မအေးမြတ်မွန်ဟာ ၁၀နှစ်ကျော်ကြာ ကိုယ်ပိုင်စီးပွားရေးလုပ်ကိုင်နေရာမှ Psychology & Counselling လမ်းကြောင်းပေါ်ကို ရောက်လာခဲ့ပြီး Career ပြောင်းခဲ့တာပဲ ဖြစ်ပါတယ်။
သူမကိုယ်တိုင် ဘဝမှာ လမ်းပျောက်ခဲ့တဲ့ အချိန်တွေမှာ Counselling ရဲ့ အကူအညီနဲ့ မိမိကိုယ်ကို ပြန်လည်တည်ဆောက်နိုင်ခဲ့တဲ့အတွက် အများကိုလည်း ပြန်လည်ကူညီချင်တဲ့စိတ်နဲ့ကိုယ်တိုင် Counselling ပညာရပ်ကို လေ့လာခဲ့တာဖြစ်ပါတယ်။
2020 မှစပြီး စိတ်ကျန်းမာရေးနှင့်ပတ်သက်သော အဖွဲ့အစည်းများမှပြုလုပ်သော Workshop နှင့် Training များ တွင် Volunteer/Facilitator အဖြစ် ပါဝင်ဆောင်ရွက်ပေးခဲ့ပါတယ်။ 2023 တွင် Professional Counsellor တစ်ဦးအဖြစ် Counselling Corner တွင် တစ်နှစ်ခွဲကြာ လုပ်ကိုင်ခဲ့ပြီး တစ်ဦးချင်းစီအတွက် ဆွေးနွေးမှုများ ပြုလုပ်ပေးခြင်း၊ စိတ်ကျန်းမာရေးနှင့် ပတ်သက်သော အသိပညာများကို ဝေမျှပေးခြင်း၊ အဖွဲ့အစည်းများအတွက် Workshop နှင့် Training များ ဦးဆောင်ပြီး ဆောင်ရွက်ပေးခဲ့ပါတယ်။
Individual Counselling အပြင် Emotional Well-Being Workshops, Creative Workshops နှင့် Psychosocial Support Trainings ပေါင်းများစွာကို ဦးဆောင်ခဲ့တဲ့ အတွေ့အကြုံများစွာရှိတဲ့ Counsellor တစ်ဦးဖြစ်ပါတယ်။
Ma Aye Myat Mon is a dedicated counsellor who transitioned into the field of Psychology and Counselling after more than 10 years of experience as a business owner. Inspired by her own healing journey—where counselling helped her rebuild herself during difficult times—she decided to pursue this path to support others in their personal growth and well-being.
Since 2020, she has served as a Volunteer and Facilitator in mental health–related workshops and trainings. From 2023 onwards, she worked as a Professional Counsellor for one and a half year at Counselling Corner, providing one-on-one sessions, delivering psychoeducation, and facilitating group workshops and trainings for organizations.
She has extensive experience leading Emotional Well-Being Workshops, Creative Workshops, and Psychosocial Support Trainings.
Specialties: Relationships, Trauma, Anxiety, Depression, Loss & Grief, Workplace Stress, Domestic Violence.
