“ The Growth Playground Vol 14 : “ Growing Together : Supporting Children through Change ”  

မလွှဲရှောင်နိုင်တဲ့ အပြောင်းအလဲတွေဆိုတာ လူကြီးတွေရဲ့ဘဝမှာသာမက ကလေးငယ်တွေရဲ့ဘဝမှာလည်း မကြာခဏ ကြုံတွေ့ရတတ်ပါတယ်။ 👶 မိသားစုတွင်းအခြေအနေပြောင်းလဲသွားတဲ့အခါ… 🌱 အသက်အရွယ်အရ ခန္ဓာကိုယ်နဲ့ စိတ်ပိုင်းဆိုင်ရာ အပြောင်းအလဲတွေကို ကြုံတွေ့ရတဲ့အခါ… 🏫 ကျောင်းစတက်ချိန် ( သို့ ) ကျောင်းပြောင်းရတဲ့အခါ…🏠 ရင်းနှီးတဲ့ပတ်ဝန်းကျင်၊ မိသားစု၊ သူငယ်ချင်းတွေဆီကနေ အခြားနေရာတစ်ခုကို ပြောင်းရွှေ့ရတဲ့အခါ…  ကလေးတွေအနေနဲ့ ဖွင့်ပြောမပြတတ်တဲ့ ဝမ်းနည်းမှု၊ စိုးရိမ်မှု စတဲ့ ခံစားချက်တွေ ပြင်းထန်လာတာမျိုးတွေ ဖြစ်တတ်ပါတယ်။  ဒါ့ကြောင့် - 💛 ကလေးတွေရဲ့ စိတ်ပိုင်းဆိုင်ရာလိုအပ်ချက်တွေကို ဘယ်လိုသတိထားပြီး ဖြည့်စည်းပေးနိုင်မလဲ ? 💛 အပြောင်းအလဲတွေကို ဖြတ်သန်းတဲ့အချိန်မှာ ကလေးတွေအတွက် လုံခြုံပြီး နွေးထွေးတဲ့ပတ်ဝန်းကျင်တစ်ခုကို ဘယ်လို ဖန်တီးပေးနိုင်မလဲ?  ဆိုတာကို ယခု Online webinar လေးမှာ “ …

မလွှဲရှောင်နိုင်တဲ့ အပြောင်းအလဲတွေဆိုတာ လူကြီးတွေရဲ့ဘဝမှာသာမက ကလေးငယ်တွေရဲ့ဘဝမှာလည်း မကြာခဏ ကြုံတွေ့ရတတ်ပါတယ်။

👶 မိသားစုတွင်းအခြေအနေပြောင်းလဲသွားတဲ့အခါ…

🌱 အသက်အရွယ်အရ ခန္ဓာကိုယ်နဲ့ စိတ်ပိုင်းဆိုင်ရာ အပြောင်းအလဲတွေကို ကြုံတွေ့ရတဲ့အခါ…

🏫 ကျောင်းစတက်ချိန် ( သို့ ) ကျောင်းပြောင်းရတဲ့အခါ…
🏠 ရင်းနှီးတဲ့ပတ်ဝန်းကျင်၊ မိသားစု၊ သူငယ်ချင်းတွေဆီကနေ အခြားနေရာတစ်ခုကို ပြောင်းရွှေ့ရတဲ့အခါ… 

ကလေးတွေအနေနဲ့ ဖွင့်ပြောမပြတတ်တဲ့ ဝမ်းနည်းမှု၊ စိုးရိမ်မှု စတဲ့ ခံစားချက်တွေ ပြင်းထန်လာတာမျိုးတွေ ဖြစ်တတ်ပါတယ်။ 

ဒါ့ကြောင့် –

💛 ကလေးတွေရဲ့ စိတ်ပိုင်းဆိုင်ရာလိုအပ်ချက်တွေကို ဘယ်လိုသတိထားပြီး ဖြည့်စည်းပေးနိုင်မလဲ ?

💛 အပြောင်းအလဲတွေကို ဖြတ်သန်းတဲ့အချိန်မှာ ကလေးတွေအတွက် လုံခြုံပြီး နွေးထွေးတဲ့ပတ်ဝန်းကျင်တစ်ခုကို ဘယ်လို ဖန်တီးပေးနိုင်မလဲ?  ဆိုတာကို ယခု Online webinar လေးမှာ “ အခမဲ့ ” နားထောင်နိုင်မှာပါ။ 

Mental Health Trainer – Mon ကနေ ဦးဆောင်ဆွေးနွေးပေးသွားမှာဖြစ်ပြီး ဆရာမ Mon ကတော့ Early Childhood Education Lecturer တစ်ယောက်ဖြစ်ပြီး ၊ကလေးများနဲ့မိဘများ မဖြစ်မနေသိရှိထားသင့်တဲ့ Child Psychology & Parenting Education ၊ Mental Health & Psychosocial Support Training များကို မျှဝေပေးနေသူဖြစ်ပါတယ်။ 

ယခု The Growth Playground Online Webinar ကို @ဒေါက်တာဇွန် ဘန်ကောက်/အိန္ဒိယ ကျန်းမာရေးဝန်ဆောင်မှု မှ ပါဝင်အားဖြည့်ပေးထားပါတယ်။ Dr. Zon Medical Service ဟာဆိုရင်  ၂၀၂၂ ကတည်းက စတင်တည်ထောင်ခဲ့ပြီး လက်ရှိတွင် လူနာပေါင်း ၃၅၀၀ ကျော်ကို ဘန်ကောက် နဲ့ အိန္ဒိယရှိ JCI အသိအမှတ်ပြု ထိပ်တန်းဆေးရုံကြီးတွေမှာ  ဆေးကုသမှုခံယူနိုင်ဖို့ အတွက် One-Stop Service အနေနဲ့ ဝန်ဆောင်မှုပေးနေတဲ့ လုပ်ငန်းဖြစ်ပါတယ်..

ကလေးမိဘ,အုပ်ထိန်းသူ, caregivers များ, ဆရာဆရာမများအပါအဝင် စိတ်ဝင်စားသူတိုင်း မည်သူမဆို ပါဝင်နားထောင်နိုင်ပါတယ်။ 

ပါဝင်ချင်တယ်ဆိုရင် ‌အောက်ပါ telegram link ကို Join ပြီး Zoon Link လေးယူနိုင်ပါတယ် ✨

Event Details 📌

Date 📅 : 13th September 2026 ( Sunday )

Time ⏰ : 7:00 – 8:30 PM ( mm times )

Platform 🖥️: Zoom 

#mentalplayground #DrZonMedicalService #thegrowthplayground #growingtogether #supportingchildren #onlinewebinar 

Book a Consultation

It’s easy and free!

MPG editor

MPG editor

Related Posts

Scholarships Available for Internal Family System ( IFS ) Practical for All – Online Class !!

( Deadline : 5th September 2026 ) ယခု Scholarship Program ကတော့ Internal Family System ( IFS ) method အကြောင်း စိတ်အားထက်သန်စွာလေ့လာချင်သူ, IFS model ကို အသုံးပြုပြီး မိမိကိုယ်တိုင်အတွက် ( သို့ ) ကိုယ့်ရဲ့ community အတွက် meaningful Impact ဖန်တီးချင်သူများအတွက် အခွင့်အရေးတစ်ခုဖြစ်ပါတယ်။  လျှောက်ထားသူရဲ့ strong motivation / financial need အပေါ်မူတည်ပြီး ( 20 - 100 % ) Partial or Full Scholarship ပေးအပ်သွားဖို့ ရှိပါတယ်… Who …

Internal Family System ( IFS ) Practical for All – Online Class 

Why IFS?  နေ့စဉ်ဘဝမှာ လူတိုင်းက “ ကိုယ်ခန္ဓာ, လိုအင်ဆန္ဒ, စိတ်ခံစားချက် နှင့် အတွေး ” တွေကတဆင့် ကိုယ့်ကိုကိုယ် နှင့် အပြန်အလှန် ချိတ်ဆက်သွယ်မှုတွေ ရှိနေပါတယ်။              တစ်ခါတလေမှာတော့ ကိုယ့်ကိုကိုယ် သတိမပြုမိပဲ ကိုယ်ရဲ့ အတွင်းထဲမှာ ဘာတွေဖြစ်ပျက်,ခံစားနေရလဲ ? ဘာကြောင့် ကိုယ် ဒီလို အပြုအမူ, တုံ့ပြန်မှုတွေ  လုပ်တတ်တာလဲ ? စတဲ့ ကိုယ့်ကိုကိုယ်အကြောင်း နက်နက်နဲနဲ သိနားလည်နိုင်ဖို့ ခက်ခဲတတ်ကြပါတယ်။  Internal Family System ( IFS )  approach ကတော့ လူတစ်ဦးတစ်ယောက်ချင်းစီအနေနဲ့ ကိုယ့်ရဲ့ inner world ကို “ curiosity ”, “ compassion’’, “ …

“ Self-creation: A Wellness Gathering Event Vol.II ” is back !!

( 20% off for website registration before 26th July ) နှစ်တစ်ဝက်ကျော်လွန်လာပြီဖြစ်တဲ့ 2026 မှာ မရပ်မနားလှုပ်ရှားနေခဲ့ရတဲ့ ပင်ပန်းနွမ်းနယ်မှုတွေကနေ စိတ်နဲ့ကိုယ်ကို Recharge လုပ်ဖို့ , ကိုယ့်ကိုကိုယ်နဲ့ ပြန်လည်ချိတ်ဆက်ပြီး ရှေ့လာမယ့် နေ့ရက်တွေအတွက် ပိုကောင်းမွန်တဲ့ ကိုယ့်ရဲ့ version နဲ့ ဖြတ်သန်းနိုင်ဖို့အတွက် Self-creation : A Wellness Gathering Event Vol.2 ကို စီစဉ်ထားပါတယ်… __________________________________________________________________ မတူကွဲပြားတဲ့ Themes တွေနဲ့ ဖန်တီးထားတဲ့  Recharge Stations ( Activities ) 3 ခုပါဝင်ပြီး, ကိုယ်ကြိုက်နှစ်သက်ရာ Activity ကို စိတ်ကြိုက်ရွေးချယ်စီးမျောနိုင်မှာပါ။ Recharge Stations တွေက …