ကိုယ့်ကို တံဆိပ်ကပ်ထားတဲ့ Roles, Labels တွေကို ဖယ်လိုက်တဲ့အခါ ကျန်နေတဲ့ ကိုယ့်ရဲ့ တကယ့်ဖြစ်တည်မှုအစစ်မှန်ကို ကိုယ်တိုင်သိနေရဲ့လား? 

လူသားတစ်ဦးချင်းစီတိုင်းမှာ မွေးလာတဲ့အချိန်ကစပြီး ကိုယ့်အတွက် တံဆိပ် Roles လေးတွေ တစ်ခုပြီးတစ်ခု ရလာကြပါတယ်။ သား/သမီး, မောင်နှမ, မိဘ, မိသားစုရဲ့ အကြီးဆုံး / အငယ်ဆုံး စသဖြင့် Roles တွေရှိကြသလို, ကိုယ်ကျင်လည်ရတဲ့ ပတ်ဝန်းကျင်နှင့်ပတ်သတ်ပြီးလည်း တစ်ဦးဦးရဲ့ မိတ်ဆွေ, ဆရာ, တပည့်, လုပ်ဖော်ကိုင်ဖက်, တာဝန်ရှိသူ, အဖွဲ့အစည်းမှာပါဝင်သူ, ဦးဆောင်သူ စတဲ့ များစွာသော Roles တွေ ကိုယ်စီနဲ့ ရှင်သန်နေထိုင်တတ်ကြပါတယ်။  ဒီ Roles တွေကြောင့် ကိုယ့်ရဲ့ ရှင်သန်နေထိုင်မှုကို ဖော်ပြတဲ့အခါပိုပြီး အဓိပ္ပာယ်ပြည့်စုံစေတာမှန်ပေမယ့် ကိုယ့်ရဲ့ ဖြစ်တည်မှုကို ခုလို မိသားစုအသိုင်းအဝိုင်း, အလုပ်အကိုင်, ဂုဏ်ပုဒ်စတဲ့  Rolesတွေ အပေါ်ပဲ အခြေခံပြီး ခံယူသတ်မှတ်တဲ့အခါ အဲဒီ Roles တွေ မရှိတဲ့အချိန်မှာ …

လူသားတစ်ဦးချင်းစီတိုင်းမှာ မွေးလာတဲ့အချိန်ကစပြီး ကိုယ့်အတွက် တံဆိပ် Roles လေးတွေ တစ်ခုပြီးတစ်ခု ရလာကြပါတယ်။ သား/သမီး, မောင်နှမ, မိဘ, မိသားစုရဲ့ အကြီးဆုံး / အငယ်ဆုံး စသဖြင့် Roles တွေရှိကြသလို, ကိုယ်ကျင်လည်ရတဲ့ ပတ်ဝန်းကျင်နှင့်ပတ်သတ်ပြီးလည်း တစ်ဦးဦးရဲ့ မိတ်ဆွေ, ဆရာ, တပည့်, လုပ်ဖော်ကိုင်ဖက်, တာဝန်ရှိသူ, အဖွဲ့အစည်းမှာပါဝင်သူ, ဦးဆောင်သူ စတဲ့ များစွာသော Roles တွေ ကိုယ်စီနဲ့ ရှင်သန်နေထိုင်တတ်ကြပါတယ်။ 

ဒီ Roles တွေကြောင့် ကိုယ့်ရဲ့ ရှင်သန်နေထိုင်မှုကို ဖော်ပြတဲ့အခါပိုပြီး အဓိပ္ပာယ်ပြည့်စုံစေတာမှန်ပေမယ့် ကိုယ့်ရဲ့ ဖြစ်တည်မှုကို ခုလို မိသားစုအသိုင်းအဝိုင်း, အလုပ်အကိုင်, ဂုဏ်ပုဒ်စတဲ့  Rolesတွေ အပေါ်ပဲ အခြေခံပြီး ခံယူသတ်မှတ်တဲ့အခါ အဲဒီ Roles တွေ မရှိတဲ့အချိန်မှာ ကိုယ့်ကိုကိုယ်ပျောက်ဆုံးသွားတယ်လို့ ခံစားသွားရတဲ့အထိ ဖြစ်တတ်ကြပါတယ်။ 

 ဒါကြောင့် ကိုယ့်ဖြစ်တည်မှုကို Roles တွေနှင့်မဟုတ်ပဲ ကိုယ်တိုင်ရွေးချယ်ခံယူထားတဲ့ တန်ဖိုးထားရတဲ့ စွမ်းရည်, စိတ်အားထက်သန်မှု, ဖြတ်သန်းကြုံတွေ့ရမှုနှင့် သတ်မှတ်တည်ဆောက်ဖို့လိုပါတယ်။ ဒီလိုမှပဲ ကိုယ့်ရဲ့  စစ်မှန်တဲ့ Values နှင့် True Identity ကိုရှာတွေ့နိုင်သလို တစ်ချိန်ချိန် ကိုယ့်ဆီမှာ ဘယ်လို Roles မှ မရှိနေတော့ရင်တောင် ကိုယ်ရဲ့ Values တွေက ကိုယ့်ကို လမ်းပြသဖွယ် ဖြစ်စေမှာပါ။ 

ဒါဆိုရင် ကိုယ့်ရဲ့ True Self ကို ဘယ်လိုချိတ်ဆက်မလဲ ?

  • Unplug and Reflect : ကိုယ့်ရဲ့ စိတ်နဲ့ကိုယ်ကို ပြင်ပအရာတွေဆီကနေ ခဏလောက်ဝေးကွာပြီး Meditation , Journaling လုပ်ခြင်းဖြင့် ကိုယ့်ရဲ့ အတွင်းထဲကို အရှိအတိုင်း ပြန်လည်ဆန်းစစ်နားထောင်ကြည့်ပါ။ 
  • Stop Performing:  တစ်ခြားသူတွေ ကိုယ့်ကို ကျေနပ်လက်ခံလာဖို့အတွက်ကို “ Role-play ” လုပ်နေမိတာလား…ကိုယ့်ရဲ့ စစ်မှန်တဲ့ပုံစံလေးအတိုင်းပဲ နေထိုင်ဖြစ်နေလားဆိုတာကို သတိထားကြည့်ပါ။
  • Practice Self-Compassion: ကိုယ့်ရဲ့ တန်ဖိုးကို အပြင်က အရာဝတ္ထု,ပစ္စည်း,ဂုဏ်ပုဒ်တွေနဲ့ မသတ်မှတ်ပဲ ကိုယ်ပိုင်ထူးခြားမှုစွမ်းရည်တွေရှိတဲ့ ကိုယ့်ကိုကိုယ် လက်ခံထွေးပွေ့နိုင်ဖို့ ကြိုးစားပါ။ 
  • Identify Core Values: အလုပ်, ဆက်ဆံရေး, မိသားစု စတဲ့အပိုင်းတွေမှာ ကိုယ့်အတွက် ဘယ်လို စွမ်းရည်,ကိုယ်ရည်ကိုယ်သွေးတွေက တန်ဖိုးထားရသလဲဆိုတာကို ရှာဖွေပါ။ 
  • Reconnect with Childhood Joy: လူမှုအသိုင်းအဝိုင်းက ဖိအားစံနှုန်းတွေမရှိခင်က ကိုယ်သဘောကျခဲ့တဲ့ ငယ်ဘဝ အရာလေးတွေကို ပြန်ပြီးခံစားလုပ်ဆောင်ကြည့်ပါ။ 

***************************************************************************************

ကိုယ့်ရဲ့ စစ်မှန်တဲ့ဖြစ်တည်မှုလေးကို ပြန်လည်ရှာဖွေဖို့ အဆင်သင့်ဖြစ်နေပြီဆိုရင် Mental Health Counselor and Wellness Advocate – Ma Su ကနေ ဦးဆောင်ပေးသွားမယ့် “ Meet Yourself Within – Journaling Workshop ” လေးရှိပါတယ်.. 𝐌𝐚 𝐒𝐮 ရဲ့ 𝗚𝘂𝗶𝗱𝗲𝗱 𝗝𝗼𝘂𝗿𝗻𝗮𝗹𝗶𝗻𝗴 ကနေ တစ်ဆင့် ကိုယ့်အတွက် စစ်မှန်တဲ့ဘဝအဓိပ္ပာယ် နှင့် ကိုယ်တန်ဖိုးထားရတဲ့ life values တွေကို ရှာဖွေရင်း  ကိုယ့်ရဲ့ အတွင်းထဲက Inner Self လေးနှင့် အချိန်တခဏတာလောက် ဆုံတွေ့နိုင်မှာပါ။ 

Workshop လေးက လူဦးရေအကန့်သတ်လေးရှိတာဖြစ်လို့ စိတ်ဝင်စားတယ်ဆိုရင် အမြန်ဆုံး Page Messenger ကနေ စာရင်းသွင်းလိုက်နော်…✨

𝐄𝐯𝐞𝐧𝐭 𝐃𝐞𝐭𝐚𝐢𝐥 📌

📆  𝐃𝐚𝐭𝐞 : 𝟐𝟔𝐭𝐡 𝐀𝐩𝐫𝐢𝐥 𝟐𝟎𝟐𝟔 ( 𝐒𝐮𝐧𝐝𝐚𝐲 )

⏰ 𝐓𝐢𝐦𝐞 : 𝟕:𝟎𝟎 – 𝟗:𝟎𝟎 𝐏𝐌 ( 𝐌𝐌 𝐭𝐢𝐦𝐞𝐬 )

💻 𝐏𝐥𝐚𝐭𝐟𝐨𝐫𝐦 : 𝐙𝐨𝐨𝐦 

💸 𝐅𝐞𝐞𝐬 : 𝟐𝟓,𝟎𝟎𝟎 𝐦𝐦𝐤 𝐨𝐧𝐥𝐲

#mentalplayground #beyondmyroles #meetyourselfwithin #selfdiscovery #onlineworkshopinmyanmar #mentalwellness

Book a Consultation

It’s easy and free!

MPG editor

MPG editor

Related Posts

“ The Growth Playground Vol 14 : “ Growing Together : Supporting Children through Change ”  

မလွှဲရှောင်နိုင်တဲ့ အပြောင်းအလဲတွေဆိုတာ လူကြီးတွေရဲ့ဘဝမှာသာမက ကလေးငယ်တွေရဲ့ဘဝမှာလည်း မကြာခဏ ကြုံတွေ့ရတတ်ပါတယ်။ 👶 မိသားစုတွင်းအခြေအနေပြောင်းလဲသွားတဲ့အခါ… 🌱 အသက်အရွယ်အရ ခန္ဓာကိုယ်နဲ့ စိတ်ပိုင်းဆိုင်ရာ အပြောင်းအလဲတွေကို ကြုံတွေ့ရတဲ့အခါ… 🏫 ကျောင်းစတက်ချိန် ( သို့ ) ကျောင်းပြောင်းရတဲ့အခါ…🏠 ရင်းနှီးတဲ့ပတ်ဝန်းကျင်၊ မိသားစု၊ သူငယ်ချင်းတွေဆီကနေ အခြားနေရာတစ်ခုကို ပြောင်းရွှေ့ရတဲ့အခါ…  ကလေးတွေအနေနဲ့ ဖွင့်ပြောမပြတတ်တဲ့ ဝမ်းနည်းမှု၊ စိုးရိမ်မှု စတဲ့ ခံစားချက်တွေ ပြင်းထန်လာတာမျိုးတွေ ဖြစ်တတ်ပါတယ်။  ဒါ့ကြောင့် - 💛 ကလေးတွေရဲ့ စိတ်ပိုင်းဆိုင်ရာလိုအပ်ချက်တွေကို ဘယ်လိုသတိထားပြီး ဖြည့်စည်းပေးနိုင်မလဲ ? 💛 အပြောင်းအလဲတွေကို ဖြတ်သန်းတဲ့အချိန်မှာ ကလေးတွေအတွက် လုံခြုံပြီး နွေးထွေးတဲ့ပတ်ဝန်းကျင်တစ်ခုကို ဘယ်လို ဖန်တီးပေးနိုင်မလဲ?  ဆိုတာကို ယခု Online webinar လေးမှာ “ …

Scholarships Available for Internal Family System ( IFS ) Practical for All – Online Class !!

( Deadline : 5th September 2026 ) ယခု Scholarship Program ကတော့ Internal Family System ( IFS ) method အကြောင်း စိတ်အားထက်သန်စွာလေ့လာချင်သူ, IFS model ကို အသုံးပြုပြီး မိမိကိုယ်တိုင်အတွက် ( သို့ ) ကိုယ့်ရဲ့ community အတွက် meaningful Impact ဖန်တီးချင်သူများအတွက် အခွင့်အရေးတစ်ခုဖြစ်ပါတယ်။  လျှောက်ထားသူရဲ့ strong motivation / financial need အပေါ်မူတည်ပြီး ( 20 - 100 % ) Partial or Full Scholarship ပေးအပ်သွားဖို့ ရှိပါတယ်… Who …

Internal Family System ( IFS ) Practical for All – Online Class 

Why IFS?  နေ့စဉ်ဘဝမှာ လူတိုင်းက “ ကိုယ်ခန္ဓာ, လိုအင်ဆန္ဒ, စိတ်ခံစားချက် နှင့် အတွေး ” တွေကတဆင့် ကိုယ့်ကိုကိုယ် နှင့် အပြန်အလှန် ချိတ်ဆက်သွယ်မှုတွေ ရှိနေပါတယ်။              တစ်ခါတလေမှာတော့ ကိုယ့်ကိုကိုယ် သတိမပြုမိပဲ ကိုယ်ရဲ့ အတွင်းထဲမှာ ဘာတွေဖြစ်ပျက်,ခံစားနေရလဲ ? ဘာကြောင့် ကိုယ် ဒီလို အပြုအမူ, တုံ့ပြန်မှုတွေ  လုပ်တတ်တာလဲ ? စတဲ့ ကိုယ့်ကိုကိုယ်အကြောင်း နက်နက်နဲနဲ သိနားလည်နိုင်ဖို့ ခက်ခဲတတ်ကြပါတယ်။  Internal Family System ( IFS )  approach ကတော့ လူတစ်ဦးတစ်ယောက်ချင်းစီအနေနဲ့ ကိုယ့်ရဲ့ inner world ကို “ curiosity ”, “ compassion’’, “ …