Internal Family System ( IFS ) Practical for All – Online Class 

Why IFS?  နေ့စဉ်ဘဝမှာ လူတိုင်းက “ ကိုယ်ခန္ဓာ, လိုအင်ဆန္ဒ, စိတ်ခံစားချက် နှင့် အတွေး ” တွေကတဆင့် ကိုယ့်ကိုကိုယ် နှင့် အပြန်အလှန် ချိတ်ဆက်သွယ်မှုတွေ ရှိနေပါတယ်။              တစ်ခါတလေမှာတော့ ကိုယ့်ကိုကိုယ် သတိမပြုမိပဲ ကိုယ်ရဲ့ အတွင်းထဲမှာ ဘာတွေဖြစ်ပျက်,ခံစားနေရလဲ ? ဘာကြောင့် ကိုယ် ဒီလို အပြုအမူ, တုံ့ပြန်မှုတွေ  လုပ်တတ်တာလဲ ? စတဲ့ ကိုယ့်ကိုကိုယ်အကြောင်း နက်နက်နဲနဲ သိနားလည်နိုင်ဖို့ ခက်ခဲတတ်ကြပါတယ်။  Internal Family System ( IFS )  approach ကတော့ လူတစ်ဦးတစ်ယောက်ချင်းစီအနေနဲ့ ကိုယ့်ရဲ့ inner world ကို “ curiosity ”, “ compassion’’, “ …

Why IFS? 

နေ့စဉ်ဘဝမှာ လူတိုင်းက “ ကိုယ်ခန္ဓာ, လိုအင်ဆန္ဒ, စိတ်ခံစားချက် နှင့် အတွေး ” တွေကတဆင့် ကိုယ့်ကိုကိုယ် နှင့် အပြန်အလှန် ချိတ်ဆက်သွယ်မှုတွေ ရှိနေပါတယ်။ 

            တစ်ခါတလေမှာတော့ ကိုယ့်ကိုကိုယ် သတိမပြုမိပဲ ကိုယ်ရဲ့ အတွင်းထဲမှာ ဘာတွေဖြစ်ပျက်,ခံစားနေရလဲ ? ဘာကြောင့် ကိုယ် ဒီလို အပြုအမူ, တုံ့ပြန်မှုတွေ  လုပ်တတ်တာလဲ ? စတဲ့ ကိုယ့်ကိုကိုယ်အကြောင်း နက်နက်နဲနဲ သိနားလည်နိုင်ဖို့ ခက်ခဲတတ်ကြပါတယ်။ 

Internal Family System ( IFS )  approach ကတော့ လူတစ်ဦးတစ်ယောက်ချင်းစီအနေနဲ့ ကိုယ့်ရဲ့ inner world ကို “ curiosity ”, “ compassion’’, “ awareness ” နှင့် ရှာဖွေရင်း Balance ဖြစ်လာစေနိုင်ဖို့ အထောက်အကူဖြစ်ပါတယ်။ ကိုယ့်ရဲ့ အတွင်းထဲမှာရှိနေတဲ့ များစွာသော အပိုင်း ( Parts ) တွေကို IFS approach ကတဆင့်  သိလာပြီး ဒီအပိုင်းတွေရဲ့ ရည်ရွယ်ချက်နှင့် အပြုမူတွေကို နားလည်လာနိုင်စေတဲ့အတွက် ကိုယ့်ကိုကိုယ် ပိုပြီး နက်နက်နဲနဲ နားလည်နိုင်စေမှာဖြစ်သလို, ပိုပြီး အပြုသဘောဆောင်စွာ Manage လုပ်နိုင်မှာပါ။

ယခုဖွင့်လှစ်မယ့် Internal Family System ( IFS ) Practical for All – Online Class က ကိုယ့်ရဲ့ Inner Self ကို နားလည်ချင်သူ, ကိုယ့်ကိုကိုယ်အတွက် အချိန် နှင့် အားစိုက်ထုတ်မှုပေးပြီး လက်တွေ့ practice လုပ်နိုင်ဖို့ကို ရည်ရွယ်ပြီးဖွင့်လှစ်ထားပါတယ်။ 

သင်တန်းချိန် စုစုပေါင်း 24 နာရီ တက်ရောက်ရမှာဖြစ်ပြီး သင်တန်းတက်ရောက်အပြီးမှာတော့ IFS practice ကို မိမိတို့ရဲ့ နေ့စဉ်ဘဝမှာ ကိုယ်တိုင် အသုံးချ ကျင့်သုံးနိုင်သွားဖို့ ဖြစ်စေမှာပါ။

*******************************************************************************

✨ Who will be your Trainer? 

IFS Institute ကနေ အသိအမှတ်ပြုထားတဲ့ Internal Family Systems (IFS) Therapy ( Level 1,2 ) လက်မှတ်ရရှိထားသူ Trainer – Julian ကနေ သင်ကြားပေးသွားမှာပါ။ Julian က IFS Framework အသုံးပြု၍ Mental Playground မှာ Expert တစ်ဦးအဖြစ် Therapy Session များကို လုပ်ဆောင်ပေးနေသလို In-person / Online workshops ပေါင်း 150 ကျော် ကို Facilitate လုပ်နေသူလည်းဖြစ်ပါတယ်။ 

*******************************************************************************

✨ Class Content 

  • Internal Family Systems (IFS) ၏ အခြေခံနှင့် သဘောတရားများ
  • မိမိတို့ရဲ့ အပိုင်းများ (Parts) တွေရဲ့ သဘောတရားအကြောင်း။ မိမိတို့ရဲ့ အတွေး၊ ခံစားချက်နှင့် အပြုအမူများအပေါ် Parts ရဲ့ လွှမ်းမိုးမှုအား နားလည်ခြင်း။
  • Parts နှင့် ချိတ်ဆက်မှုပြုလုပ်ခြင်းနှင့် ဆက်ဆံရေး တည်ဆောက်ခြင်း
  • Inner awareness တိုးတက်စေရန်, Internal system နှင့် ပူးပေါင်လုပ်ဆောင်နိုင်ရန်အတွက် လက်တွေ့အသုံးချစွမ်းရည်များ
  • IFS practice ကို မိမိတို့ရဲ့ နေ့စဉ်ဘဝမှာ ပေါင်းစပ်အသုံးပြုနိုင်စေမည့် လေ့ကျင့်ခန်းများ
  • တစ်ပါးသူများနှင့် ဆက်ဆံရေး နှင့် ကူညီပံ့ပိုးမှုများတွင် IFS practice ကို အသုံးချနိုင်မည့် နည်းလမ်းများ

*******************************************************************************

✨Methodology

Theory သာမက ကိုယ်တိုင်လုပ်ဆောင်သင်ယူနိုင်မှု ( experiential learning ) နှင့် လက်တွေ့အသုံးချမှု (practical application) တို့ဖြင့် သင်ယူနိုင်မှာဖြစ်ပါတယ်။

  • Theory ရှင်းလင်းချက်များ ပါဝင်သော လက်တွေ့သင်ယူမှု လက်စွဲ manual
  • IFS လုပ်ငန်းစဉ်များကို လေ့လာနိုင်စေမယ့် Demonstrations နှင့် guided practices များ 
  • Facilitator နှင့် သင်တန်းသား တစ်ဦးချင်း 1:1 IFS session
  • သင်ယူမှုကို အထောက်ပံ့ဖြစ်စေရန်အတွက် သင်ခန်းစာအပြီး Exercises များ
  • Pair work နှင့် group activities များ
  • Group sharing လုပ်ခြင်း နှင့် ပေါင်းစပ်လေ့လာခြင်းဆိုင်ရာ အစီအစဉ်များ

*******************************************************************************

Class Schedule (24-Hour Class )

Duration : 12th Sep – 11th October 2026 ( Off days – 26-27th Sep )

Date: Every Saturday & Sunday 

Time: 5 pm – 9 pm ( 6:30 – 7:30 break ) MM times

Platform: Zoom 

Certificate of Completion require a minimum 75% attendance. 

Class Fees: 240,000 mmk 

Early Bird Discount: 200,000 mmk ( until Aug 10th )

MPG Alumni Discount: 190,000 mmk 

       သင်တန်းအပ်နှံလိုပါက အောက်ပါ google link ကနေ အပ်နှံနိုင်ပါတယ်.

*******************************************************************************

( *** This course is not designed as a professional training program or certification pathway. Instead, it is intended to help participants learn how to apply the Internal Family Systems (IFS) approach in their own lives for greater self-awareness, self-understanding, and personal growth *** )

Book a Consultation

It’s easy and free!

MPG editor

MPG editor

Related Posts

“ The Growth Playground Vol 14 : “ Growing Together : Supporting Children through Change ”  

မလွှဲရှောင်နိုင်တဲ့ အပြောင်းအလဲတွေဆိုတာ လူကြီးတွေရဲ့ဘဝမှာသာမက ကလေးငယ်တွေရဲ့ဘဝမှာလည်း မကြာခဏ ကြုံတွေ့ရတတ်ပါတယ်။ 👶 မိသားစုတွင်းအခြေအနေပြောင်းလဲသွားတဲ့အခါ… 🌱 အသက်အရွယ်အရ ခန္ဓာကိုယ်နဲ့ စိတ်ပိုင်းဆိုင်ရာ အပြောင်းအလဲတွေကို ကြုံတွေ့ရတဲ့အခါ… 🏫 ကျောင်းစတက်ချိန် ( သို့ ) ကျောင်းပြောင်းရတဲ့အခါ…🏠 ရင်းနှီးတဲ့ပတ်ဝန်းကျင်၊ မိသားစု၊ သူငယ်ချင်းတွေဆီကနေ အခြားနေရာတစ်ခုကို ပြောင်းရွှေ့ရတဲ့အခါ…  ကလေးတွေအနေနဲ့ ဖွင့်ပြောမပြတတ်တဲ့ ဝမ်းနည်းမှု၊ စိုးရိမ်မှု စတဲ့ ခံစားချက်တွေ ပြင်းထန်လာတာမျိုးတွေ ဖြစ်တတ်ပါတယ်။  ဒါ့ကြောင့် - 💛 ကလေးတွေရဲ့ စိတ်ပိုင်းဆိုင်ရာလိုအပ်ချက်တွေကို ဘယ်လိုသတိထားပြီး ဖြည့်စည်းပေးနိုင်မလဲ ? 💛 အပြောင်းအလဲတွေကို ဖြတ်သန်းတဲ့အချိန်မှာ ကလေးတွေအတွက် လုံခြုံပြီး နွေးထွေးတဲ့ပတ်ဝန်းကျင်တစ်ခုကို ဘယ်လို ဖန်တီးပေးနိုင်မလဲ?  ဆိုတာကို ယခု Online webinar လေးမှာ “ …

Scholarships Available for Internal Family System ( IFS ) Practical for All – Online Class !!

( Deadline : 5th September 2026 ) ယခု Scholarship Program ကတော့ Internal Family System ( IFS ) method အကြောင်း စိတ်အားထက်သန်စွာလေ့လာချင်သူ, IFS model ကို အသုံးပြုပြီး မိမိကိုယ်တိုင်အတွက် ( သို့ ) ကိုယ့်ရဲ့ community အတွက် meaningful Impact ဖန်တီးချင်သူများအတွက် အခွင့်အရေးတစ်ခုဖြစ်ပါတယ်။  လျှောက်ထားသူရဲ့ strong motivation / financial need အပေါ်မူတည်ပြီး ( 20 - 100 % ) Partial or Full Scholarship ပေးအပ်သွားဖို့ ရှိပါတယ်… Who …

“ Self-creation: A Wellness Gathering Event Vol.II ” is back !!

( 20% off for website registration before 26th July ) နှစ်တစ်ဝက်ကျော်လွန်လာပြီဖြစ်တဲ့ 2026 မှာ မရပ်မနားလှုပ်ရှားနေခဲ့ရတဲ့ ပင်ပန်းနွမ်းနယ်မှုတွေကနေ စိတ်နဲ့ကိုယ်ကို Recharge လုပ်ဖို့ , ကိုယ့်ကိုကိုယ်နဲ့ ပြန်လည်ချိတ်ဆက်ပြီး ရှေ့လာမယ့် နေ့ရက်တွေအတွက် ပိုကောင်းမွန်တဲ့ ကိုယ့်ရဲ့ version နဲ့ ဖြတ်သန်းနိုင်ဖို့အတွက် Self-creation : A Wellness Gathering Event Vol.2 ကို စီစဉ်ထားပါတယ်… __________________________________________________________________ မတူကွဲပြားတဲ့ Themes တွေနဲ့ ဖန်တီးထားတဲ့  Recharge Stations ( Activities ) 3 ခုပါဝင်ပြီး, ကိုယ်ကြိုက်နှစ်သက်ရာ Activity ကို စိတ်ကြိုက်ရွေးချယ်စီးမျောနိုင်မှာပါ။ Recharge Stations တွေက …