Understanding the signs, challenging misconceptions, and learning how to support someone living with bipolar disorder. ကိုယ်တိုင် ( သို့ ) ကိုယ့်ရဲ့ နီးစပ်ရာ အသိမိတ်ဆွေ, မိသားစုဝင်တစ်ဦးဦးက အချို့နေ့တွေမှာ အပြင်တွေသွား လန်းဆန်းတက်ကြွပြီး, စိတ်ဓာတ်တွေအလွန်အမင်းတက်ကြွနေတယ်၊ အချို့နေ့တွေကျတော့ တစ်ခြားတစ်ယောက်ဖြစ်သွားသလို လုံးဝကို စိတ်ဓာတ်ကျနေပြီး အခန်းထဲကနေမထွက်ချင်လောက်အောင် ဖြစ်နေတယ်, ဘာဆိုဘာမှလည်း မလုပ်နိုင်တော့သလို ဖြစ်နေတယ်… What Is Bipolar Disorder? Bipolar Disorder ဆိုတာ စိတ်ခံစားချက် (mood)၊ အားအင် (energy) နဲ့ လှုပ်ရှားလုပ်ဆောင်မှု (activity levels), အိပ်စက်မှုတွေမှာ သိသာထင်ရှားတဲ့ ပြောင်းလဲမှုတွေ ဖြစ်ပေါ်စေနိုင်တဲ့ …
Understanding the signs, challenging misconceptions, and learning how to support someone living with bipolar disorder.
ကိုယ်တိုင် ( သို့ ) ကိုယ့်ရဲ့ နီးစပ်ရာ အသိမိတ်ဆွေ, မိသားစုဝင်တစ်ဦးဦးက အချို့နေ့တွေမှာ အပြင်တွေသွား လန်းဆန်းတက်ကြွပြီး, စိတ်ဓာတ်တွေအလွန်အမင်းတက်ကြွနေတယ်၊ အချို့နေ့တွေကျတော့ တစ်ခြားတစ်ယောက်ဖြစ်သွားသလို လုံးဝကို စိတ်ဓာတ်ကျနေပြီး အခန်းထဲကနေမထွက်ချင်လောက်အောင် ဖြစ်နေတယ်, ဘာဆိုဘာမှလည်း မလုပ်နိုင်တော့သလို ဖြစ်နေတယ်…
What Is Bipolar Disorder?
Bipolar Disorder ဆိုတာ စိတ်ခံစားချက် (mood)၊ အားအင် (energy) နဲ့ လှုပ်ရှားလုပ်ဆောင်မှု (activity levels), အိပ်စက်မှုတွေမှာ သိသာထင်ရှားတဲ့ ပြောင်းလဲမှုတွေ ဖြစ်ပေါ်စေနိုင်တဲ့ စိတ်ကျန်းမာရေးအခြေအနေတစ်ခု ဖြစ်ပါတယ်။
စိတ်တက်ကြွမှုနဲ့ အားအင်မြင့်တက်လာတဲ့ ကာလတွေ (mania သို့မဟုတ် hypomania) နဲ့ စိတ်ဓာတ်ကျဆင်းလာတဲ့ ကာလတွေ (depression) ကို ကြုံတွေ့ရနိုင်ပြီး, ပြင်းထန်လွန်းတဲ့အခါ ဒီပြောင်းလဲမှုတွေက အလုပ်၊ ပညာရေး၊ ဆက်ဆံရေးနဲ့ နေ့စဉ်ဘဝကို ထိခိုက်စေနိုင်ပါတယ်…
Signs and Symptoms
Manic or Hypomanic Episodes — စိတ်တက်ကြွမှုနဲ့ အားအင်မြင့်တက်လာခြင်း
- တစ်နေ့ကို အိပ်ချိန် 3,4 နာရီလောက်ပဲရှိရင်တောင် ပင်ပန်းမှုမရှိသလို ခံစားရခြင်း။
- ပုံမှန်ထက် စကားကို မနားတမ်းပြောခြင်း, အမြန်ပြောခြင်း။ ပြောတဲ့အခါမှာလည်း အကြောင်းအရာ တစ်မျိုးကနေ နောက်တစ်မျိုးကို ခဏခဏ ပြောင်းပြောခြင်း။
- ပုံမှန်ထက် ကိုယ့်ကိုကိုယ် ယုံကြည်မှုပိုများလာခြင်း။
- အန္တရာယ်များ / စွန့်စားရတဲ့ အရာတွေကိုလည်း လုပ်ကိုင်လိုခြင်း ( ဥပမာ – ပိုက်ဆံအလွန်အကျွံသုံးစွဲပစ်တာ, လိင်မှုရေးရာ, အသောက်အစား, စီးပွားရေး စတာတွေမှာ အန္တရာယ်များတဲ့ အပြုအမူတွေ လုပ်မိခြင်း။)
- အာရုံစူးစိုက်ဖို့ ခက်ပြီး အလွယ်တကူ အနှောက်အယှက်ဖြစ်လွယ်ခြင်း။ စိတ်တိုလွယ်ခြင်း၊ စိတ်မရှည်ခြင်း။
- ထူးဆန်းသော အသံ, ပုံရိပ်များ ကြားမြင်ကာ ထင်ယောင်ထင်မှား ဖြစ်ခြင်း။
Depressive Episodes — စိတ်ဓာတ်နဲ့ အားအင်ကျဆင်းလာခြင်း
- ဝမ်းနည်းခြင်း၊ မျှော်လင့်ချက်ကင်းမဲ့သလို ခံစားရခြင်း။
- အရင်က စိတ်ဝင်စားခဲ့တဲ့အရာတွေကို စိတ်မဝင်စားတော့ခြင်း။
- ပင်ပန်းနွမ်းနယ်ခြင်း၊ အာရုံစူးစိုက်ဖို့ ခက်ခဲခြင်း။
- အိပ်စက်မှုပုံစံနဲ့ အစာစားချင်စိတ် ပြောင်းလဲလာခြင်း။
- ကိုယ့်ကိုယ်ကို တန်ဖိုးမရှိသလို ခံစားရခြင်း။
သတိပြုရန် — ဒီလို ပုံစံ,အခြေအနေ တစ်ခုခုရှိနေတာကို သတိထားမိတာနဲ့ ကိုယ့်မှာ Bipolar Disorder ရှိတယ်လို့ မသတ်မှတ်နိုင်ပါဘူး။ အခြေအနေ, လက္ခဏာတွေရဲ့ ကြာချိန်၊ ပြင်းထန်မှု နဲ့ နေ့စဉ်ဘဝအပေါ် သက်ရောက်မှုတွေကို သေချာစောင့်ကြည့်ပြီး စိတ်ကျန်းမာရေး ပညာရှင်များနှင့် ပြသဆွေးနွေးပြီး အတည်ပြုသင့်ပါတယ်။
Common Misconceptions ( အယူအဆအမှားများ )
“Bipolar ဆိုတာ စိတ်အပြောင်းအလဲမြန် Mood Swing ဖြစ်တာပဲ ”
Bipolar Disorder နဲ့ Mood swing ဖြစ်တာက မတူညီပါဘူး။ Mood Swing က မိနစ်, နာရီပိုင်းဝန်းကျင်, တစ်ခါတရံမှာ ရက်ပိုင်းသာကြာတတ်ပြီး စိတ်ဖိစီးမှု, ဟော်မုန်း, လူမှုစီးပွားရေး,အလုပ်အကိုင်, မိသားစု အခြေအနေ,အခက်အခဲတွေကြောင့် ဖြစ်တတ်ပါတယ်။ Mood swing ဖြစ်လို့ ပုံမှန်ထက်ပိုပြီး စိတ်အနှောက်အယှက်ဖြစ်ရရင်တောင် လုပ်ငန်းဆောင်တာတွေကို ဂရုတစိုက်ဆောင်ရွက်နိုင်ပါတယ်။
Bipolar ကတော့ Pattern အလိုက် ဖြစ်တတ်ပြီး စိတ်တက်ကြွတဲ့ mania / hypomania episode တွေမှာ အနည်းဆုံး ၄ ရက်ကနေ တစ်ပတ်ဝန်းကျင်, စိတ်ကျတဲ့ depression episode တွေမှာ အနည်းဆုံး ၂ ပတ်ကျော် ခံစားရတတ်ပါတယ်။ Mood swing ထက် ပိုပြင်းထန်ပြီး နေ့စဉ်လုပ်ငန်းဆောင်ရွက်မှုတွေအပေါ် သက်ရောက်နိုင်တာလည်း များပါတယ်။
“Bipolar ရှိတဲ့သူတွေက အန္တရာယ်များတယ်”
Bipolar Disorder က လူတစ်ယောက်ရဲ့ အပြုအမူ,ခံစားချက်ကို အပြောင်းအလဲဖြစ်စေတယ်ဆိုပေမယ့် အဲ့ဒီလူရဲ့ ဖြစ်တည်မှုတစ်ခုလုံးကို ပြောင်းလဲသွားစေတာမဟုတ်လို့ Bipolar ရှိသူတိုင်းကို အန္တရာယ်ရှိသူလို့ သတ်မှတ်လို့မရပါဘူး။
“ကိုယ့်ကိုကိုယ် ဂရုမစိုက်လို့ Bipolar ဖြစ်တာ”
Bipolar Disorder ဖြစ်ရခြင်းက မျိုးရိုးဗီဇ အပါအဝင် ဘဝမှာ ကြုံတွေ့ရတဲ့ ကြီးမားပြင်းထန်တဲ့ ဆုံးရှုံးမှု, စိတ်ပိုင်းဆိုင်ရာ, လူမှုရေးပြဿနာများ, အရက်နှင့်မူးယစ်ဆေးဝါးအလွန်အကျွံသုံးစွဲမှု စတဲ့ အကြောင်းအရင်းများစွာကြောင့်ဖြစ်နိုင်ပါတယ်။ သို့သော် ကိုယ့်ရဲ့ မိသားစုဝင်တစ်ဦးဦးက Bipolar ရှိလို့ ကိုယ်လည်း ကျိန်းသေ Bipolar ဖြစ်မယ်လို့ ယူဆလို့တော့မရပါဘူး။
How common is Bipolar?
Bipolar က အသက်အရွယ်,ကျားမမရွေး ဖြစ်တတ်ပါတယ်။ များသောအားဖြင့် ဆယ်ကျော်သက်နှောင်းပိုင်း နှင့် လူငယ်အရွယ်အစ ( 18 – 25 နှစ် ဝန်းကျင်မှာ ) ဖြစ်ပေါ်တတ်ပါတယ်။ အချို့ကလေးငယ်အရွယ်တွေမှာလည်း ဖြစ်တတ်ပြီး လူကြီးတွေမှာပြတဲ့ လက္ခဏာတွေနဲ့ ကွာခြားမှုတွေလည်း ရှိပါတယ်။ အချို့ အသက် 40-50 ဝန်းကျင်မှ Bipolar ဖြစ်တာလည်းရှိတတ်ပါတယ်။
How to Support Someone with Bipolar Disorder
Bipolar ကို သင့်တော်မှန်ကန်တဲ့ နည်းလမ်းများနှင့် ကိုယ်တွယ်လို့ရပါတယ်။ မိသားစုဝင်တွေအနေနဲ့ –
- အပြစ်တင်ဝေဖန်တာမျိုး မလုပ်ဘဲ နွေးထွေးစာနာမှု နဲ့ အတူရှိပေးလို့ရပါတယ်။
- သက်ဆိုင်ရာ စိတ်ကျန်းမာရေးပညာရေးရှင်များနှင့် ပုံမှန် ဆွေးနွေး ပြသဖို့ ကူညီပေးနိုင်ပါတယ်။
- နေ့စဉ် အစားအသောက်,အနေအထိုင် ပုံမှန်ဖြစ်ဖို့ကို ဘေးကနေ ကူညီအားပေးလို့ရပါတယ်။
- ဆူညံမှု, အနှောက်အယှက်ကင်းပြီး တည်ငြိမ်အေးချမ်းတဲ့ ပတ်ဝန်းကျင်ဖြစ်အောင် ထိန်းသိမ်းပေးပါ။
ဒါ့အပြင် ကိုယ်တိုင် Bipolar ရှိတဲ့အခါ –
- ကိုယ့်ရဲ့ လက္ခဏာအခြေအနေတွေကို ကိုယ်တိုင် သတိပြုမှတ်သားစောင့်ကြည့်ပါ။
- ပုံမှန် ဆွေးနွေးကုသမှုခံယူခြင်းရှိဖို့လိုအပ်ပါတယ်။ ဆရာဝန်ညွှန်ကြားချက်အတိုင်း လိုအပ်တဲ့ ဆေးဝါးသောက်သုံးခြင်းများ ပြုလုပ်ပါ။
- နေ့စဉ် အိပ်ချိန်၊ စားချိန်ကို မှန်ကန်အောင် လုပ်ပါ (အထူးသဖြင့် အိပ်ရေးဝဝ အိပ်ပါ)။
- အရက်၊ မူးယစ်ဆေးနှင့် ကဖိန်းဓာတ် လွန်ကဲစွာ သုံးစွဲခြင်းကို ရှောင်ပါ။
Bipolar Disorder ဖြစ်ခြင်းက စိန်ခေါ်မှုတွေရှိနိုင်ပေမဲ့, ကိုယ်တိုင် ဒီအခြေအနေကို ဖြတ်သန်းနေရသူဖြစ်စေ၊ ကိုယ်ချစ်ခင်ရသူတစ်ယောက်ကို ပံ့ပိုးပေးနေသူဖြစ်စေ နားလည်မှု၊ သင့်လျော်တဲ့ကုသမှုနဲ့ အားပေးကူညီမှုတွေက အရေးကြီးပါတယ်… 💚
စိတ်ပိုင်းဆိုင်ရာ အခြေအနေများကို ဆွေးနွေးတိုင်ပင်မှု လိုအပ်ပါက Mental Playground မှာရှိတဲ့ Psychiatrist / Counselors / Therapist များနှင့် Online မှတစ်ဆင့် ဆွေးနွေးနိုင်ပါတယ်။
Disclaimer: This content is for general mental health education and awareness only, not for diagnosis or treatment. Everyone’s experiences are different, and similar symptoms may have different causes. If you or someone you know is experiencing ongoing emotional distress or difficulties with daily life, consider seeking support from an appropriate mental health professional.






