Why Your Mental Health Matters at Work

တစ်နေ့တာကို စတင်ရင်း ကိုယ်ရဲ့ လုပ်ငန်းဆောင်တာတွေလုပ်ဖို့ Laptop ကိုဖွင့်, အစည်းအဝေးတွေတက်, email တွေကို အကြောင်းပြန်ရင်း ကိုယ့်ရဲ့ အတွင်းထဲက အသံလေးတစ်ခုက “ ဘာလို့ အရာအားလုံးက ဒီလောက်တောင် လေးလံနေရတာလဲ ” လို့ မေးခွန်းထုတ်မိတဲ့ အခိုက်အတန့်တွေ ရှိခဲ့ဖူးလား?? Burnout ဆိုတာ ကာလရှည်ကြာတဲ့ စိတ်ဖိစီးမှုတွေ, စိတ်ရောကိုယ်ပါ အားအင်ကုန်ခမ်းရတာမျိုး၊ တစ်ခါတစ်ရံမှာ သိသိသာသာ ပေါ်ပေါ်ထင်ထင် ရောက်လာတာမျိုး မဟုတ်ဘဲ တဖြေးဖြေးချင်းနဲ့* ကိုယ်လုပ်နေကျအရာတွေ ဆက်လုပ်ဖို့ Motivation ရှိမနေတော့တာ* ဘယ်လောက်အနားယူယူ အားအင်ကုန်ခမ်းနေတာ* ထစ်ကနဲဖြစ်တာနဲ့ စိတ်မရှည်တာ, အနီးနားကအရာတွေနဲ့ စိတ်ပိုင်းဆိုင်ရာ အလှမ်းဝေးနေတာ* ရိုးရှင်းလွယ်ကူတဲ့ အရာလေးတွေအပေါ်မှာတောင် အာရုံစူးစိုက်ဖို့ ခက်ခဲတာ စတာလေးတွေကို ကြုံတွေ့ရတတ်ပါတယ်။ ဒီလိုအချိန်မှာ “ ငါက …

တစ်နေ့တာကို စတင်ရင်း ကိုယ်ရဲ့ လုပ်ငန်းဆောင်တာတွေလုပ်ဖို့ Laptop ကိုဖွင့်, အစည်းအဝေးတွေတက်, email တွေကို အကြောင်းပြန်ရင်း ကိုယ့်ရဲ့ အတွင်းထဲက အသံလေးတစ်ခုက “ ဘာလို့ အရာအားလုံးက ဒီလောက်တောင် လေးလံနေရတာလဲ ” လို့ မေးခွန်းထုတ်မိတဲ့ အခိုက်အတန့်တွေ ရှိခဲ့ဖူးလား??


Burnout ဆိုတာ ကာလရှည်ကြာတဲ့ စိတ်ဖိစီးမှုတွေ, စိတ်ရောကိုယ်ပါ အားအင်ကုန်ခမ်းရတာမျိုး၊ တစ်ခါတစ်ရံမှာ သိသိသာသာ ပေါ်ပေါ်ထင်ထင် ရောက်လာတာမျိုး မဟုတ်ဘဲ တဖြေးဖြေးချင်းနဲ့
* ကိုယ်လုပ်နေကျအရာတွေ ဆက်လုပ်ဖို့ Motivation ရှိမနေတော့တာ
* ဘယ်လောက်အနားယူယူ အားအင်ကုန်ခမ်းနေတာ
* ထစ်ကနဲဖြစ်တာနဲ့ စိတ်မရှည်တာ, အနီးနားကအရာတွေနဲ့ စိတ်ပိုင်းဆိုင်ရာ အလှမ်းဝေးနေတာ
* ရိုးရှင်းလွယ်ကူတဲ့ အရာလေးတွေအပေါ်မှာတောင် အာရုံစူးစိုက်ဖို့ ခက်ခဲတာ စတာလေးတွေကို ကြုံတွေ့ရတတ်ပါတယ်။

ဒီလိုအချိန်မှာ “ ငါက ပျော့ညံ့လို့, ငါက ကြိုးစားသင့်သလောက် မကြိုးစားနေလို့ ”ဆိုတဲ့ စိတ်နဲ့ ကိုယ့်ကိုကိုယ် အပြစ်မတင်မိဖို့အရေးကြီးပါတယ် 

______________

          လုပ်ငန်းခွင်တွေမှာ လုပ်ငန်း ရဲ့ productivity ကောင်းခြင်း, Deadlines မှီပြီးစီးအောင်မြင်မှုရှိခြင်း, Results ကောင်းမွန်ခြင်း စတာတွေကို ဦးစားပေး ဂုဏ်ပြုကြသလို လုပ်ဆောင်မှုတစ်ခုချင်းဆီရဲ့ နောက်ကွယ်မှာရှိနေတဲ့ Employee ရဲ့ စိတ်ပိုင်းဆိုင်ရာတွေကို ဂရုစိုက်ပေးဖို့လည်း အလွန်အရေးကြီးပါတယ်။ 


          Mental Playground ရဲ့ အတွေ့အကြုံရှိ Facilitators တွေ ဦးဆောင်သွားပေးမယ့် Employee Wellbeing & Assistance workshops (online /offline) တွေမှာ တစ်ဦးချင်းသာမက Teams တွေမှာ ကြုံရတတ်တဲ့ Burnout အကြောင်းပိုသိနားလည်ဖို့, emotional awareness တည်ဆောက်နိုင်ဖို့ နှင့် အတူတကွ ကောင်းမွန်တဲ့ လုပ်ငန်းခွင်ဆက်ဆံရေး နှင့် လုပ်ငန်းခွင် တိုးတက်မှုတွေ ရရှိနိုင်ဖို့ စတဲ့ Goals / Objectives တွေနှင့် ကိုက်ညီအောင် ရည်ရွယ်ပြီး customized workshop design ဖန်တီးပေးလျက်ရှိပါတယ်။


          မိမိတို့ Company, Organizations များအတွက် Employee Wellbeing Service များ စုံစမ်းချင်လျှင် Mental Playground Page Messenger သို့ mentalplayground.mm@gmail.com ကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

You don’t have to carry everything alone.
Sometimes, a small conversation can be the beginning of feeling lighter again.

Book a Consultation

It’s easy and free!

MPG editor

MPG editor

Related Posts

အိမ်အပြင်ထွက်ဖို့က ခက်ခဲတဲ့စွန့်စားခန်းတစ်ခုလိုပါပဲ “ Agoraphobia ”

တစ်ခါတလေ အပြင်ထွက်ဖို့၊ ဈေးဝယ်ဖို့၊ ဘတ်စ်ကားစီးဖို့ ဒါမှမဟုတ် လူများတဲ့နေရာတစ်ခုကို သွားဖို့ စဉ်းစားလိုက်တာနဲ့ စိုးရိမ်ပူပန်မှုတွေ စတင်ဖြစ်ပေါ်လာတာမျိုး ကြုံဖူးလား…  “ အပြင်ရောက်သွားတဲ့အခါ အရေးပေါ် အန္တရာယ်တစ်ခုခုများကြုံမလား…အထိတ်တလန့်အခြေအနေတွေကြုံပြီး Panic Attack လိုမျိုး ဖြစ်သွားမလား…အရေးပေါ်အခြေအနေတစ်ခုခု ဖြစ်လာရင် ကိုယ်ထွက်ပြေးလွတ်မြောက်ဖို့ ခက်ခဲသွားမလားဆိုတဲ့ အတွေးတွေနဲ့ စိုးရိမ်ကြောက်ရွံ့မှုတွေလွန်ကဲလာပြီး ကိုယ့်အိမ်ကနေတောင် ထွက်ဖို့ အချိန်များစွာယူရတယ်, အဆိုးဆုံးအခြေအနေတွေမှာ အိမ်ထဲကနေတောင် မထွက်နိုင်တော့ဘူး။ အချို့နေရာတွေဆို သွားချင်စိတ်ရှိ‌ရင်တောင် ရှောင်ရှားလိုက်ရတယ်..  Agoraphobia ဆိုတာ ဘာလဲ။ Agoraphobia ဆိုတာ အထိတ်တလန့်ဖြစ်လာတဲ့အခါ ထွက်ပြေးလွတ်မြောက်ဖို့ (သို့) အကူအညီရဖို့ ခက်ခဲမယ်လို့ ခံစားရနိုင်တဲ့ နေရာတွေနဲ့ အခြေအနေတွေကို အလွန်အမင်း ကြောက်ရွံ့ပြီး ရှောင်ရှားတတ်တဲ့ စိတ်ကျန်းမာရေးဆိုင်ရာ အခြေအနေတစ်ခုဖြစ်ပါတယ်။ ကြောက်ရွံ့မှုတွေကြောင့် အဲဒီနေရာတွေကို ရှောင်ရှားလာတာ၊ အပြင်ထွက်တဲ့အခါ …

Bipolar Disorder: Beyond the Mood Swings

Understanding the signs, challenging misconceptions, and learning how to support someone living with bipolar disorder. ကိုယ်တိုင် ( သို့ ) ကိုယ့်ရဲ့ နီးစပ်ရာ အသိမိတ်ဆွေ, မိသားစုဝင်တစ်ဦးဦးက အချို့နေ့တွေမှာ အပြင်တွေသွား လန်းဆန်းတက်ကြွပြီး, စိတ်ဓာတ်တွေအလွန်အမင်းတက်ကြွနေတယ်၊ အချို့နေ့တွေကျတော့ တစ်ခြားတစ်ယောက်ဖြစ်သွားသလို လုံးဝကို စိတ်ဓာတ်ကျနေပြီး အခန်းထဲကနေမထွက်ချင်လောက်အောင် ဖြစ်နေတယ်, ဘာဆိုဘာမှလည်း မလုပ်နိုင်တော့သလို ဖြစ်နေတယ်… What Is Bipolar Disorder? Bipolar Disorder ဆိုတာ စိတ်ခံစားချက် (mood)၊ အားအင် (energy) နဲ့ လှုပ်ရှားလုပ်ဆောင်မှု (activity levels), အိပ်စက်မှုတွေမှာ သိသာထင်ရှားတဲ့ ပြောင်းလဲမှုတွေ ဖြစ်ပေါ်စေနိုင်တဲ့ …

မလိုလားအပ်တဲ့ အတွေးတွေနဲ့ ထပ်ခါထပ်ခါ လုပ်ဆောင်နေရမှုတွေကြားကObsessive-Compulsive Disorder ( OCD )အကြောင်း

Obsessive-Compulsive Disorder (OCD) မှာ အဓိကအားဖြင့် ဥပမာအားဖြင့် တံခါးပိတ်ပြီးပြီလို့ သိပေမယ့် မသေချာတဲ့အတွေး ထပ်ခါထပ်ခါ ဝင်လာခြင်း (Obsessions) နဲ့ စိတ်သက်သာဖို့အတွက် တံခါးကို အကြိမ်ကြိမ် ပြန်စစ်ခြင်း (Compulsions) တို့ ဖြစ်ပါတယ်။ OCD အမျိုးအစား နှင့် လက္ခဏာများ - OCD မှာ အမျိုးအစားများစွာရှိပြီး လူတစ်ယောက်နဲ့တစ်ယောက်မှာ  ကြုံတွေ့ရမှုလက္ခဏာတွေ မတူညီနိုင်ပါဘူး။ ယေဘုယျ အမျိုးအစားတွေကတော့ ဒါ့အပြင် Relationship OCD ( ROCD ) လို့ခေါ်တဲ့ ကိုယ့်ချစ်သူက ကိုယ့်ကို တကယ်ချစ်ရဲ့လား၊ ကိုယ်က သူ့ကို တကယ်ချစ်ရဲ့လား၊ ဒီဆက်ဆံရေးက ကိုယ့်အတွက် သင့်တော်ရဲ့လားဆိုတာကို ထပ်ခါထပ်ခါ သံသယဝင်ပြီး စိုးရိမ်နေခြင်း။ ဆက်ဆံရေးမှာ ထင်ရှားတဲ့ ပြဿနာမရှိတဲ့အချိန်မှာတောင် …