8 signs that your’re living in your true self

Internal Family System ( IFS ) အကြောင်းပြောတဲ့အခါ ကိုယ်စစ်ကိုယ်မှန် Self က အရေးပါတဲ့ အခန်းဂဏ္ဍတစ်ခုအဖြစ်ပါဝင်ပါတယ်။ လူတိုင်းမှာ Self လို့ခေါ်တဲ့ ကိုယ့်စစ်ကိုယ်မှန် တည်ရှိနေပြီး သားဖြစ်သလို Self ရဲ့ အရည်အသွေးတွေက ကိုယ်ကြုံတွေ့ခဲ့ရဖူးတဲ့ အဖြစ်ပျက်တွေ, ပြင်ပက သက်ရောက်တဲ့ အရာတွေပေါ် မမူတည်ဘဲ ပင်ကိုယ်သဘာဝအတိုင်းတည်ရှိနေပြီးသားဖြစ်လို့ ကိုယ့်ရဲ့ Self ကို ပိုပြီး သိမြင်နားလည်နိုင်အောင်, ချိတ်ဆက်မိနိုင်အောင် ကြိုးစားကြည်လို့ရပါတယ်

Internal Family System ( IFS ) အကြောင်းပြောတဲ့အခါ ကိုယ်စစ်ကိုယ်မှန် Self က အရေးပါတဲ့ အခန်းဂဏ္ဍတစ်ခုအဖြစ်ပါဝင်ပါတယ်။

လူတိုင်းမှာ Self လို့ခေါ်တဲ့ ကိုယ့်စစ်ကိုယ်မှန် တည်ရှိနေပြီး သားဖြစ်သလို Self ရဲ့ အရည်အသွေးတွေက ကိုယ်ကြုံတွေ့ခဲ့ရဖူးတဲ့ အဖြစ်ပျက်တွေ, ပြင်ပက သက်ရောက်တဲ့ အရာတွေပေါ် မမူတည်ဘဲ ပင်ကိုယ်သဘာဝအတိုင်းတည်ရှိနေပြီးသားဖြစ်လို့ ကိုယ့်ရဲ့ Self ကို ပိုပြီး သိမြင်နားလည်နိုင်အောင်, ချိတ်ဆက်မိနိုင်အောင် ကြိုးစားကြည်လို့ရပါတယ် ✨

Self ( ကိုယ်စစ်ကိုယ်မှန် ) မှာ အရည်အသွေး ၈ ခုရှိပါတယ်။

🌱 Calmness – ဒီ အရည်အသွေးကတော့ တည်ငြိမ်မှု ရှိခြင်းဖြစ်ပါတယ်။ ကိုယ့်ဆီမှာ အပိုင်းတွေဖြစ်ပေါ်လာတဲ့အခါမှာ ကိုယ်က အပိုင်းတွေနောက်လိုက်ပြီး လှုပ်ခတ်မသွားဘဲ, တည်ငြိမ်မှုရှိရှိ အရှိတိုင်း ရင်ဆိုင်လက်ခံကြည့်နိုင်စေမှာပါ။

🌱 Curiosity – ကိုယ့်ဆီမှာ ခံစားချက်တွေ ဘယ်လိုရှိနေလဲ, ဘယ်လိုအပိုင်းတွေ ဖြစ်နေတာလဲ, အပိုင်းတွေက ဘာကြောင့်ပေါ်လာရတာလဲ ? ဘာလိုအပ်နေတာလဲ စသဖြင့် ဝေဖန်ပိုင်းဖြတ်လိုစိတ်မရှိဘဲ စစ်မှန်တဲ့ သိလိုစိတ်ရှိတဲ့အခါ ကိုယ့်ကိုကိုယ် ပိုသိနားလည်စေဖို့ အထောက်အကူဖြစ်စေနိုင်ပါတယ်။

🌱 Clarity – Clarity လို့ခေါ်တဲ့ ရှင်းလင်းမှု ကလည်း ကိုယ့်ဆီပေါ်လာတဲ့အပိုင်းတွေရဲ့ လိုအပ်ချက်, ဖြစ်ပေါ်လာရတဲ့ အကြောင်းရင်းခံတွေကို ရှင်းလင်းပြတ်သားစွာ သိခြင်းဖြင့် ကိုယ့်ရဲ့ ကိုယ်စစ်ကိုယ်မှန်ကို နားလည်သိမြင်နိုင်ဖို့ အထောက်အကူဖြစ်စေပါတယ်။

🌱 Compassion – ကြင်နာဂရုဏာထားခြင်းဟာ ကိုယ့်ဆီမှာ ဖြစ်ပေါ်နေတဲ့ အပိုင်း, အခြေအနေ, ခံစားချက်တွေကို ဝေဖန်မှုမရှိဘဲ အရှိတိုင်း နားလည်လက်ခံပေးပြီး အတူတကွ ရှိနေပေးခြင်းဖြစ်ပါတယ်။ ဒီလို ကြင်နာဂရုဏာထားခြင်း အရည်အသွေးနှင့်အတူ ကိုယ့်ရဲ့ ကိုယ်စစ်ကိုယ်မှန်ကို ချိတ်ဆက်ကြည့်နိုင်ပါတယ်။

🌱 Confidence – ကိုယ့်အနေနဲ့ ဘယ်လိုအခြေအနေ, ခံစားရမှုတွေလာလာ လှုပ်ခတ်မှုမရှိ ရင်ဆိုင်နိုင်တယ်, ကိုယ့်အတွင်းထဲမှာရှိနေတဲ့ အရည်အသွေး,အစွမ်းအစတွေအပေါ် သံသယမထားဘဲ ယုံကြည်မှုရှိခြင်းဖြစ်ပါတယ်။

🌱 Connectedness – ကိုယ့်ရဲ့ အတွင်းမှာရှိနေတဲ့ အပိုင်း, ခံစားမှုတွေရဲ့ ချိတ်ဆက်မှု, ဆက်သွယ်နေမှုတွေကို သတိပြုနားလည်သဘောပေါက်ခြင်းဖြင့် ကိုယ့်ရဲ့ ကိုယ်စစ်ကိုယ်မှန်ကို သိမြင်ခံစားနိုင်ပါတယ်။

🌱 Courage – ဖြစ်ပေါ်လာတဲ့အပိုင်းတွေကို ရင်ဆိုင်ကျော်ဖြတ်နိုင်ဖို့, ကြုံတွေ့နေတဲ့ အခက်ခဲ, နာကျင်မှု အခြေအနေတွေကို လက်ခံရင်ဆိုင်နိုင်ဖို့အတွက် သတ္တိ အရည်အသွေးလိုအပ်ပါတယ်။ ကိုယ့်အတွက်ခက်ခဲပင်ပန်းမှုရှိနေသည့်တိုင်အောင် ရှောင်ဖယ်မပြေးဘဲ သတ္တိရှိရှိ လက်တွေ့ရင်ဆိုင်ခြင်းက ကိုယ့်ကိုကိုယ်ပိုသိနားလည်နိုင်ဖို့ ဖြစ်စေမှာပါ။

🌱 Creativity – တီထွင်ဖန်တီးမှုရှိတယ်, မတူညီဆန်းသစ်တဲ့အတွေးမြင်ပုံစံတွေကို လက်ခံတယ်၊ ဘောင်ခတ်မထားဘဲ လွတ်လပ်စီးမျောမှုနှင့်အတူ ကိုယ့်ရဲ့ကိုယ်စွမ်း, ဥာဏ်စွမ်းတွေကို အသုံးချပြီး အခက်ခဲ,အခြေနေတွေ, အကြောင်းအရာတွေအပေါ် သိမြင်ခံစားခြင်းက ကိုယ့်ရဲ့ ကိုယ်စစ်ကိုယ်မှန်အရည်အသွေးတစ်ခုဖြစ်ပါတယ်။

ဒါကြောင့် ကိုယ့်ဆီမှာ ရှိနေပြီးသားဖြစ်တဲ့ Self အရည်အသွေးတွေကို ပိုပြီးတိုးတက်ကောင်းမွန်စေဖို့လည်း မတူကွဲပြားတဲ့ နည်းလမ်း, Approach တွေ ကျင့်သုံးပြီး ဖြေးဖြေးချင်း ပျိုးထောင်မြှင့်တင်ကြည့်နိုင်ပါတယ်။ ကိုယ့်ကိုကိုယ် ဂရုစိုက်နားထောင်ရင်း Self ရဲ့ စွမ်းအားနှင့်အတူ ကိုယ့်ကိုကိုယ်ပိုသိမြင်နိုင်ဖို့, သမမျှတတည်ငြိမ်မှုနှင့် အတွင်းစိတ်တည်ငြိမ်အေးချမ်းမှုရဖို့ ကြိုးစားကြည့်ရအောင် 🌀

နောက်ပိုင်းမှာလည်း IFS နှင့်ပတ်သတ်တဲ့အကြောင်းရာတွေကို ထပ်ပြီး မျှဝေသွားဖို့ရှိပါတယ်။ Internal Family System နှင့်ပတ်သတ်ပြီး ပိုပြီးသိနားလည်ချင်ရင်တေ့ အောက်ပါလင့်များမှာ ဖတ်ရှုကြည့်ပါ 📑

Meet the part through IFS Model – https://www.facebook.com/share/p/1BAY1GMvaQ/

လိုအပ်တာထက်ပိုပြီးရှင်းပြတတ်တယ်ဆိုတာ – https://www.facebook.com/share/p/1Fno8b4qHp/

ချိုသာခြင်းနှင့် အမြဲယှဉ်တွဲစရာမလိုတဲ့ ကြင်နာခြင်းဆိုတာ –

Book a Consultation

It’s easy and free!

mental@admin

mental@admin

Related Posts

“ Self-creation: A Wellness Gathering Event Vol.II ” is back !!

( 20% off for website registration before 26th July ) နှစ်တစ်ဝက်ကျော်လွန်လာပြီဖြစ်တဲ့ 2026 မှာ မရပ်မနားလှုပ်ရှားနေခဲ့ရတဲ့ ပင်ပန်းနွမ်းနယ်မှုတွေကနေ စိတ်နဲ့ကိုယ်ကို Recharge လုပ်ဖို့ , ကိုယ့်ကိုကိုယ်နဲ့ ပြန်လည်ချိတ်ဆက်ပြီး ရှေ့လာမယ့် နေ့ရက်တွေအတွက် ပိုကောင်းမွန်တဲ့ ကိုယ့်ရဲ့ version နဲ့ ဖြတ်သန်းနိုင်ဖို့အတွက် Self-creation : A Wellness Gathering Event Vol.2 ကို စီစဉ်ထားပါတယ်… __________________________________________________________________ မတူကွဲပြားတဲ့ Themes တွေနဲ့ ဖန်တီးထားတဲ့  Recharge Stations ( Activities ) 3 ခုပါဝင်ပြီး, ကိုယ်ကြိုက်နှစ်သက်ရာ Activity ကို စိတ်ကြိုက်ရွေးချယ်စီးမျောနိုင်မှာပါ။ Recharge Stations တွေက …

Free Registration !! The Language of Your Inner World ( Online Webinar ) 

ယခု Webinar ကတော့ Internal Family System ( IFS ) Model အကြောင်း လေ့လာနိုင်မှာဖြစ်ပြီး ကိုယ့်ရဲ့ နေ့စဉ်ဘဝမှာ IFS ရဲ့ Part Language ကို အသုံးပြုရင်း Self-awareness နှင့် Emotional Balance ကို ထိန်းသိမ်းဖို့ ကျင့်သုံးနိုင်မယ့် Practical နည်းလမ်းတွေကို နားထောင်နိုင်မှာပါ.. IFS Institute ကနေ အသိအမှတ်ပြုထားတဲ့ Internal Family Systems (IFS) Therapy ( Level 1,2 ) လက်မှတ်ရရှိထားသူ Trainer - Julian ကနေ ဦးဆောင်မျှဝေသွားမှာဖြစ်ပြီး Julian က IFS Framework အသုံးပြု၍ Mental …

” Becoming You ” Self-discovery Online Workshop

( Free Registration !! ) Pride Month ” ကို တစ်ထောင့်တစ်နေရာကနေ support လုပ်ချင်တဲ့ ရည်ရွယ်ချက်နဲ့အတူ Mental Playground ရဲ့ core focus area ဖြစ်တဲ့ Self-discovery Journey ကို ဦးတည်တဲ့ “ Becoming You ” Self-discovery Online Workshop ကို 💯 free စီစဉ်ပေးသွားမှာပါ။ Becoming You ဆိုတဲ့ ခေါင်းစဉ်လေးအတိုင်းပဲ ပါဝင်သူတစ်ဦးချင်းဆီအနေနဲ့ ဒီနေ့ ဒီနေရာမှာ ရှိနေတဲ့ “ ကိုယ် ”ဆိုတဲ့ လူသားတစ်ယောက်ရဲ့ ကိုယ်ပိုင်ဖြစ်တည်မှု Identity လေးကဘာလဲ …? ကိုယ့်ရဲ့ Authentic self ကို …