Self-discovery Road Map

Self-discovery Journeyကို ရှာဖွေတဲ့အခါ လူတိုင်း တစ်သတ်မတ်တည်းဖြစ်ရမယ်ဆိုတာမျိုးမဟုတ်ဘဲ ကိုယ်နှင့်သင့်တော်တဲ့ နည်းလမ်း,ပုံစံတွေနဲ့ စတင်နိုင်ပါတယ်။ တစ်ခါတလေမှာ ဘယ်နေရာကနေစရလဲလို့ ဝေဝါးတတ်ပေမယ့် အခုပြောပြမယ့် ရိုးရှင်းတဲ့ နည်းလမ်းတွေကနေ ကိုယ့်ကိုကိုယ်ပိုပြီးသိနားလည်ဖို့ ကြိုးစားကြည့်နိုင်မှာပါ။

ကိုယ့်ရဲ့ Self-discovery Journey ကို စတင်နိုင်မယ့် နည်းလမ်းများ

Self-discovery Journeyကို ရှာဖွေတဲ့အခါ လူတိုင်း တစ်သတ်မတ်တည်းဖြစ်ရမယ်ဆိုတာမျိုးမဟုတ်ဘဲ ကိုယ်နှင့်သင့်တော်တဲ့ နည်းလမ်း,ပုံစံတွေနဲ့ စတင်နိုင်ပါတယ်။

တစ်ခါတလေမှာ ဘယ်နေရာကနေစရလဲလို့ ဝေဝါးတတ်ပေမယ့် အခုပြောပြမယ့် ရိုးရှင်းတဲ့ နည်းလမ်းတွေကနေ ကိုယ့်ကိုကိုယ်ပိုပြီးသိနားလည်ဖို့ ကြိုးစားကြည့်နိုင်မှာပါ။

1️⃣ Journaling Your Thoughts

စာအုပ်တစ်အုပ်မှာ အတွေးတွေ, ခံစားချက်တွေကို ပုံမှန်ရေးချခြင်းပြုလုပ်နိုင်ပါတယ်။

တစ်နေ့တာမှာ ဖြစ်ပေါ်တဲ့ အကြောင်းအရာတွေ၊ ခံစားချက်တွေနဲ့ ဘာကြောင့် ဒီလို ခံစားရတယ်ဆိုတာကို ရေးချကြည့်ပါ။

ဘယ်အရာ‌တွေက ကိုယ့်ကိုရှင်သန်‌စေလဲ ? အမြဲလုပ်ချင်ခဲ့ပေမယ့် ခုချိန်ထိ အကောင်အထည်မဖော်ရသေးတဲ့ အရာတွေရှိလားဆိုတာကို စာလုံးအမှားပါမှာတွေကို စိုးရိမ်မနေပဲ ကိုယ့်စိတ်ထဲရှိတဲ့အတိုင်း ဖွင့်ထုတ်ချရေးပါ။

2️⃣ Express Yourself with Art 🎨

Self- discovery ကိုသွားဖို့ ပန်းချီပယအနုပညာကို အသုံးပြုလို့လို့ရပါတယ်။ ဒီလိုလုပ်တဲ့အခါမှာ ကိုယ့်ပန်းချီပြည့်စုံလှပဖို့၊ ပန်းချီနည်းစနစ်‌တွေသိနေဖို့ မလိုပါဘူး။

ပုံဆွဲတာဖြစ်စေ၊ အရောင်ခြယ်တာဖြစ်စေ၊ လက်မှုလုပ်တာဖြစ်စေ ကိုယ့်ရဲ့ အတွင်းထဲမှာရှိနေတဲ့ ခံစားချက်ကိုဖြေလျော့ပြီး ရှင်းလင်းမှုဖြစ်ဖို့ကသာ အရေးကြီးတာဖြစ်ပါတယ်။

နောက်ဆုံးမှာ ဘယ်လိုပုံResult ထွက်လာမလဲဆိုတာကို စိုးရိမ်မနေပဲ ပန်းချီဆွဲနေတဲ့အချိန်၊ အရောင်တွေနဲ့ ထိတွေ့ချိန်၊ ပုံသဏ္ဍန်တွေပုံဖော်နေချိန် စတဲ့ ဖြစ်စဉ်တစ်လျှောက်ကိုပဲ အာရုံစူးစိုက်နိုင်ဖို့ ကြိုးစားကြည့်ပါ။

တစ်ခါတလေမှာ ပန်းချီအနုပညာလက်မှုတွေက ကိုယ့်ရဲ့အကြောင်းကို စကားလုံးတွေထက်ပိုပြီး ဖော်ပြနိုင်တာကို တွေ့လာရမှာပါ။

3️⃣ Join a Workshop 🍀

ကိုယ့်ကိုကိုယ်ရှာဖွေဖို့ Guidance တွေပေးနိုင်တဲ့ Workshop တွေကို Join တာကလည်း နည်းလမ်းတစ်ခုဖြစ်ပါတယ်။ Personal Growth Workshop ပဲဖြစ်ဖြစ်၊ Mindfulness Class တစ်ခုပဲဖြစ်ဖြစ်၊ Self- awareness Seminar ပဲဖြစ်ဖြစ်၊ အဲဒီ workshop ‌တွေမှာ လုပ်ဆောင်ရတဲ့ exercises တွေ insights တွေကနေ ကိုယ့်ကိုကိုယ်ပိုနားလည်ဖို့ ဖြစ်စေနိုင်ပါတယ်။.

4️⃣ Join a Support Group 🤝

တစ်ခါတရံမှာ အခြားသူတွေနှင့် ဆက်သွယ်ဆက်ဆံရင်းကနေ ကိုယ့်ကိုကိုယ်ပိုပြီး သိနားလည်လာတာမျိုးဖြစ်နိုင်ပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့အတွေ့အကြုံတွေကို လွတ်လွတ်လပ်လပ်မျှဝေနိုင်ပြီး အခြားသူတွေဆီက သင်ယူလေ့လာနိုင်ခွင့်ရှိတဲ့ Support Group တွေမှာ ပါဝင်ကြည့်ပါ။

ဒီလို Support Group တွေဆီပါဝင်တဲ့အခါမှာလည်း mental wellness ကို ဦးတည်တဲ့ အစုအဖွဲ့တွေမှ မဟုတ်ဘဲ ကိုယ့်ရဲ့ဝါသနာ၊ challenges တွေပေါ်မူတည်ပြီး ရွေးချယ်ပါဝင်နိုင်ပါတယ်

5️⃣Take Personality or Strengths Tests 🧪

Personality 16 မျိုးကို ခွဲပြနိုင်တဲ့ MBTI test လိုမျိုး Personality Test တွေကို စမ်းကြည့်ခြင်းက‌နေကိုယ့်ရဲ့ ကြိုက်နှစ်သက်မှု၊ သဘာဝစွမ်းရည် အမူအကျင့်တွေကို နားလည်လာနိုင်စေမှာပါ။

ဒီလို test တွေက ကိုယ့်ကိုကိုယ် reflection ဖြစ်စေသလို အခြားသူနှင့်ကိုယ့်ရဲ့ ဆက်သွယ်ဆက်ဆံရေးကို ထောက်ပြစေနိုင်မှာဖြစ်ပါတယ်။

6️⃣Consider a Personal Coaching or Counseling Session ❤️‍🩹

ကိုယ့်ကိုကိုယ်ပိုပြီး ရှင်းလင်းပြတ်သားမှုဖြစ်ဖို့ ဒါမှမဟုတ် အတိတ်မှ ကြုံခဲ့တဲ့ စိတ်ခံစားမှုအနာအကျင်တွေကို သက်သာဖို့အတွက် Personal Coach သို့ Counselor နှင့်ဆွေး‌နွေးခြင်းက သိသိသာသာ အထောက်အကူဖြစ်စေမှာပါ။

အတွေ့ကြုံရှိတဲ့ Professional တွေရဲ့ support ကိုရယူခြင်းကလည်း ကိုယ်တစ်ဦးတစ်ယောက်ထဲ ရင်ဆိုင်ရတာမျိုးမဖြစ်တော့ပဲ လိုလားတဲ့ Healing နှင့် Growth ဖြစ်ဖို့ လမ်းပြတစ်ခုဖြစ်စေနိုင်ပါတယ်။

💬 What activity will you try first 🧐?

ကိုယ့်ရဲ့ Self- discovery Journey ကို စတင်ကြည့်ဖို့ စိတ်ကူးရှိတယ်ဆိုရင် Mental Playground ကနေ ဖန်တီးပြုလုပ်တဲ့ Online / Offline program တွေ၊ Self-creation Workshop များနှင့် Counseling Session တွေကို စမ်းကြည့်ဖို့ဖိတ်ခေါ်ပါတယ်။

Book a Consultation

It’s easy and free!

mental@admin

mental@admin

Related Posts

အိမ်အပြင်ထွက်ဖို့က ခက်ခဲတဲ့စွန့်စားခန်းတစ်ခုလိုပါပဲ “ Agoraphobia ”

တစ်ခါတလေ အပြင်ထွက်ဖို့၊ ဈေးဝယ်ဖို့၊ ဘတ်စ်ကားစီးဖို့ ဒါမှမဟုတ် လူများတဲ့နေရာတစ်ခုကို သွားဖို့ စဉ်းစားလိုက်တာနဲ့ စိုးရိမ်ပူပန်မှုတွေ စတင်ဖြစ်ပေါ်လာတာမျိုး ကြုံဖူးလား…  “ အပြင်ရောက်သွားတဲ့အခါ အရေးပေါ် အန္တရာယ်တစ်ခုခုများကြုံမလား…အထိတ်တလန့်အခြေအနေတွေကြုံပြီး Panic Attack လိုမျိုး ဖြစ်သွားမလား…အရေးပေါ်အခြေအနေတစ်ခုခု ဖြစ်လာရင် ကိုယ်ထွက်ပြေးလွတ်မြောက်ဖို့ ခက်ခဲသွားမလားဆိုတဲ့ အတွေးတွေနဲ့ စိုးရိမ်ကြောက်ရွံ့မှုတွေလွန်ကဲလာပြီး ကိုယ့်အိမ်ကနေတောင် ထွက်ဖို့ အချိန်များစွာယူရတယ်, အဆိုးဆုံးအခြေအနေတွေမှာ အိမ်ထဲကနေတောင် မထွက်နိုင်တော့ဘူး။ အချို့နေရာတွေဆို သွားချင်စိတ်ရှိ‌ရင်တောင် ရှောင်ရှားလိုက်ရတယ်..  Agoraphobia ဆိုတာ ဘာလဲ။ Agoraphobia ဆိုတာ အထိတ်တလန့်ဖြစ်လာတဲ့အခါ ထွက်ပြေးလွတ်မြောက်ဖို့ (သို့) အကူအညီရဖို့ ခက်ခဲမယ်လို့ ခံစားရနိုင်တဲ့ နေရာတွေနဲ့ အခြေအနေတွေကို အလွန်အမင်း ကြောက်ရွံ့ပြီး ရှောင်ရှားတတ်တဲ့ စိတ်ကျန်းမာရေးဆိုင်ရာ အခြေအနေတစ်ခုဖြစ်ပါတယ်။ ကြောက်ရွံ့မှုတွေကြောင့် အဲဒီနေရာတွေကို ရှောင်ရှားလာတာ၊ အပြင်ထွက်တဲ့အခါ …

Bipolar Disorder: Beyond the Mood Swings

Understanding the signs, challenging misconceptions, and learning how to support someone living with bipolar disorder. ကိုယ်တိုင် ( သို့ ) ကိုယ့်ရဲ့ နီးစပ်ရာ အသိမိတ်ဆွေ, မိသားစုဝင်တစ်ဦးဦးက အချို့နေ့တွေမှာ အပြင်တွေသွား လန်းဆန်းတက်ကြွပြီး, စိတ်ဓာတ်တွေအလွန်အမင်းတက်ကြွနေတယ်၊ အချို့နေ့တွေကျတော့ တစ်ခြားတစ်ယောက်ဖြစ်သွားသလို လုံးဝကို စိတ်ဓာတ်ကျနေပြီး အခန်းထဲကနေမထွက်ချင်လောက်အောင် ဖြစ်နေတယ်, ဘာဆိုဘာမှလည်း မလုပ်နိုင်တော့သလို ဖြစ်နေတယ်… What Is Bipolar Disorder? Bipolar Disorder ဆိုတာ စိတ်ခံစားချက် (mood)၊ အားအင် (energy) နဲ့ လှုပ်ရှားလုပ်ဆောင်မှု (activity levels), အိပ်စက်မှုတွေမှာ သိသာထင်ရှားတဲ့ ပြောင်းလဲမှုတွေ ဖြစ်ပေါ်စေနိုင်တဲ့ …

မလိုလားအပ်တဲ့ အတွေးတွေနဲ့ ထပ်ခါထပ်ခါ လုပ်ဆောင်နေရမှုတွေကြားကObsessive-Compulsive Disorder ( OCD )အကြောင်း

Obsessive-Compulsive Disorder (OCD) မှာ အဓိကအားဖြင့် ဥပမာအားဖြင့် တံခါးပိတ်ပြီးပြီလို့ သိပေမယ့် မသေချာတဲ့အတွေး ထပ်ခါထပ်ခါ ဝင်လာခြင်း (Obsessions) နဲ့ စိတ်သက်သာဖို့အတွက် တံခါးကို အကြိမ်ကြိမ် ပြန်စစ်ခြင်း (Compulsions) တို့ ဖြစ်ပါတယ်။ OCD အမျိုးအစား နှင့် လက္ခဏာများ - OCD မှာ အမျိုးအစားများစွာရှိပြီး လူတစ်ယောက်နဲ့တစ်ယောက်မှာ  ကြုံတွေ့ရမှုလက္ခဏာတွေ မတူညီနိုင်ပါဘူး။ ယေဘုယျ အမျိုးအစားတွေကတော့ ဒါ့အပြင် Relationship OCD ( ROCD ) လို့ခေါ်တဲ့ ကိုယ့်ချစ်သူက ကိုယ့်ကို တကယ်ချစ်ရဲ့လား၊ ကိုယ်က သူ့ကို တကယ်ချစ်ရဲ့လား၊ ဒီဆက်ဆံရေးက ကိုယ့်အတွက် သင့်တော်ရဲ့လားဆိုတာကို ထပ်ခါထပ်ခါ သံသယဝင်ပြီး စိုးရိမ်နေခြင်း။ ဆက်ဆံရေးမှာ ထင်ရှားတဲ့ ပြဿနာမရှိတဲ့အချိန်မှာတောင် …