia မှာ ထွက်ပြေးဖို့ခက်ခဲခြင်း သို့မဟုတ် အကူအညီရဖို့ခက်ခဲခြင်းနဲ့ ဆက်စပ်တဲ့ ကြောက်ရွံ့မှုတွေက အဓိကပါဝင်နိုင်ပါတယ်။

“ ဒါလောက်လေးနဲ့ ဘာလို့ကြောက်နေတာလဲ” လို့ မေးမယ့်အစား “  ဘယ်အရာက အခက်ခဲဆုံးဖြစ်နေလဲ, ဘယ်လိုအကူညီလိုအပ်လဲ ” လို့ မေးကြည့်နိုင်ပါတယ်။ သူတို့ရဲ့ ကြောက်ရွံ့မှုကို ကိုယ်တိုင်မခံစားဖူးရင်တောင် နားလည်ဖို့ ကြိုးစားပေးနိုင်ပါတယ်။

“ဘာမှမဖြစ်ဘူး၊ အပြင်ထွက်လိုက်” ဆိုပြီး အတင်းအကျပ် လုပ်ခိုင်းတာက စိုးရိမ်ပူပန်မှုကို ပိုမိုပြင်းထန်စေနိုင်ပါတယ်။

စိတ်ကျန်းမာရေးပညာရှင် ဒါမှမဟုတ် သင့်လျော်တဲ့ ကျန်းမာရေးဝန်ဆောင်မှုပေးသူနဲ့ တိုင်ပင်ခြင်းက အထောက်အကူဖြစ်နိုင်ပါတယ်။ 

အပြင်ကို ခဏလေးပဲဖြစ်ဖြစ်ထွက်နိုင်တာ၊ အကူအညီတောင်းနိုင်တာ၊ ကြောက်ရွံ့မှုရှိနေသေးပေမဲ့ လုပ်ငန်းတစ်ခုကို ကြိုးစားနိုင်တာတွေဟာလည်း အရေးပါတဲ့ ခြေလှမ်းတွေ ဖြစ်နိုင်ပါတယ်။ သူတို့ရဲ့ တိုးတက်မှုကို အခြားသူတွေနဲ့ မနှိုင်းယှဉ်ဘဲ အသိအမှတ်ပြုပေးပါ။

တိုးတက်မှုဟာ လူတစ်ယောက်နဲ့တစ်ယောက် မတူညီနိုင်ပါဘူး။ အရေးကြီးတာက ကြောက်ရွံ့မှုတွေကြောင့် ကိုယ့်ကိုယ်ကို အပြစ်တင်မနေဘဲ လိုအပ်တဲ့အကူအညီကို ရှာဖွေဖို့ပါပဲ 

အရေးကြီးတဲ့အချက်က လိုအပ်တဲ့ ဖေးမမှု, အကူအညီရယူခြင်းဟာ အားနည်းခြင်းမဟုတ်ပါဘူး။ ကိုယ့်ကိုယ်ကို ဂရုစိုက်ဖို့ ရွေးချယ်ခြင်းတစ်ခုပါပဲ။ 💚

Book a Consultation

It’s easy and free!

MPG editor

MPG editor

Related Posts

Bipolar Disorder: Beyond the Mood Swings

Understanding the signs, challenging misconceptions, and learning how to support someone living with bipolar disorder. ကိုယ်တိုင် ( သို့ ) ကိုယ့်ရဲ့ နီးစပ်ရာ အသိမိတ်ဆွေ, မိသားစုဝင်တစ်ဦးဦးက အချို့နေ့တွေမှာ အပြင်တွေသွား လန်းဆန်းတက်ကြွပြီး, စိတ်ဓာတ်တွေအလွန်အမင်းတက်ကြွနေတယ်၊ အချို့နေ့တွေကျတော့ တစ်ခြားတစ်ယောက်ဖြစ်သွားသလို လုံးဝကို စိတ်ဓာတ်ကျနေပြီး အခန်းထဲကနေမထွက်ချင်လောက်အောင် ဖြစ်နေတယ်, ဘာဆိုဘာမှလည်း မလုပ်နိုင်တော့သလို ဖြစ်နေတယ်… What Is Bipolar Disorder? Bipolar Disorder ဆိုတာ စိတ်ခံစားချက် (mood)၊ အားအင် (energy) နဲ့ လှုပ်ရှားလုပ်ဆောင်မှု (activity levels), အိပ်စက်မှုတွေမှာ သိသာထင်ရှားတဲ့ ပြောင်းလဲမှုတွေ ဖြစ်ပေါ်စေနိုင်တဲ့ …

မလိုလားအပ်တဲ့ အတွေးတွေနဲ့ ထပ်ခါထပ်ခါ လုပ်ဆောင်နေရမှုတွေကြားကObsessive-Compulsive Disorder ( OCD )အကြောင်း

Obsessive-Compulsive Disorder (OCD) မှာ အဓိကအားဖြင့် ဥပမာအားဖြင့် တံခါးပိတ်ပြီးပြီလို့ သိပေမယ့် မသေချာတဲ့အတွေး ထပ်ခါထပ်ခါ ဝင်လာခြင်း (Obsessions) နဲ့ စိတ်သက်သာဖို့အတွက် တံခါးကို အကြိမ်ကြိမ် ပြန်စစ်ခြင်း (Compulsions) တို့ ဖြစ်ပါတယ်။ OCD အမျိုးအစား နှင့် လက္ခဏာများ - OCD မှာ အမျိုးအစားများစွာရှိပြီး လူတစ်ယောက်နဲ့တစ်ယောက်မှာ  ကြုံတွေ့ရမှုလက္ခဏာတွေ မတူညီနိုင်ပါဘူး။ ယေဘုယျ အမျိုးအစားတွေကတော့ ဒါ့အပြင် Relationship OCD ( ROCD ) လို့ခေါ်တဲ့ ကိုယ့်ချစ်သူက ကိုယ့်ကို တကယ်ချစ်ရဲ့လား၊ ကိုယ်က သူ့ကို တကယ်ချစ်ရဲ့လား၊ ဒီဆက်ဆံရေးက ကိုယ့်အတွက် သင့်တော်ရဲ့လားဆိုတာကို ထပ်ခါထပ်ခါ သံသယဝင်ပြီး စိုးရိမ်နေခြင်း။ ဆက်ဆံရေးမှာ ထင်ရှားတဲ့ ပြဿနာမရှိတဲ့အချိန်မှာတောင် …

2026 World Mental Health Online Event : 3 Webinars / 3 Experts / 2 Hours

ကိုယ်နှစ်သက်ရာ ခေါင်းစဉ် ရွေးချယ်ပြီး ဘယ်နေရာကနေမဆို ပါဝင်တက်ရောက်နိုင်မယ့် 2026 World Mental Health Online Event ကို Wellington Pharmacy Myanmar ကနေ Exclusive Partner အဖြစ် ပါဝင်အားဖြည့်ပေးထားပါတယ် Awareness • Connection • Change ဆိုတဲ့ theme နဲ့ ဖန်တီးထားပြီး Awareness ရှိခြင်းမှသည် ပတ်ဝန်းကျင်,society နှင့် အပြုသဘော‌ဆောင်တဲ့ ဆက်ဆံရေး Connections တွေကို တည်ဆောက်ပြီး ကောင်းမွန်သောပြောင်းလဲခြင်းများဆီသို့ ဦးတည်နိုင်ဖို့အတွက် ယခု Online Event လေးကို ရည်ရွယ်ဖန်တီးထားတာဖြစ်ပါတယ်။  မတူညီတဲ့ topic တွေနဲ့ Online Webinars 3 ခုကို တစ်နေရာထဲ တစ်ပြိုင်တည်း ပြုလုပ်သွားမှာဖြစ်ပါတယ်.. …