Internal Family System ( IFS ) Practical for All – Online Class 

Why IFS?  နေ့စဉ်ဘဝမှာ လူတိုင်းက “ ကိုယ်ခန္ဓာ, လိုအင်ဆန္ဒ, စိတ်ခံစားချက် နှင့် အတွေး ” တွေကတဆင့် ကိုယ့်ကိုကိုယ် နှင့် အပြန်အလှန် ချိတ်ဆက်သွယ်မှုတွေ ရှိနေပါတယ်။              တစ်ခါတလေမှာတော့ ကိုယ့်ကိုကိုယ် သတိမပြုမိပဲ ကိုယ်ရဲ့ အတွင်းထဲမှာ ဘာတွေဖြစ်ပျက်,ခံစားနေရလဲ ? ဘာကြောင့် ကိုယ် ဒီလို အပြုအမူ, တုံ့ပြန်မှုတွေ  လုပ်တတ်တာလဲ ? စတဲ့ ကိုယ့်ကိုကိုယ်အကြောင်း နက်နက်နဲနဲ သိနားလည်နိုင်ဖို့ ခက်ခဲတတ်ကြပါတယ်။  Internal Family System ( IFS )  approach ကတော့ လူတစ်ဦးတစ်ယောက်ချင်းစီအနေနဲ့ ကိုယ့်ရဲ့ inner world ကို “ curiosity ”, “ compassion’’, “ …

Why IFS? 

နေ့စဉ်ဘဝမှာ လူတိုင်းက “ ကိုယ်ခန္ဓာ, လိုအင်ဆန္ဒ, စိတ်ခံစားချက် နှင့် အတွေး ” တွေကတဆင့် ကိုယ့်ကိုကိုယ် နှင့် အပြန်အလှန် ချိတ်ဆက်သွယ်မှုတွေ ရှိနေပါတယ်။ 

            တစ်ခါတလေမှာတော့ ကိုယ့်ကိုကိုယ် သတိမပြုမိပဲ ကိုယ်ရဲ့ အတွင်းထဲမှာ ဘာတွေဖြစ်ပျက်,ခံစားနေရလဲ ? ဘာကြောင့် ကိုယ် ဒီလို အပြုအမူ, တုံ့ပြန်မှုတွေ  လုပ်တတ်တာလဲ ? စတဲ့ ကိုယ့်ကိုကိုယ်အကြောင်း နက်နက်နဲနဲ သိနားလည်နိုင်ဖို့ ခက်ခဲတတ်ကြပါတယ်။ 

Internal Family System ( IFS )  approach ကတော့ လူတစ်ဦးတစ်ယောက်ချင်းစီအနေနဲ့ ကိုယ့်ရဲ့ inner world ကို “ curiosity ”, “ compassion’’, “ awareness ” နှင့် ရှာဖွေရင်း Balance ဖြစ်လာစေနိုင်ဖို့ အထောက်အကူဖြစ်ပါတယ်။ ကိုယ့်ရဲ့ အတွင်းထဲမှာရှိနေတဲ့ များစွာသော အပိုင်း ( Parts ) တွေကို IFS approach ကတဆင့်  သိလာပြီး ဒီအပိုင်းတွေရဲ့ ရည်ရွယ်ချက်နှင့် အပြုမူတွေကို နားလည်လာနိုင်စေတဲ့အတွက် ကိုယ့်ကိုကိုယ် ပိုပြီး နက်နက်နဲနဲ နားလည်နိုင်စေမှာဖြစ်သလို, ပိုပြီး အပြုသဘောဆောင်စွာ Manage လုပ်နိုင်မှာပါ။

ယခုဖွင့်လှစ်မယ့် Internal Family System ( IFS ) Practical for All – Online Class က ကိုယ့်ရဲ့ Inner Self ကို နားလည်ချင်သူ, ကိုယ့်ကိုကိုယ်အတွက် အချိန် နှင့် အားစိုက်ထုတ်မှုပေးပြီး လက်တွေ့ practice လုပ်နိုင်ဖို့ကို ရည်ရွယ်ပြီးဖွင့်လှစ်ထားပါတယ်။ 

သင်တန်းချိန် စုစုပေါင်း 24 နာရီ တက်ရောက်ရမှာဖြစ်ပြီး သင်တန်းတက်ရောက်အပြီးမှာတော့ IFS practice ကို မိမိတို့ရဲ့ နေ့စဉ်ဘဝမှာ ကိုယ်တိုင် အသုံးချ ကျင့်သုံးနိုင်သွားဖို့ ဖြစ်စေမှာပါ။

*******************************************************************************

✨ Who will be your Trainer? 

IFS Institute ကနေ အသိအမှတ်ပြုထားတဲ့ Internal Family Systems (IFS) Therapy ( Level 1,2 ) လက်မှတ်ရရှိထားသူ Trainer – Julian ကနေ သင်ကြားပေးသွားမှာပါ။ Julian က IFS Framework အသုံးပြု၍ Mental Playground မှာ Expert တစ်ဦးအဖြစ် Therapy Session များကို လုပ်ဆောင်ပေးနေသလို In-person / Online workshops ပေါင်း 150 ကျော် ကို Facilitate လုပ်နေသူလည်းဖြစ်ပါတယ်။ 

*******************************************************************************

✨ Class Content 

  • Internal Family Systems (IFS) ၏ အခြေခံနှင့် သဘောတရားများ
  • မိမိတို့ရဲ့ အပိုင်းများ (Parts) တွေရဲ့ သဘောတရားအကြောင်း။ မိမိတို့ရဲ့ အတွေး၊ ခံစားချက်နှင့် အပြုအမူများအပေါ် Parts ရဲ့ လွှမ်းမိုးမှုအား နားလည်ခြင်း။
  • Parts နှင့် ချိတ်ဆက်မှုပြုလုပ်ခြင်းနှင့် ဆက်ဆံရေး တည်ဆောက်ခြင်း
  • Inner awareness တိုးတက်စေရန်, Internal system နှင့် ပူးပေါင်လုပ်ဆောင်နိုင်ရန်အတွက် လက်တွေ့အသုံးချစွမ်းရည်များ
  • IFS practice ကို မိမိတို့ရဲ့ နေ့စဉ်ဘဝမှာ ပေါင်းစပ်အသုံးပြုနိုင်စေမည့် လေ့ကျင့်ခန်းများ
  • တစ်ပါးသူများနှင့် ဆက်ဆံရေး နှင့် ကူညီပံ့ပိုးမှုများတွင် IFS practice ကို အသုံးချနိုင်မည့် နည်းလမ်းများ

*******************************************************************************

✨Methodology

Theory သာမက ကိုယ်တိုင်လုပ်ဆောင်သင်ယူနိုင်မှု ( experiential learning ) နှင့် လက်တွေ့အသုံးချမှု (practical application) တို့ဖြင့် သင်ယူနိုင်မှာဖြစ်ပါတယ်။

  • Theory ရှင်းလင်းချက်များ ပါဝင်သော လက်တွေ့သင်ယူမှု လက်စွဲ manual
  • IFS လုပ်ငန်းစဉ်များကို လေ့လာနိုင်စေမယ့် Demonstrations နှင့် guided practices များ 
  • Facilitator နှင့် သင်တန်းသား တစ်ဦးချင်း 1:1 IFS session
  • သင်ယူမှုကို အထောက်ပံ့ဖြစ်စေရန်အတွက် သင်ခန်းစာအပြီး Exercises များ
  • Pair work နှင့် group activities များ
  • Group sharing လုပ်ခြင်း နှင့် ပေါင်းစပ်လေ့လာခြင်းဆိုင်ရာ အစီအစဉ်များ

*******************************************************************************

Class Schedule (24-Hour Class )

Duration : 12th Sep – 11th October 2026 ( Off days – 26-27th Sep )

Date: Every Saturday & Sunday 

Time: 5 pm – 9 pm ( 6:30 – 7:30 break ) MM times

Platform: Zoom 

Certificate of Completion require a minimum 75% attendance. 

Class Fees: 240,000 mmk 

Early Bird Discount: 200,000 mmk ( until Aug 10th )

MPG Alumni Discount: 190,000 mmk 

       သင်တန်းအပ်နှံလိုပါက အောက်ပါ google link ကနေ အပ်နှံနိုင်ပါတယ်.

*******************************************************************************

( *** This course is not designed as a professional training program or certification pathway. Instead, it is intended to help participants learn how to apply the Internal Family Systems (IFS) approach in their own lives for greater self-awareness, self-understanding, and personal growth *** )

Book a Consultation

It’s easy and free!

MPG editor

MPG editor

Related Posts

အိမ်အပြင်ထွက်ဖို့က ခက်ခဲတဲ့စွန့်စားခန်းတစ်ခုလိုပါပဲ “ Agoraphobia ”

တစ်ခါတလေ အပြင်ထွက်ဖို့၊ ဈေးဝယ်ဖို့၊ ဘတ်စ်ကားစီးဖို့ ဒါမှမဟုတ် လူများတဲ့နေရာတစ်ခုကို သွားဖို့ စဉ်းစားလိုက်တာနဲ့ စိုးရိမ်ပူပန်မှုတွေ စတင်ဖြစ်ပေါ်လာတာမျိုး ကြုံဖူးလား…  “ အပြင်ရောက်သွားတဲ့အခါ အရေးပေါ် အန္တရာယ်တစ်ခုခုများကြုံမလား…အထိတ်တလန့်အခြေအနေတွေကြုံပြီး Panic Attack လိုမျိုး ဖြစ်သွားမလား…အရေးပေါ်အခြေအနေတစ်ခုခု ဖြစ်လာရင် ကိုယ်ထွက်ပြေးလွတ်မြောက်ဖို့ ခက်ခဲသွားမလားဆိုတဲ့ အတွေးတွေနဲ့ စိုးရိမ်ကြောက်ရွံ့မှုတွေလွန်ကဲလာပြီး ကိုယ့်အိမ်ကနေတောင် ထွက်ဖို့ အချိန်များစွာယူရတယ်, အဆိုးဆုံးအခြေအနေတွေမှာ အိမ်ထဲကနေတောင် မထွက်နိုင်တော့ဘူး။ အချို့နေရာတွေဆို သွားချင်စိတ်ရှိ‌ရင်တောင် ရှောင်ရှားလိုက်ရတယ်..  Agoraphobia ဆိုတာ ဘာလဲ။ Agoraphobia ဆိုတာ အထိတ်တလန့်ဖြစ်လာတဲ့အခါ ထွက်ပြေးလွတ်မြောက်ဖို့ (သို့) အကူအညီရဖို့ ခက်ခဲမယ်လို့ ခံစားရနိုင်တဲ့ နေရာတွေနဲ့ အခြေအနေတွေကို အလွန်အမင်း ကြောက်ရွံ့ပြီး ရှောင်ရှားတတ်တဲ့ စိတ်ကျန်းမာရေးဆိုင်ရာ အခြေအနေတစ်ခုဖြစ်ပါတယ်။ ကြောက်ရွံ့မှုတွေကြောင့် အဲဒီနေရာတွေကို ရှောင်ရှားလာတာ၊ အပြင်ထွက်တဲ့အခါ …

Bipolar Disorder: Beyond the Mood Swings

Understanding the signs, challenging misconceptions, and learning how to support someone living with bipolar disorder. ကိုယ်တိုင် ( သို့ ) ကိုယ့်ရဲ့ နီးစပ်ရာ အသိမိတ်ဆွေ, မိသားစုဝင်တစ်ဦးဦးက အချို့နေ့တွေမှာ အပြင်တွေသွား လန်းဆန်းတက်ကြွပြီး, စိတ်ဓာတ်တွေအလွန်အမင်းတက်ကြွနေတယ်၊ အချို့နေ့တွေကျတော့ တစ်ခြားတစ်ယောက်ဖြစ်သွားသလို လုံးဝကို စိတ်ဓာတ်ကျနေပြီး အခန်းထဲကနေမထွက်ချင်လောက်အောင် ဖြစ်နေတယ်, ဘာဆိုဘာမှလည်း မလုပ်နိုင်တော့သလို ဖြစ်နေတယ်… What Is Bipolar Disorder? Bipolar Disorder ဆိုတာ စိတ်ခံစားချက် (mood)၊ အားအင် (energy) နဲ့ လှုပ်ရှားလုပ်ဆောင်မှု (activity levels), အိပ်စက်မှုတွေမှာ သိသာထင်ရှားတဲ့ ပြောင်းလဲမှုတွေ ဖြစ်ပေါ်စေနိုင်တဲ့ …

မလိုလားအပ်တဲ့ အတွေးတွေနဲ့ ထပ်ခါထပ်ခါ လုပ်ဆောင်နေရမှုတွေကြားကObsessive-Compulsive Disorder ( OCD )အကြောင်း

Obsessive-Compulsive Disorder (OCD) မှာ အဓိကအားဖြင့် ဥပမာအားဖြင့် တံခါးပိတ်ပြီးပြီလို့ သိပေမယ့် မသေချာတဲ့အတွေး ထပ်ခါထပ်ခါ ဝင်လာခြင်း (Obsessions) နဲ့ စိတ်သက်သာဖို့အတွက် တံခါးကို အကြိမ်ကြိမ် ပြန်စစ်ခြင်း (Compulsions) တို့ ဖြစ်ပါတယ်။ OCD အမျိုးအစား နှင့် လက္ခဏာများ - OCD မှာ အမျိုးအစားများစွာရှိပြီး လူတစ်ယောက်နဲ့တစ်ယောက်မှာ  ကြုံတွေ့ရမှုလက္ခဏာတွေ မတူညီနိုင်ပါဘူး။ ယေဘုယျ အမျိုးအစားတွေကတော့ ဒါ့အပြင် Relationship OCD ( ROCD ) လို့ခေါ်တဲ့ ကိုယ့်ချစ်သူက ကိုယ့်ကို တကယ်ချစ်ရဲ့လား၊ ကိုယ်က သူ့ကို တကယ်ချစ်ရဲ့လား၊ ဒီဆက်ဆံရေးက ကိုယ့်အတွက် သင့်တော်ရဲ့လားဆိုတာကို ထပ်ခါထပ်ခါ သံသယဝင်ပြီး စိုးရိမ်နေခြင်း။ ဆက်ဆံရေးမှာ ထင်ရှားတဲ့ ပြဿနာမရှိတဲ့အချိန်မှာတောင် …