World mental health day 2025

World Mental Health Day 2025 ကို ဂုဏ်ပြုသောအားဖြင့် Mental Playground နှင့်အတူ 3ZERO House Myanmar, Citta Consultancy - Psychological Services တို့ အတူပူးပေါင်းဖန်တီးဆောင်ရွက်ခဲ့တဲ့ “The Playground of Healing” ဆိုတဲ့ theme နှင့် Mental Wellness Event လေး မနေ့က လှပစွာပြီးဆုံးခဲ့ပါတယ် ✨ ဒုတိယပိုင်းမှာတော့ Mental Playground က နေဦးဆောင်တဲ့ Self-refection through Art Workshop လေးမှာ ပါဝင်သူတွေအတွက် Guidance လေးနှင့်အတူ ကိုယ့်ရဲ့ ခံစားချက်နှင့်အတွေးတွေကို ပေါင်းစပ်ပြီး self-reflection လုပ်နိုင်ဖို့အတွက် စီစဉ်ပေးနိုင်ခဲ့ပါတယ်🌱 ဒီပွဲလေးကနေ သင်ယူလေ့လာမိတဲ့အရာကတော့ …

World Mental Health Day 2025 ကို ဂုဏ်ပြုသောအားဖြင့် Mental Playground နှင့်အတူ 3ZERO House Myanmar, Citta Consultancy – Psychological Services တို့ အတူပူးပေါင်းဖန်တီးဆောင်ရွက်ခဲ့တဲ့ “The Playground of Healing” ဆိုတဲ့ theme နှင့် Mental Wellness Event လေး မနေ့က လှပစွာပြီးဆုံးခဲ့ပါတယ် ✨

Event ပထမပိုင်းလေးမှာတော့ Mental Health Professional ဖြစ်ကြသော Mental Health Counselor & Wellness Advocate- မဆု ၊ Heal with Art by Ma Su Htwe နှင့် Senior wellness counselor - Citta consultancy မှ Nang Kyi Pyar Maw ကနေ “Different Paths to Healing”ဆိုတဲ့ ခေါင်းစဉ်နှင့် မတူကွဲပြားပြီး ထူးခြားတဲ့ Healing Paths တွေအကြောင်း အရမ်းတန်ဖိုးရှိတဲ့ ဆွေးနွေးမျှဝေတဲ့  Panel Discussion လေးတစ်ခုနှင့် စတင်ခဲ့ပါတယ် 💬

ဒုတိယပိုင်းမှာတော့ Mental Playground က နေဦးဆောင်တဲ့ Self-refection through Art Workshop လေးမှာ ပါဝင်သူတွေအတွက် Guidance လေးနှင့်အတူ ကိုယ့်ရဲ့ ခံစားချက်နှင့်အတွေးတွေကို ပေါင်းစပ်ပြီး self-reflection လုပ်နိုင်ဖို့အတွက် စီစဉ်ပေးနိုင်ခဲ့ပါတယ်🌱

ဒီပွဲလေးကနေ သင်ယူလေ့လာမိတဲ့အရာကတော့

“ Healing ဆိုတာ လူတစ်ဦးနှင့်တစ်ဦးအတွက် မတူညီတဲ့အဓိပ္ပာယ်,ပုံစံတွေရှိတယ်။ အချို့တွေက ကိုယ့်ရဲ့ Healing Journey ကို တစ်ဦးတည်းဖြတ်သန်းရတာနှစ်သက်သလို အချို့တွေအနေနှင့်လည်း အဝိုင်းအဝန်းရဲ့ ခွန်အားဖေးမမှုတွေနှင့်အတူ ဖြတ်ကျော်ရတာကို နှစ်သက်တဲ့သူတွေလည်းရှိပါတယ်။

ဘယ်လိုပုံစံပဲဖြစ်ပါစေ Healing အတွက် ပိုကောင်းတဲ့ လမ်းကြောင်း, တစ်သမတ်တည်း မရှိဘဲ ကိုယ့်အတွက် အဆင်ပြေသင့်တော်တဲ့နည်းလမ်းကို ကိုယ်တိုင်ရွေးချယ်နိုင်ဖို့ဖြစ်ပါတယ်။

အားလုံးနှင့်အတူ ကိုယ့်ရဲ့ နှလုံးသားတွေကို ပွင့်လင်းစွာ ဖွင့်ထားရင်း အတူတူရပ်တည်နေခြင်းကလည်း ကျွန်မတို့အနေနှင့် ပိုပြီး Feel seen, feel less alone ဖြစ်လာနိုင်ပါတယ် ” 🌱

မနေ့ကပွဲလေးကနေ ရရှိခဲ့တဲ့ကောင်းမွန်တဲ့ ခံစားချက်တွေကို ထွေးပိုက်ရင်း နောက်ထပ်မှာလည်း ခုလိုပဲ အဓိပ္ပာယ်ပြည့်ဝပြီး ခမ်းနားတဲ့အတူပူးပေါင်းဆောင်ရွက်မှုတွေကို ဆက်ဆောင်ရွက်သွားနိုင်ဖို့ မျှော်လင့်ပါတယ် 🤩

worldmentalhealthday2025 #mentalplayground #playgroundofhealing #mentalwellness #event

Book a Consultation

It’s easy and free!

MPG editor

MPG editor

Related Posts

“ The Growth Playground Vol 14 : “ Growing Together : Supporting Children through Change ”  

မလွှဲရှောင်နိုင်တဲ့ အပြောင်းအလဲတွေဆိုတာ လူကြီးတွေရဲ့ဘဝမှာသာမက ကလေးငယ်တွေရဲ့ဘဝမှာလည်း မကြာခဏ ကြုံတွေ့ရတတ်ပါတယ်။ 👶 မိသားစုတွင်းအခြေအနေပြောင်းလဲသွားတဲ့အခါ… 🌱 အသက်အရွယ်အရ ခန္ဓာကိုယ်နဲ့ စိတ်ပိုင်းဆိုင်ရာ အပြောင်းအလဲတွေကို ကြုံတွေ့ရတဲ့အခါ… 🏫 ကျောင်းစတက်ချိန် ( သို့ ) ကျောင်းပြောင်းရတဲ့အခါ…🏠 ရင်းနှီးတဲ့ပတ်ဝန်းကျင်၊ မိသားစု၊ သူငယ်ချင်းတွေဆီကနေ အခြားနေရာတစ်ခုကို ပြောင်းရွှေ့ရတဲ့အခါ…  ကလေးတွေအနေနဲ့ ဖွင့်ပြောမပြတတ်တဲ့ ဝမ်းနည်းမှု၊ စိုးရိမ်မှု စတဲ့ ခံစားချက်တွေ ပြင်းထန်လာတာမျိုးတွေ ဖြစ်တတ်ပါတယ်။  ဒါ့ကြောင့် - 💛 ကလေးတွေရဲ့ စိတ်ပိုင်းဆိုင်ရာလိုအပ်ချက်တွေကို ဘယ်လိုသတိထားပြီး ဖြည့်စည်းပေးနိုင်မလဲ ? 💛 အပြောင်းအလဲတွေကို ဖြတ်သန်းတဲ့အချိန်မှာ ကလေးတွေအတွက် လုံခြုံပြီး နွေးထွေးတဲ့ပတ်ဝန်းကျင်တစ်ခုကို ဘယ်လို ဖန်တီးပေးနိုင်မလဲ?  ဆိုတာကို ယခု Online webinar လေးမှာ “ …

Scholarships Available for Internal Family System ( IFS ) Practical for All – Online Class !!

( Deadline : 5th September 2026 ) ယခု Scholarship Program ကတော့ Internal Family System ( IFS ) method အကြောင်း စိတ်အားထက်သန်စွာလေ့လာချင်သူ, IFS model ကို အသုံးပြုပြီး မိမိကိုယ်တိုင်အတွက် ( သို့ ) ကိုယ့်ရဲ့ community အတွက် meaningful Impact ဖန်တီးချင်သူများအတွက် အခွင့်အရေးတစ်ခုဖြစ်ပါတယ်။  လျှောက်ထားသူရဲ့ strong motivation / financial need အပေါ်မူတည်ပြီး ( 20 - 100 % ) Partial or Full Scholarship ပေးအပ်သွားဖို့ ရှိပါတယ်… Who …

Internal Family System ( IFS ) Practical for All – Online Class 

Why IFS?  နေ့စဉ်ဘဝမှာ လူတိုင်းက “ ကိုယ်ခန္ဓာ, လိုအင်ဆန္ဒ, စိတ်ခံစားချက် နှင့် အတွေး ” တွေကတဆင့် ကိုယ့်ကိုကိုယ် နှင့် အပြန်အလှန် ချိတ်ဆက်သွယ်မှုတွေ ရှိနေပါတယ်။              တစ်ခါတလေမှာတော့ ကိုယ့်ကိုကိုယ် သတိမပြုမိပဲ ကိုယ်ရဲ့ အတွင်းထဲမှာ ဘာတွေဖြစ်ပျက်,ခံစားနေရလဲ ? ဘာကြောင့် ကိုယ် ဒီလို အပြုအမူ, တုံ့ပြန်မှုတွေ  လုပ်တတ်တာလဲ ? စတဲ့ ကိုယ့်ကိုကိုယ်အကြောင်း နက်နက်နဲနဲ သိနားလည်နိုင်ဖို့ ခက်ခဲတတ်ကြပါတယ်။  Internal Family System ( IFS )  approach ကတော့ လူတစ်ဦးတစ်ယောက်ချင်းစီအနေနဲ့ ကိုယ့်ရဲ့ inner world ကို “ curiosity ”, “ compassion’’, “ …