ဘဝမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်ရပြီး စိတ်ပင်ပန်းရလို့ " ဘာဆက်လုပ်ရမလဲ" ဆိုတာကို တစ်ယောက်ယောက်ကရောက်လာပြီး အဖြေတစ်ခုခု ပြောပြပေးလိုက်ရင် ကောင်းမယ်လို့ တွေးဖူးကြမှာပါ … အိမ်ထောင်ရေး/လူမှုရေးပြဿနာ၊ အနာဂတ်လမ်းပျောက်ခြင်း နဲ့ ကိုယ်တိုင်နားမလည်နိုင်တဲ့ စိတ်ခံစားချက်တွေ ခဏခဏ ပေါ်လာတဲ့အခါတွေမှာ ကိုယ့်ရဲ့ မိတ်ဆွေ၊ မိသားစု၊ စာအုပ်စာပေ၊ social media တွေအပြင် နောက်ဆုံး AI, chat bot တွေဆီက အဖြေရှာဖို့ ကြိုးစားကြသလို တစ်ချို့ကလည်း Counselling ရယူဖို့ စဉ်းစားကြပါတယ်။ ဒီနေရာမှာ စဉ်းစားစရာတစ်ခု က “ Counseling က ကိုယ့်ရဲ့ ပြဿနာအဝဝ ကို အလုံးစုံ ပြေလည်အောင် ဖြေရှင်းပေးနိုင်မှာလား ” ဆိုတာ ပါပဲ… တကယ်တော့ Counselling …
ဘဝမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်ရပြီး စိတ်ပင်ပန်းရလို့ ” ဘာဆက်လုပ်ရမလဲ” ဆိုတာကို တစ်ယောက်ယောက်ကရောက်လာပြီး အဖြေတစ်ခုခု ပြောပြပေးလိုက်ရင် ကောင်းမယ်လို့ တွေးဖူးကြမှာပါ …
အိမ်ထောင်ရေး/လူမှုရေးပြဿနာ၊ အနာဂတ်လမ်းပျောက်ခြင်း နဲ့ ကိုယ်တိုင်နားမလည်နိုင်တဲ့ စိတ်ခံစားချက်တွေ ခဏခဏ ပေါ်လာတဲ့အခါတွေမှာ ကိုယ့်ရဲ့ မိတ်ဆွေ၊ မိသားစု၊ စာအုပ်စာပေ၊ social media တွေအပြင် နောက်ဆုံး AI, chat bot တွေဆီက အဖြေရှာဖို့ ကြိုးစားကြသလို တစ်ချို့ကလည်း Counselling ရယူဖို့ စဉ်းစားကြပါတယ်။
ဒီနေရာမှာ စဉ်းစားစရာတစ်ခု က “ Counseling က ကိုယ့်ရဲ့ ပြဿနာအဝဝ ကို အလုံးစုံ ပြေလည်အောင် ဖြေရှင်းပေးနိုင်မှာလား ” ဆိုတာ ပါပဲ…
တကယ်တော့ Counselling ဆိုတာ ကိုယ့်ကို ” Fix ” လုပ်ဖို့ မဟုတ်ပါဘူး..
Counselling ယူတယ်လို့ ပြောတဲ့အခါမှာ Counselor လုပ်တဲ့သူက “ ကိုယ့်ကို ဒါတွေလုပ်, ဒါတွေမလုပ်နဲ့ ဆိုပြီး ညွှန်ကြားချက်တွေပေးမယ်, ကိုယ့်ရဲ့ ကိုယ်စား ပြဿနာတွေကို ဖြေရှင်းပေးလိမ့်မယ်… စိတ်ညစ်နေတဲ့ ခံစားချက်တွေကို ချက်ချင်းပြေပျောက်အောင်…လုပ်ပေးမယ်လို့ ထင်ကြတာလည်း ရှိပါတယ်…
ဒါပေမဲ့ Counselling ရဲ့ အလုပ်လုပ်ပုံက အဲဒီလို မဟုတ်ပါဘူး။ Counselling ဆိုတာ ကိုယ့်ရဲ့ စိတ်ခံစားချက်တွေကို ပွင့်ပွင့်လင်းလင်း ဖွင့်ဟ ပြောဆိုနိုင်ဖို့, ကိုယ်တိုင်ရဲ့ အတွေး,ခံစားချက် တွေကို အချိန်ပေး, နားလည်မှုယူပြီး, ကိုယ့် behavior patterns တွေကို သတိပြုမိစေဖို့အတွက် “ Safe and Supportive ” ရပ်ဝန်းတစ်ခု ကို ပံ့ပိုးပေးတာဖြစ်ပါတယ်..
Counselor က အဖြေတွေ ထုတ်ပေး, ဖြေရှင်းနည်းတွေ ပြောပြတာထက် , Client ကိုယ်တိုင် ရည်မှန်းတဲ့ Goals တွေရောက်အောင် သွားနိုင်ဖို့ Counselor က အတူရှိနေပေးပြီး လိုအပ်တဲ့ ဖေးမမှုပေးတဲ့ Process တစ်ခု ဖြစ်ပါတယ်။
Counselling ယူတဲ့အခါ ဘယ်လိုအကျိုးကျေးဇူးရလဲ ?
လူတစ်ယောက်ချင်းစီရဲ့ တွေ့ကြုံမှု, ခံစားမှုအတိမ်အနက်တွေပေါ် မူတည်ပြီး အကျိုးရလဒ်တွေ ကွဲပြားနိုင်ပေမယ့် ယေဘုယျအားဖြင့် Counselling ယူတဲ့အခါ –
- ကိုယ့်ရဲ့ စိတ်ခံစားချက်နှင့်အတွေးတွေကို ပိုမိုနားလည်လာခြင်း
ကိုယ် ကိုင်စွဲထားတဲ့ အယူစွဲတွေ, စိုးရိမ်ကြောက်ရွံ့မှု နဲ့ ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်တွေကနေ ကျန်ခဲ့တဲ့ စိတ်ခံစားချက်ဒဏ်ရာတွေက လက်ရှိဘဝကို ဘယ်လိုလွှမ်းမိုးနေလဲ ..ဆိုတာကို ပြန်လည်ဆန်းစစ်နိုင်မယ်…
သက်တောင့်သက်သာမဖြစ်တဲ့ ခံစားချက်,အတွေးတွေ ဝင်လာတာနဲ့ “ အတင်းဖျောက်ပစ်လိုက်တာ ဒါမှမဟုတ် “ ကိုယ့်ကိုယ်ကိုယ်ပဲ အပြစ်တင်ပြောဆိုနေမယ့် ” အစား “ ခံစားချက်တွေကို ဂရုတစိုက်နားထောင်ပြီး နားလည်ဖို့ ”ကြိုးစားနိုင်မယ်။ - တူညီသော အပြုအမူ (Patterns) များကို သတိပြုမိခြင်း
တစ်ခါတလေ ကိုယ်တိုင်က မကောင်းမှန်းသိနေပေမယ့်လည်း အမြဲတူညီတဲ့ တုံ့ပြန်မှု, အပြုအမူတွေကို ခဏခဏ ပြုလုပ်နေမိတာ, လူမှုဆက်ဆံရေးမှာ ဆင်တူတဲ့ အခက်ခဲပြဿနာတွေ ကြုံတွေ့ရတဲ့အခါမှာလည်း Counselling ယူပြီး ကိုယ့်ရဲ့ အပြုမူတွေ, တုံ့ပြန်မှု Patterns တွေကို ဆန်းစစ်ကာ ပိုကောင်းတဲ့ ရွေးချယ်တုံ့ပြန်မှုတွေ လုပ်နိုင်ဖို့ ကြိုးစားနိုင်ပါတယ်…. - ပိုကောင်းမွန်တဲ့ ရွေးချယ်မှု, အခွင့်အရေးလမ်းစများကို ရှာဖွေနိုင်ခြင်း
ဘဝမှာ လမ်းစပျောက်, ပိတ်မိနေတယ်လို့ ခံစားရတဲ့အခါ မိမိကို နားထောင်ပေးပြီး စဉ်းစားစရာ မေးခွန်းကောင်းတွေ မေးပေးမယ့်သူ ရှိနေခြင်းက အမြင်သစ်တွေကို မြင်လာစေပြီး ရှေ့ဆက်ရမယ့် လမ်းကြောင်းအသစ်တွေကို စဉ်းစားနိုင်စေပါတယ်။
ဒါဆိုရင် Counselling က ကိုယ့်ရဲ့ ပြဿနာတိုင်းကို ဖြေရှင်းပေးနိုင်မှာလား…
Counselling က ကိုယ့်ဘဝရဲ့ ကြုံလာသမျှ ပြဿနာတိုင်းကို အလုံးစုံပြေလည်အောင် ဖြေရှင်းပေးမယ်လို့ ပြောလို့မရပါဘူး….ဘာကြောင့်လဲဆိုတော့ လူတစ်ဦးချင်းစီမှာ ကြုံတွေ့ရတဲ့ စိန်ခေါ်မှု,အခက်အခဲတွေဟာ တစ်ခါတလေ ကိုယ်တိုင် ထိန်းချုပ်လို့မရတဲ့ ပြင်ပအခြေအနေတွေ (ဥပမာ – ပတ်ဝန်းကျင်၊ ဆက်ဆံရေး၊ စီးပွားရေး/ငွေကြေး ဖိအားများ သို့မဟုတ် ဘဝအနိမ့်အမြင့် လောကဓံတွေ) နဲ့ ဆက်စပ်နေတတ်ပါတယ်။
ဒါကြောင့် Counselling က ကိုယ်ကြုံတွေ့ရတဲ့အရာအားလုံးကို ပြောင်းပြန်လှန်သလို ပြောင်းလဲပေးနိုင်မှာမဟုတ်သလို, ခံစားရတဲ့ နာကျင်ဝမ်းနည်းမှု, ကြောက်ရွံ့မှု စတဲ့ ခက်ခဲတဲ့ ခံစားချက်တွေကိုလည်း လုံးဝ မရှိတော့သလို, မခံစားရအောင်လည်း လုပ်ပေးနိုင်မှာ မဟုတ်ပါဘူး။
အဲဒီအစား Counseling က လူတစ်ဦးတစ်ယောက်ချင်းစီအတွက် မတူကွဲပြားတဲ့ ရည်မှန်းချက်, Goals တွေအပေါ် မူတည်ပြီး ကိုယ့်ကိုကိုယ် ရှင်းလင်းစွာသိနိုင်ဖို့, အခက်ခဲတွေကို အပြုသဘောဆောင်တဲ့ နည်းလမ်းတွေနဲ့ ရင်ဆိုင်ကျော်လွှားနိုင်ဖို့, အတူရှိနေပေးပြီး ဝေဖန်မှုမပါဘဲ စာနာနားလည်မှု နှင့် နားထောင်ခြင်း, သင့်တော်မှန်ကန်တဲ့ coping mechanism တွေကို သင်ယူနိုင်အောင် ကူညီဖေးမပေးနိုင်ပါတယ်။
Counseling ဆိုတာ Process တစ်ခုဖြစ်သလို လူတစ်ဦးနှင့် တစ်ဦး မတူညီကွဲပြားကြတဲ့အတွက်, ကိုယ်ရဲ့ အားစိုက်ထုတ်မှုပေါ်မူတည်ပြီး တစ်ယောက်နဲ့တစ်ယောက် တိုးတက်ပြောင်းလဲမှု (Progress) ကလည်း အရှိန်မတူညီတာလည်း ဖြစ်နိုင်ပါတယ်…
ဘယ်လိုအချိန်မျိုးမှာ Counselling ကို စတင်ကြည့်သင့်လဲ…
Counselling ရယူဖို့က အခက်ခဲတွေကြား လုံးဝအဆင်မပြေတော့ဘူး ဆိုတဲ့ အခြေအနေတစ်ခုရောက်မှ စရမယ်မဟုတ်ဘဲ
- စိတ်ဖိစီးမှုတွေ များနေပြီး စိတ်ချလက်ချ ရင်ဖွင့်စကားပြောဖို့ Safe space လိုအပ်နေတဲ့အခါ
- ကိုယ့်ရဲ့ behavior patterns တွေကို ကိုယ်တိုင်နားလည်ချင်တဲ့အခါ
- Life transitions ( သို့ ) မိသားစု, အလုပ်, လူမှုရေး, စီးပွားရေး အခက်ခဲတွေကြုံတဲ့အခါ
- မိမိ၏ စိတ်ခံစားချက်များကို နားလည်ပြီး အပြုသဘောဆောင်စွာဖြေရှင်းချင်တဲ့အခါ ကိုယ့်ရဲ့ Counseling Journey ကို စတင်နိုင်ပါတယ်…
ကိုယ်တိုင်က ကိုယ်သွားချင်တဲ့ Goals အပေါ်မူတည်ပြီး ကိုယ်သိချင်တဲ့ မေးခွန်းတွေမေးခွင့်ရှိသလို ကိုယ်နဲ့ သင့်တော်တဲ့ Counselor ကို ကိုယ်တိုင်ရွေးချယ်နိုင်ခွင့်လည်းရှိပါတယ်…
Mental Playground အနေနဲ့ လူတိုင်းမှာ မတူကွဲပြားတဲ့ Journey, story, background တွေ ရှိတယ်လို့ လက်ခံယုံကြည်ထားပြီး မတူကွဲပြားမှုတွေကိုလည်း တန်ဖိုးထားပါတယ်။ လက်ရှိဝန်ဆောင်မှုပေးတဲ့ Counselling၊ Coaching နှင့် free / paid mental wellbeing programs တွေကတစ်ဆင့် လူတိုင်းရဲ့ Self-awareness, self-discovery အတွက် Safe space ကို ဖန်တီးပေးလျက်ရှိပါတယ်…
Follow and stay connected with us ♥️
YouTube Channel – https://youtube.com/@mplayground-j23?si=YjR2mXOdMqhsseUo
Telegram Channel – https://t.me/mentalplaygroundmyanmar
Tik Tok – https://www.tiktok.com/@mentalplaygroundmm…
LinkedIn – https://www.linkedin.com/company/mental-playground/
Facebook – https://www.facebook.com/share/16QmZujWGA/






