World mental health day 2025

World Mental Health Day 2025 ကို ဂုဏ်ပြုသောအားဖြင့် Mental Playground နှင့်အတူ 3ZERO House Myanmar, Citta Consultancy - Psychological Services တို့ အတူပူးပေါင်းဖန်တီးဆောင်ရွက်ခဲ့တဲ့ “The Playground of Healing” ဆိုတဲ့ theme နှင့် Mental Wellness Event လေး မနေ့က လှပစွာပြီးဆုံးခဲ့ပါတယ် ✨ ဒုတိယပိုင်းမှာတော့ Mental Playground က နေဦးဆောင်တဲ့ Self-refection through Art Workshop လေးမှာ ပါဝင်သူတွေအတွက် Guidance လေးနှင့်အတူ ကိုယ့်ရဲ့ ခံစားချက်နှင့်အတွေးတွေကို ပေါင်းစပ်ပြီး self-reflection လုပ်နိုင်ဖို့အတွက် စီစဉ်ပေးနိုင်ခဲ့ပါတယ်🌱 ဒီပွဲလေးကနေ သင်ယူလေ့လာမိတဲ့အရာကတော့ …

World Mental Health Day 2025 ကို ဂုဏ်ပြုသောအားဖြင့် Mental Playground နှင့်အတူ 3ZERO House Myanmar, Citta Consultancy – Psychological Services တို့ အတူပူးပေါင်းဖန်တီးဆောင်ရွက်ခဲ့တဲ့ “The Playground of Healing” ဆိုတဲ့ theme နှင့် Mental Wellness Event လေး မနေ့က လှပစွာပြီးဆုံးခဲ့ပါတယ် ✨

Event ပထမပိုင်းလေးမှာတော့ Mental Health Professional ဖြစ်ကြသော Mental Health Counselor & Wellness Advocate- မဆု ၊ Heal with Art by Ma Su Htwe နှင့် Senior wellness counselor - Citta consultancy မှ Nang Kyi Pyar Maw ကနေ “Different Paths to Healing”ဆိုတဲ့ ခေါင်းစဉ်နှင့် မတူကွဲပြားပြီး ထူးခြားတဲ့ Healing Paths တွေအကြောင်း အရမ်းတန်ဖိုးရှိတဲ့ ဆွေးနွေးမျှဝေတဲ့  Panel Discussion လေးတစ်ခုနှင့် စတင်ခဲ့ပါတယ် 💬

ဒုတိယပိုင်းမှာတော့ Mental Playground က နေဦးဆောင်တဲ့ Self-refection through Art Workshop လေးမှာ ပါဝင်သူတွေအတွက် Guidance လေးနှင့်အတူ ကိုယ့်ရဲ့ ခံစားချက်နှင့်အတွေးတွေကို ပေါင်းစပ်ပြီး self-reflection လုပ်နိုင်ဖို့အတွက် စီစဉ်ပေးနိုင်ခဲ့ပါတယ်🌱

ဒီပွဲလေးကနေ သင်ယူလေ့လာမိတဲ့အရာကတော့

“ Healing ဆိုတာ လူတစ်ဦးနှင့်တစ်ဦးအတွက် မတူညီတဲ့အဓိပ္ပာယ်,ပုံစံတွေရှိတယ်။ အချို့တွေက ကိုယ့်ရဲ့ Healing Journey ကို တစ်ဦးတည်းဖြတ်သန်းရတာနှစ်သက်သလို အချို့တွေအနေနှင့်လည်း အဝိုင်းအဝန်းရဲ့ ခွန်အားဖေးမမှုတွေနှင့်အတူ ဖြတ်ကျော်ရတာကို နှစ်သက်တဲ့သူတွေလည်းရှိပါတယ်။

ဘယ်လိုပုံစံပဲဖြစ်ပါစေ Healing အတွက် ပိုကောင်းတဲ့ လမ်းကြောင်း, တစ်သမတ်တည်း မရှိဘဲ ကိုယ့်အတွက် အဆင်ပြေသင့်တော်တဲ့နည်းလမ်းကို ကိုယ်တိုင်ရွေးချယ်နိုင်ဖို့ဖြစ်ပါတယ်။

အားလုံးနှင့်အတူ ကိုယ့်ရဲ့ နှလုံးသားတွေကို ပွင့်လင်းစွာ ဖွင့်ထားရင်း အတူတူရပ်တည်နေခြင်းကလည်း ကျွန်မတို့အနေနှင့် ပိုပြီး Feel seen, feel less alone ဖြစ်လာနိုင်ပါတယ် ” 🌱

မနေ့ကပွဲလေးကနေ ရရှိခဲ့တဲ့ကောင်းမွန်တဲ့ ခံစားချက်တွေကို ထွေးပိုက်ရင်း နောက်ထပ်မှာလည်း ခုလိုပဲ အဓိပ္ပာယ်ပြည့်ဝပြီး ခမ်းနားတဲ့အတူပူးပေါင်းဆောင်ရွက်မှုတွေကို ဆက်ဆောင်ရွက်သွားနိုင်ဖို့ မျှော်လင့်ပါတယ် 🤩

worldmentalhealthday2025 #mentalplayground #playgroundofhealing #mentalwellness #event

Book a Consultation

It’s easy and free!

MPG editor

MPG editor

Related Posts

အိမ်အပြင်ထွက်ဖို့က ခက်ခဲတဲ့စွန့်စားခန်းတစ်ခုလိုပါပဲ “ Agoraphobia ”

တစ်ခါတလေ အပြင်ထွက်ဖို့၊ ဈေးဝယ်ဖို့၊ ဘတ်စ်ကားစီးဖို့ ဒါမှမဟုတ် လူများတဲ့နေရာတစ်ခုကို သွားဖို့ စဉ်းစားလိုက်တာနဲ့ စိုးရိမ်ပူပန်မှုတွေ စတင်ဖြစ်ပေါ်လာတာမျိုး ကြုံဖူးလား…  “ အပြင်ရောက်သွားတဲ့အခါ အရေးပေါ် အန္တရာယ်တစ်ခုခုများကြုံမလား…အထိတ်တလန့်အခြေအနေတွေကြုံပြီး Panic Attack လိုမျိုး ဖြစ်သွားမလား…အရေးပေါ်အခြေအနေတစ်ခုခု ဖြစ်လာရင် ကိုယ်ထွက်ပြေးလွတ်မြောက်ဖို့ ခက်ခဲသွားမလားဆိုတဲ့ အတွေးတွေနဲ့ စိုးရိမ်ကြောက်ရွံ့မှုတွေလွန်ကဲလာပြီး ကိုယ့်အိမ်ကနေတောင် ထွက်ဖို့ အချိန်များစွာယူရတယ်, အဆိုးဆုံးအခြေအနေတွေမှာ အိမ်ထဲကနေတောင် မထွက်နိုင်တော့ဘူး။ အချို့နေရာတွေဆို သွားချင်စိတ်ရှိ‌ရင်တောင် ရှောင်ရှားလိုက်ရတယ်..  Agoraphobia ဆိုတာ ဘာလဲ။ Agoraphobia ဆိုတာ အထိတ်တလန့်ဖြစ်လာတဲ့အခါ ထွက်ပြေးလွတ်မြောက်ဖို့ (သို့) အကူအညီရဖို့ ခက်ခဲမယ်လို့ ခံစားရနိုင်တဲ့ နေရာတွေနဲ့ အခြေအနေတွေကို အလွန်အမင်း ကြောက်ရွံ့ပြီး ရှောင်ရှားတတ်တဲ့ စိတ်ကျန်းမာရေးဆိုင်ရာ အခြေအနေတစ်ခုဖြစ်ပါတယ်။ ကြောက်ရွံ့မှုတွေကြောင့် အဲဒီနေရာတွေကို ရှောင်ရှားလာတာ၊ အပြင်ထွက်တဲ့အခါ …

Bipolar Disorder: Beyond the Mood Swings

Understanding the signs, challenging misconceptions, and learning how to support someone living with bipolar disorder. ကိုယ်တိုင် ( သို့ ) ကိုယ့်ရဲ့ နီးစပ်ရာ အသိမိတ်ဆွေ, မိသားစုဝင်တစ်ဦးဦးက အချို့နေ့တွေမှာ အပြင်တွေသွား လန်းဆန်းတက်ကြွပြီး, စိတ်ဓာတ်တွေအလွန်အမင်းတက်ကြွနေတယ်၊ အချို့နေ့တွေကျတော့ တစ်ခြားတစ်ယောက်ဖြစ်သွားသလို လုံးဝကို စိတ်ဓာတ်ကျနေပြီး အခန်းထဲကနေမထွက်ချင်လောက်အောင် ဖြစ်နေတယ်, ဘာဆိုဘာမှလည်း မလုပ်နိုင်တော့သလို ဖြစ်နေတယ်… What Is Bipolar Disorder? Bipolar Disorder ဆိုတာ စိတ်ခံစားချက် (mood)၊ အားအင် (energy) နဲ့ လှုပ်ရှားလုပ်ဆောင်မှု (activity levels), အိပ်စက်မှုတွေမှာ သိသာထင်ရှားတဲ့ ပြောင်းလဲမှုတွေ ဖြစ်ပေါ်စေနိုင်တဲ့ …

မလိုလားအပ်တဲ့ အတွေးတွေနဲ့ ထပ်ခါထပ်ခါ လုပ်ဆောင်နေရမှုတွေကြားကObsessive-Compulsive Disorder ( OCD )အကြောင်း

Obsessive-Compulsive Disorder (OCD) မှာ အဓိကအားဖြင့် ဥပမာအားဖြင့် တံခါးပိတ်ပြီးပြီလို့ သိပေမယ့် မသေချာတဲ့အတွေး ထပ်ခါထပ်ခါ ဝင်လာခြင်း (Obsessions) နဲ့ စိတ်သက်သာဖို့အတွက် တံခါးကို အကြိမ်ကြိမ် ပြန်စစ်ခြင်း (Compulsions) တို့ ဖြစ်ပါတယ်။ OCD အမျိုးအစား နှင့် လက္ခဏာများ - OCD မှာ အမျိုးအစားများစွာရှိပြီး လူတစ်ယောက်နဲ့တစ်ယောက်မှာ  ကြုံတွေ့ရမှုလက္ခဏာတွေ မတူညီနိုင်ပါဘူး။ ယေဘုယျ အမျိုးအစားတွေကတော့ ဒါ့အပြင် Relationship OCD ( ROCD ) လို့ခေါ်တဲ့ ကိုယ့်ချစ်သူက ကိုယ့်ကို တကယ်ချစ်ရဲ့လား၊ ကိုယ်က သူ့ကို တကယ်ချစ်ရဲ့လား၊ ဒီဆက်ဆံရေးက ကိုယ့်အတွက် သင့်တော်ရဲ့လားဆိုတာကို ထပ်ခါထပ်ခါ သံသယဝင်ပြီး စိုးရိမ်နေခြင်း။ ဆက်ဆံရေးမှာ ထင်ရှားတဲ့ ပြဿနာမရှိတဲ့အချိန်မှာတောင် …